





ဒါဘီကောင်တီအသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်း
ဝိန်းရွန်းနီဟာ ပြီးခဲ့တဲ့ ဆွမ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွင်





ကွင်းလယ်ဒိုင်လူကြီးအား ပြင်းထန်တဲ့ ဝေဖန်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ဒါဘီအသင်းဟာ အမှတ်တွေ လျှော့ခံခဲ့ရတာကြောင့် တန်းမဆင်းရေးအတွက်
အသေအကြေတိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒါဘီအသင်းက





ဆွမ်ဆီးအသင်းကို ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်အချို့ကြောင့် ၂ ဂိုး ၁ ဂိုးနဲ့
ရှုံးနိမ့်ခဲ့ရပါတယ်။ အဲဒီကိစ္စကို ဝိန်းရွန်းနီက မကျေနပ်တဲ့အတွက် အင်္ဂလန်





ဘောလုံးအဖွဲ့ချုပ် FA အနေနဲ့ ဆွမ်ဆီးနဲ့ ဒါဘီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးအား
ပွဲကိုင်တွယ်ခွင့် ပိတ်ပေးဖို့ ပွဲအပြီးမှာ ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။
“ဒီကွင်းထဲ ကြည့်ရှုနေတဲ့သူအားလုံးက ပင်နယ်တီဖြစ်သင့်တာကို အားလုံး လက်ခံပါတယ်။





ဆွမ်ဆီးအသင်းနည်းပြ၊ ကစားသမား၊ ဝန်ထမ်း၊ ပရိသတ်တွေအားလုံးနဲ့
ဒါဘီအသင်းဘက်ကလူတွေအားလုံးလည်း ဒီဖြစ်ရပ်ကို မြင်ခဲ့ကြတာ ဖြစ်ပြီး





ဒါက ပင်နယ်တီဆိုတာ ရှင်းပါတယ်။ ဒိုင်လူကြီးတွေက လွဲလို့ပေါ့။”
“ကျွန်တော်ကတော့ ဒီပွဲမှာ ကိုင်တွယ်တဲ့ ဒိုင်လူကြီးကို FA က ပွဲကိုင်တွယ်ခွင့်
ပိတ်ပင်လိုက်ပြီး ဒဏ်ကြေးငွေဆောင်ခိုင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့





ရွန်းနီက ပြောပါတယ်။ ဒါပေမယ့် အပြောကြောင့် ရွန်းနီ တိုင်ပတ်ပါပြီ။
အခုဆိုရင် ကွင်းလယ်ဒိုင်လူကြီးမဟုတ်ဘဲ ရွန်းနီ တစ်ယောက် FA ရဲ့





အရေးယူခံရမှုကို ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
zawgyi
ဒိုင္ကို အျပစ္ေျပာလို႔ အေရးယူခံရဖြယ္ရွိတဲ့ ႐ြန္းနီ





ဒါဘီေကာင္တီအသင္းကို ကိုင္တြယ္ေနတဲ့ ယူႏိုက္တက္ကစားသမားေဟာင္း
ဝိန္း႐ြန္းနီဟာ ၿပီးခဲ့တဲ့ ဆြမ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လိဂ္ပြဲစဥ္တြင္





ကြင္းလယ္ဒိုင္လူႀကီးအား ျပင္းထန္တဲ့ ေဝဖန္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။
ဒါဘီအသင္းဟာ အမွတ္ေတြ ေလွ်ာ့ခံခဲ့ရတာေၾကာင့္ တန္းမဆင္းေရးအတြက္
အေသအေၾကတိုက္ပြဲဝင္ေနရတာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ဒါဘီအသင္းက





ဆြမ္ဆီးအသင္းကို ဒိုင္လူႀကီးရဲ႕ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္အခ်ိဳ႕ေၾကာင့္ ၂ ဂိုး ၁ ဂိုးနဲ႔
ရႈံးနိမ့္ခဲ့ရပါတယ္။ အဲဒီကိစၥကို ဝိန္း႐ြန္းနီက မေက်နပ္တဲ့အတြက္ အဂၤလန္





ေဘာလုံးအဖြဲ႕ခ်ဳပ္ FA အေနနဲ႔ ဆြမ္ဆီးနဲ႔ ဒါဘီပြဲစဥ္ကို ကိုင္တြယ္ခဲ့တဲ့ ဒိုင္လူႀကီးအား
ပြဲကိုင္တြယ္ခြင့္ ပိတ္ေပးဖို႔ ပြဲအၿပီးမွာ ျပင္းထန္စြာ ေဝဖန္သြားခဲ့ပါတယ္။
“ဒီကြင္းထဲ ၾကည့္ရႈေနတဲ့သူအားလုံးက ပင္နယ္တီျဖစ္သင့္တာကို အားလုံး လက္ခံပါတယ္။





ဆြမ္ဆီးအသင္းနည္းျပ၊ ကစားသမား၊ ဝန္ထမ္း၊ ပရိသတ္ေတြအားလုံးနဲ႔
ဒါဘီအသင္းဘက္ကလူေတြအားလုံးလည္း ဒီျဖစ္ရပ္ကို ျမင္ခဲ့ၾကတာ ျဖစ္ၿပီး





ဒါက ပင္နယ္တီဆိုတာ ရွင္းပါတယ္။ ဒိုင္လူႀကီးေတြက လြဲလို႔ေပါ့။”
“ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ ကိုင္တြယ္တဲ့ ဒိုင္လူႀကီးကို FA က ပြဲကိုင္တြယ္ခြင့္
ပိတ္ပင္လိုက္ၿပီး ဒဏ္ေၾကးေငြေဆာင္ခိုင္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”လို႔





႐ြန္းနီက ေျပာပါတယ္။ ဒါေပမယ့္ အေျပာေၾကာင့္ ႐ြန္းနီ တိုင္ပတ္ပါၿပီ။
အခုဆိုရင္ ကြင္းလယ္ဒိုင္လူႀကီးမဟုတ္ဘဲ ႐ြန္းနီ တစ္ေယာက္ FA ရဲ႕





အေရးယူခံရမႈကို ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
Leave a Reply