ဒိုလေးက မနာလိုသူလို့ လာမန့်တဲ့အပေါ် ပြန်တုံ့ပြန်လိုက်တဲ့ ဝိန်းရွန်းနီ

မန်ယူဂန္ထဝင်ဟောင်းဝိန်းရွန်နီက Instagram မှာ သူ့ကို စီရော်နယ်ဒိုက

သူ့ကို မနာလိုသူလို့ လာမန့်တာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ

ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ သူဟာ Sky Sports က Monday Night Football

အစီအစဉ်မှာ ၃၇ နှစ်အရွယ် အဲဒီပေါ်တူဂီသားကို ပြန်ခေါ်တာဟာ

မန်ယူအနေနဲ့ အမှားတစ်ခုလုပ်ခဲ့တဲ့သဘောပြောခဲ့တာပါ။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ၁၈ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးထားပေမယ့်

ဝေဖန်မှုတွေနဲ့ မလွတ်ကင်းခဲ့ပါဘူး။ ရွန်နီက စီရော်နယ်ဒိုရဲ့ဂိုးသွင်းခြေကို

ချီးကျူးခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ ပိုပြီးငယ်ရွယ်၊ ပိုပြီးဆာလောင်တဲ့

ကစားသမားတွေကို လိုအပ်တယ်လို့ ဝေဖန်အကြံပြုခဲ့ပါတယ်။

ဒါကြောင့်လည်း ရွန်နီက သူပါဝင်ခဲ့တဲ့ Sky Sports က အစီအစဉ်ကို

သူ့ Instagram မှာ ပို့စ်တင်တော့ စီရော်နယ်ဒိုက မနာလိုသူလို့ ဝင်မန့်ခဲ့တာပါ။

တစ်ချိန်က မန်ယူတိုက်စစ်မှာ အတွဲညီခဲ့ကြသူတွေဆိုတော့ စီရော်နယ်ဒိုဟာ

နောက်ပြောင်ခဲ့တာဖြစ်ဖွယ်ရှိပါတယ်။ အခုတော့ ရွန်နီကလည်း

စီရော်နယ်ဒိုအခုလို မန့်တာကို ထိထိမိမိပြန်လည်တုံ့ပြန်ခဲ့ကာ မက်ဆီကလွဲရင်

ကစားသမားတိုင်းက ခရစ္စတီယာနိုကို မနာလိုကြမှာလို့ ဆိုခဲ့တာပါ။

”ကမ္ဘာပေါ်မှာ စီရော်နယ်ဒိုကို မနာလိုမရှိတဲ့ကစားသမား မရှိဘူးလို့ ပြောနိုင်ပါတယ်။

သူဖြတ်သန်းခဲ့တဲ့ကစားသမားဘဝ၊ သူရရှိခဲ့တဲ့ဆုဖလားတွေ၊ သူရခဲ့တဲ့ငွေကြေး၊

သူ့ရဲ့ခန္ဓာကိုယ်ကြွက်သားတွေကိုကြည့်လေ။ မက်ဆီကလွဲရင် ကစားသမားတိုင်းက

သူ့ကို မနာလိုကြမယ်လို့ ထင်ပါတယ်”လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ ရှားရှားပါးပါးအဖြစ် သူ့ကစားသမားဘဝရဲ့

ဖလားလက်မဲ့ရာသီတစ်ခုကို အဆုံးသတ်ရတော့မှာပါ။

zawgyi

ဒိုေလးက မနာလိုသူလို႔ လာမန္႔တဲ့အေပၚ ျပန္တုံ႔ျပန္လိုက္တဲ့ ဝိန္း႐ြန္းနီ

မန္ယူဂႏၴဝင္ေဟာင္းဝိန္း႐ြန္နီက Instagram မွာ သူ႔ကို စီေရာ္နယ္ဒိုက

သူ႔ကို မနာလိုသူလို႔ လာမန႔္တာနဲ႔ပတ္သက္လို႔ သတင္းစာရွင္းလင္းပြဲမွာ

ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။ သူဟာ Sky Sports က Monday Night Football

အစီအစဥ္မွာ ၃၇ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီသားကို ျပန္ေခၚတာဟာ

မန္ယူအေနနဲ႔ အမွားတစ္ခုလုပ္ခဲ့တဲ့သေဘာေျပာခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ဒီရာသီမွာ ၁၈ ဂိုးသြင္းၿပီး ၃ ဂိုးဖန္တီးေပးထားေပမယ့္

ေဝဖန္မႈေတြနဲ႔ မလြတ္ကင္းခဲ့ပါဘူး။ ႐ြန္နီက စီေရာ္နယ္ဒိုရဲ႕ဂိုးသြင္းေျခကို

ခ်ီးက်ဴးခဲ့ေပမယ့္ ယူႏိုက္တက္အေနနဲ႔ ပိုၿပီးငယ္႐ြယ္၊ ပိုၿပီးဆာေလာင္တဲ့

ကစားသမားေတြကို လိုအပ္တယ္လို႔ ေဝဖန္အႀကံျပဳခဲ့ပါတယ္။

ဒါေၾကာင့္လည္း ႐ြန္နီက သူပါဝင္ခဲ့တဲ့ Sky Sports က အစီအစဥ္ကို

သူ႔ Instagram မွာ ပို႔စ္တင္ေတာ့ စီေရာ္နယ္ဒိုက မနာလိုသူလို႔ ဝင္မန႔္ခဲ့တာပါ။

တစ္ခ်ိန္က မန္ယူတိုက္စစ္မွာ အတြဲညီခဲ့ၾကသူေတြဆိုေတာ့ စီေရာ္နယ္ဒိုဟာ

ေနာက္ေျပာင္ခဲ့တာျဖစ္ဖြယ္ရွိပါတယ္။ အခုေတာ့ ႐ြန္နီကလည္း

စီေရာ္နယ္ဒိုအခုလို မန႔္တာကို ထိထိမိမိျပန္လည္တုံ႔ျပန္ခဲ့ကာ မက္ဆီကလြဲရင္

ကစားသမားတိုင္းက ခရစၥတီယာႏိုကို မနာလိုၾကမွာလို႔ ဆိုခဲ့တာပါ။

”ကမာၻေပၚမွာ စီေရာ္နယ္ဒိုကို မနာလိုမရွိတဲ့ကစားသမား မရွိဘူးလို႔ ေျပာႏိုင္ပါတယ္။

သူျဖတ္သန္းခဲ့တဲ့ကစားသမားဘဝ၊ သူရရွိခဲ့တဲ့ဆုဖလားေတြ၊ သူရခဲ့တဲ့ေငြေၾကး၊

သူ႔ရဲ႕ခႏၶာကိုယ္ႂကြက္သားေတြကိုၾကည့္ေလ။ မက္ဆီကလြဲရင္ ကစားသမားတိုင္းက

သူ႔ကို မနာလိုၾကမယ္လို႔ ထင္ပါတယ္”လို႔ ႐ြန္နီက ေျပာၾကားခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ ရွားရွားပါးပါးအျဖစ္ သူ႔ကစားသမားဘဝရဲ႕

ဖလားလက္မဲ့ရာသီတစ္ခုကို အဆုံးသတ္ရေတာ့မွာပါ။