ဒိုင်ဘာလာရဲ့ကျောနံပါတ် ၁၀ ကိုရွေးမလား နံပါတ် ၆ ပြန်ဝတ်မလား ပေါ့ဘာ

တူရင်ကိုဆေးစစ်ဖို့ရောက်လာတဲ့ ပေါ့ဘာကို ဂျူဗင်တပ်ပရိသတ်တွေ ကြိုဆိုကြပုံက သောင်းသောင်းဖျဖျပါပဲ။ ပြင်သစ်ကွင်းလယ်လူဟာ သူတို့အတွက် သူရဲကောင်းဖြစ်နေဆဲဆိုတာ မြင်သာပါတယ်။

ပေါ့ဘာကလည်း မန်ယူကို ပေါင် ၈၉ သန်းနဲ့ ပြန်လည်မပြောင်းရွှေ့ခင် အီတလီမှာ စကူဒက်တိုဖလား နှစ်တိုင်းရအောင် ကူညီပေးနိုင်ခဲ့သူလေ။

ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာလာတဲ့ ပေါ့ဘာကို အိမ်ပြန်လာသူတစ်ဦးလို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာပါ။ အဆင်မပြေမှုတွေများခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ် ၆ နှစ်တာကာလကို

ပြင်သစ်သားကိုယ်တိုင်လည်း နာကျည်းသွားပုံရပါတယ်။ တူူရင်ကိုအလာခရီးတုန်းက သီးသန့်လေယာဉ်ပေါ်မှာ အချိန်တန်ပြီလို့ ခံစားချက်အပြည့်နဲ့ပြောခဲ့ပါသေးတယ်။

ဒါကြောင့်လည်း တစ်နှစ်လစာ ပေါင် ၁၄ သန်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မန်ယူရဲ့ကမ်းလှမ်းမှုကိုငြင်းဆန်ပြီး ပေါင် ၈ သန်းပဲရမယ့် ဂျူဗင်တပ်ကို ရွေးချယ်ခဲ့တာဖြစ်ပါလိမ့်မယ်။

လာရောက်ကြိုဆိုခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း သူအရမ်းဝမ်းသာတဲ့အကြောင်း ပေါ့ဘာ ဖွင့်ဟသွားခဲ့ပါတယ်။ ဂျူဗင်တပ်ပရိသတ်တွေ စိတ်ဝင်စားနေကြတာကတော့

သူ ဘယ်နံပါတ်ဝတ်ပြီးကစားမလဲဆိုတာပါ။ သောကြာနေ့က ဂျာစီနံပါတ်တွေကြေညာတော့ အသင်းကနေထွက်ခွာသွားတဲ့ ဒိုင်ဘာလာရဲ့နံပါတ် ၁၀ လွတ်နေတာကို သူတို့သတိပြုမိခဲ့ကြသလို ပေါ့ဘာကို

ဒီနံပါတ်ဝတ်စေချင်နေကြပါတယ်။ ဒါပေမဲ့ မန်ယူကိုမသွားခင် နောက်ဆုံးရာသီမှာဝတ်ခဲ့တဲ့ ကျောနံပါတ် ၆ ကိုပဲ ပြန်လည်ရွေးချယ်မလားဆိုတာ မသေချာသေးပါဘူး။ ဒီနံပါတ်ကို လောလောဆယ်ဝတ်နေတာက ဒန်နီလိုပါ။

(zawgyi)

တူရင္ကိုေဆးစစ္ဖို႔ေရာက္လာတဲ့ ေပါ့ဘာကို ဂ်ဴဗင္တပ္ပရိသတ္ေတြ ႀကိဳဆိုၾကပုံက ေသာင္းေသာင္းဖ်ဖ်ပါပဲ။ ျပင္သစ္ကြင္းလယ္လူဟာ သူတို႔အတြက္ သူရဲေကာင္းျဖစ္ေနဆဲဆိုတာ ျမင္သာပါတယ္။

ေပါ့ဘာကလည္း မန္ယူကို ေပါင္ ၈၉ သန္းနဲ႔ ျပန္လည္မေျပာင္းေ႐ႊ႕ခင္ အီတလီမွာ စကူဒက္တိုဖလား ႏွစ္တိုင္းရေအာင္ ကူညီေပးႏိုင္ခဲ့သူေလ။ ဒါေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာလာတဲ့ ေပါ့ဘာကို

အိမ္ျပန္လာသူတစ္ဦးလို ေႏြးေႏြးေထြးေထြး ႀကိဳဆိုခဲ့ၾကတာပါ။ အဆင္မေျပမႈေတြမ်ားခဲ့တဲ့ အိုးလ္ထရက္ဖို႔ဒ္ ၆ ႏွစ္တာကာလကို ျပင္သစ္သားကိုယ္တိုင္လည္း နာက်ည္းသြားပုံရပါတယ္။

တူူရင္ကိုအလာခရီးတုန္းက သီးသန႔္ေလယာဥ္ေပၚမွာ အခ်ိန္တန္ၿပီလို႔ ခံစားခ်က္အျပည့္နဲ႔ေျပာခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း တစ္ႏွစ္လစာ ေပါင္ ၁၄ သန္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔

မန္ယူရဲ႕ကမ္းလွမ္းမႈကိုျငင္းဆန္ၿပီး ေပါင္ ၈ သန္းပဲရမယ့္ ဂ်ဴဗင္တပ္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါလိမ့္မယ္။ လာေရာက္ႀကိဳဆိုခဲ့ၾကတဲ့ ပရိသတ္ေတြကိုလည္း သူအရမ္းဝမ္းသာတဲ့အေၾကာင္း ေပါ့ဘာ ဖြင့္ဟသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ပရိသတ္ေတြ စိတ္ဝင္စားေနၾကတာကေတာ့ သူ ဘယ္နံပါတ္ဝတ္ၿပီးကစားမလဲဆိုတာပါ။ ေသာၾကာေန႔က ဂ်ာစီနံပါတ္ေတြေၾကညာေတာ့ အသင္းကေနထြက္ခြာသြားတဲ့ ဒိုင္ဘာလာရဲ႕နံပါတ္ ၁၀ လြတ္ေနတာကို သူတို႔သတိျပဳမိခဲ့ၾကသလို

ေပါ့ဘာကို ဒီနံပါတ္ဝတ္ေစခ်င္ေနၾကပါတယ္။ ဒါေပမဲ့ မန္ယူကိုမသြားခင္ ေနာက္ဆုံးရာသီမွာဝတ္ခဲ့တဲ့ ေက်ာနံပါတ္ ၆ ကိုပဲ ျပန္လည္ေ႐ြးခ်ယ္မလားဆိုတာ မေသခ်ာေသးပါဘူး။ ဒီနံပါတ္ကို ေလာေလာဆယ္ဝတ္ေနတာက ဒန္နီလိုပါ။