ဒတ်ချ်နည်းပြကြီးဗန်ဟားလ် ကျရှုံးခဲ့တဲ့ မန်ချက်စတာမြေမှာ အစမ်းသပ်ခံဖို့ရောက်လာတော့မယ့် အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်ကို

ခန့်အပ်ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။

အေဂျက်စ်နည်းပြဘဝမှာ အသင်းကို ပြည်တွင်းဆုဖလားအောင်မြင်မှုတွေရယူပေးခဲ့သလို

ချန်ပီယံလိဂ်မှာလည်း အဆင့်တစ်ခုအထိပြန်ရောက်အောင်ဆွဲတင်ပေးခဲ့တဲ့

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ပထမဆုံးအကြိမ်အင်တာဗျူးမှာကတည်းက

အဆင်ပြေခဲ့တာဖြစ်ပြီး ယူနိုက်တက်တာဝန်ရှိသူတွေက အဲရစ်တန်ဟက်ရဲ့အစီအစဉ်တွေကို

နှစ်သက်သဘောကျခဲ့တာဖြစ်ပါတယ်။ အရင်က ယူနိုက်တက်နည်းပြရာထူးအတွက်

ပိုချက်တီနိုနဲ့အဲရစ်တန်ဟက်တို့အပြိုင်ရေပန်းစားခဲ့ပေမယ့် အခုအချိန်မှာတော့

အဲရစ်တန်ဟက်က ပြတ်ပြတ်သားသားအသာရနေပြီး အခုဆိုရင် ယူနိုက်တက်အသင်းနဲ့

နှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီလို့ The Athletic ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီကုန်ကျရင် အဲရစ်တန်ဟက်ကို (၄)နှစ်စာချုပ်နဲ့

နည်းပြသစ်အဖြစ်ခန့်အပ်သွားမှာဖြစ်သလို အေဂျက်စ်အသင်းနဲ့စာချုပ်လျော်ကြေးကိစ္စသာ

ဆွေးနွေးဖို့ကျန်တော့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ

ဒတ်ချ်ဖလားဗိုလ်လုပွဲအဖြစ် PSV အသင်းနဲ့ရင်ဆိုင်ရမှာပြီး အဲဒီပွဲအပြီးမှာ ယူနိုက်တက်အသင်းက

အဲရစ်တန်ဟက်ကို နည်းပြသစ်ခန့်ဖို့သဘောတူညီမှုရခဲ့ပြီဆိုတဲ့သတင်းကို အတည်ပြု

ထုတ်ပြန်သွားဖို့ရှိနေပါပြီ။ အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ အဲရစ်တန်ဟက်ဟာ

အေဂျက်စ်အသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ (၅)နှစ်နီးပါးကာလအတွင်း

အမှတ်ပေးဖလား(၂)ကြိမ်၊ ဒတ်ချ်ဖလား(၂)ကြိမ်၊ ယိုဟန်ခရိုက်ဖ်ဒိုင်း(၁)ကြိမ်ရယူပေးခဲ့တဲ့အပြင်

၂၀၁၈-၁၉ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၉၉၇ နောက်ပိုင်း ပထမဆုံးအဖြစ် ဆီမီးဖိုင်နယ်

အဆင့်အထိတက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

၂၀၁၄ ခုနှစ်တုန်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဒတ်ချ်လူမျိုးနည်းပြအဖြစ်

၀ါရင့်နည်းပြကြီးဗန်ဟားလ်ကို ခန့်အပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ FA ဖလားတစ်လုံးနဲ့သာ

ကျေနပ်ခဲ့ရပါတယ်။ အဲဒါကြောင့် မန်ချက်စတာမြေမှာ အစမ်းသပ်ခံဖို့ရောက်လာတော့မယ့်

ဒုတိယမြောက်ဒတ်ချ်နည်းပြဖြစ်သူအဲရစ်တန်ဟက်အနေနဲ့ မန်ချက်စတာမြေကို

အောင်မြင်မှုတွေနဲ့သိမ်းပိုက်နိုင်မလား . .ဒါမှမဟုတ် နောင်တော်ကြီးဗန်ဟားလ်လို

အရှုံးတွေကို ရင်ဝယ်ပိုက်ပြီး အောင်ဖျာလိပ်ရမလားဆိုတာကတော့ . . .

zawgyi

ဒတ္ခ်္နည္းျပႀကီးဗန္ဟားလ္ က်ရႈံးခဲ့တဲ့ မန္ခ်က္စတာေျမမွာ အစမ္းသပ္ခံဖို႔ေရာက္လာေတာ့မယ့္ အဲရစ္တန္ဟက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပသစ္အျဖစ္ အဲရစ္တန္ဟက္ကို

