ဒိန်းမတ်(၁)နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာ အဲရစ်ဆင် ရွေးချယ်ခံရ

ဒိန်းမတ်(၁)နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်း

ထွက်ပေါ်လာပြီး နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင်၊ ဟွိုင်ဘီယက်၊
ဂျိုအာချင်အန်ဒါဆင်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ အဲရစ်ဆင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက နှလုံးရောဂါကြောင့်
အသက်ဆုံးရှုံးရနိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သေကံမရောက်ခဲ့ဘဲ
လပိုင်းအကြာမှာ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်ခဲ့ပြီး လက်ရွေးစင်အသင်းနဲ့အတူ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့သလို အခုလောလောဆယ် မန်ချက်စတာယူနိုက်တက်
အသင်းမှာ အဓိကကွင်းလယ်လူအဖြစ် ကစားခွင့်ရနေပါတယ်။

စပါးအသင်းကွင်းလယ်လူ ဟွိုင်ဘီယက်ဟာ ဒီရာသီ ကလပ်အသင်းမှာ ခြေစွမ်းပြ
ကစားနေပြီး ပရီးမီးယားလိဂ်မှာ (၃)ဂိုးသွင်းယူခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ အန်ဒါဆင်ဟာလည်း အသင်းရဲ့ ခံစစ်မှာ ပုံမှန်ကစားခွင့်ရနေပြီး
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိန်းမတ်အသင်းနဲ့အတူ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ဒိန်းမတ်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို လာမယ့်နှစ်၊ ဇန်နဝါရီလ(၇)ရက်ကျရင်
ကျင်းပမယ့် ၂၀၂၂ Denmark’s sports gala အခမ်းအနားမှာ ချီးမြှင့်သွားမှာဖြစ်ပြီး

အဲရစ်ဆင်ဟာ အဲဒီဆုကို စုစုပေါင်း(၅)ကြိမ်နဲ့ အကြိမ်အများဆုံးရရှိခဲ့သူအဖြစ်
ရပ်တည်နေပါတယ်။

[Zawgyi]

ဒိန္းမတ္(၁)ႏွစ္တာအေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္(၃)ဦးစာရင္း
ထြက္ေပၚလာၿပီး နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ အဲရစ္ဆင္၊ ဟြိဳင္ဘီယက္၊
ဂ်ိဳအာခ်င္အန္ဒါဆင္တို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ အဲရစ္ဆင္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတုန္းက ႏွလုံးေရာဂါေၾကာင့္
အသက္ဆုံးရႈံးရႏိုင္တဲ့ အေျခအေနဆိုးနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ ေသကံမေရာက္ခဲ့ဘဲ
လပိုင္းအၾကာမွာ ေဘာလုံးေလာကထဲ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းနဲ႔အတူ
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲခဲ့သလို အခုေလာေလာဆယ္ မန္ခ်က္စတာယူႏိုက္တက္

အသင္းမွာ အဓိကကြင္းလယ္လူအျဖစ္ ကစားခြင့္ရေနပါတယ္။

စပါးအသင္းကြင္းလယ္လူ ဟြိဳင္ဘီယက္ဟာ ဒီရာသီ ကလပ္အသင္းမွာ ေျခစြမ္းျပ

ကစားေနၿပီး ပရီးမီးယားလိဂ္မွာ (၃)ဂိုးသြင္းယူခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္ေနာက္ခံလူ အန္ဒါဆင္ဟာလည္း အသင္းရဲ႕ ခံစစ္မွာ ပုံမွန္ကစားခြင့္ရေနၿပီး

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒိန္းမတ္အသင္းနဲ႔အတူ ပါဝင္ကစားခြင့္ရရွိခဲ့ပါတယ္။

ဒိန္းမတ္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လာမယ့္ႏွစ္၊ ဇန္နဝါရီလ(၇)ရက္က်ရင္

က်င္းပမယ့္ ၂၀၂၂ Denmark’s sports gala အခမ္းအနားမွာ ခ်ီးျမႇင့္သြားမွာျဖစ္ၿပီး
အဲရစ္ဆင္ဟာ အဲဒီဆုကို စုစုေပါင္း(၅)ႀကိမ္နဲ႔ အႀကိမ္အမ်ားဆုံးရရွိခဲ့သူအျဖစ္
ရပ္တည္ေနပါတယ္။