ခန႔္အပ္ဖို႔ ႏႈတ္အားျဖင့္သေဘာတူညီမႈရခဲ့ၿပီလို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

ေအဂ်က္စ္နည္းျပဘဝမွာ အသင္းကို ျပည္တြင္းဆုဖလားေအာင္ျမင္မႈေတြရယူေပးခဲ့သလို

ခ်န္ပီယံလိဂ္မွာလည္း အဆင့္တစ္ခုအထိျပန္ေရာက္ေအာင္ဆြဲတင္ေပးခဲ့တဲ့

အဲရစ္တန္ဟက္ဟာ ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ပထမဆုံးအႀကိမ္အင္တာဗ်ဴးမွာကတည္းက

အဆင္ေျပခဲ့တာျဖစ္ၿပီး ယူႏိုက္တက္တာဝန္ရွိသူေတြက အဲရစ္တန္ဟက္ရဲ႕အစီအစဥ္ေတြကို

ႏွစ္သက္သေဘာက်ခဲ့တာျဖစ္ပါတယ္။ အရင္က ယူႏိုက္တက္နည္းျပရာထူးအတြက္

ပိုခ်က္တီႏိုနဲ႔အဲရစ္တန္ဟက္တို႔အၿပိဳင္ေရပန္းစားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့

အဲရစ္တန္ဟက္က ျပတ္ျပတ္သားသားအသာရေနၿပီး အခုဆိုရင္ ယူႏိုက္တက္အသင္းနဲ႔

ႏႈတ္အားျဖင့္သေဘာတူညီမႈရခဲ့ၿပီလို႔ The Athletic ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ရာသီကုန္က်ရင္ အဲရစ္တန္ဟက္ကို (၄)ႏွစ္စာခ်ဳပ္နဲ႔

နည္းျပသစ္အျဖစ္ခန႔္အပ္သြားမွာျဖစ္သလို ေအဂ်က္စ္အသင္းနဲ႔စာခ်ဳပ္ေလ်ာ္ေၾကးကိစၥသာ

ေဆြးေႏြးဖို႔က်န္ေတာ့တာျဖစ္ပါတယ္။ ေအဂ်က္စ္အသင္းဟာ လာမယ့္တနဂၤေႏြေန႔မွာ

ဒတ္ခ်္ဖလားဗိုလ္လုပြဲအျဖစ္ PSV အသင္းနဲ႔ရင္ဆိုင္ရမွာၿပီး အဲဒီပြဲအၿပီးမွာ ယူႏိုက္တက္အသင္းက

အဲရစ္တန္ဟက္ကို နည္းျပသစ္ခန႔္ဖို႔သေဘာတူညီမႈရခဲ့ၿပီဆိုတဲ့သတင္းကို အတည္ျပဳ

ထုတ္ျပန္သြားဖို႔ရွိေနပါၿပီ။ အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဲရစ္တန္ဟက္ဟာ

ေအဂ်က္စ္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ (၅)ႏွစ္နီးပါးကာလအတြင္း

အမွတ္ေပးဖလား(၂)ႀကိမ္၊ ဒတ္ခ်္ဖလား(၂)ႀကိမ္၊ ယိုဟန္ခ႐ိုက္ဖ္ဒိုင္း(၁)ႀကိမ္ရယူေပးခဲ့တဲ့အျပင္

၂၀၁၈-၁၉ ရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၁၉၉၇ ေနာက္ပိုင္း ပထမဆုံးအျဖစ္ ဆီမီးဖိုင္နယ္

အဆင့္အထိတက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ

၂၀၁၄ ခုႏွစ္တုန္းက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးဒတ္ခ်္လူမ်ိဳးနည္းျပအျဖစ္

၀ါရင့္နည္းျပႀကီးဗန္ဟားလ္ကို ခန႔္အပ္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ဘဲ FA ဖလားတစ္လုံးနဲ႔သာ

ေက်နပ္ခဲ့ရပါတယ္။ အဲဒါေၾကာင့္ မန္ခ်က္စတာေျမမွာ အစမ္းသပ္ခံဖို႔ေရာက္လာေတာ့မယ့္

ဒုတိယေျမာက္ဒတ္ခ်္နည္းျပျဖစ္သူအဲရစ္တန္ဟက္အေနနဲ႔ မန္ခ်က္စတာေျမကို

ေအာင္ျမင္မႈေတြနဲ႔သိမ္းပိုက္ႏိုင္မလား . .ဒါမွမဟုတ္ ေနာင္ေတာ္ႀကီးဗန္ဟားလ္လို

အရႈံးေတြကို ရင္ဝယ္ပိုက္ၿပီး ေအာင္ဖ်ာလိပ္ရမလားဆိုတာကေတာ့ . . .