ဒဏ်ရာပြဿနာနဲ့ခံစစ်အားနည်းမှုက လီဗာပူးလ်ကိုသတ်နေပြီး အာနိုးကမောက်မာသူလို့ ဆီးဂဲလ်ဝေဖန်

ဒီရာသီမှာ လီဗာပူးလ်ကျရှုံးနေရတာဟာ အာနိုးလို မောက်မာတဲ့ကစားသမားမျိုးတွေရှိနေတာကြောင့်လို့ ဘောလုံးအေးဂျင့်တစ်ဦးဖြစ်သူ ရော့ဘ်ဆီးဂဲလ်က ဝေဖန်လိုက်ပါတယ်။ ကြိုးကြာနီတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ

အဆင့် ၇ နေရာရောက်နေသလို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း တတိယနေရာမှာ ရပ်တည်နေရတာပါ။ ဒါ့အပြင် အသက် ၂၃ နှစ်အရွယ် နောက်ခံလူလည်း ခြေစွမ်းမပြနိုင်ဘဲ အမှားအယွင်းတွေရှိနေတာကြောင့် ဝေဖန်ခံနေရပါတယ်။

အထူးသဖြင့် လီဗာပူးလ်က တန်ပြန်တိုက်စစ်ဆင်ချိန်မှာ လိုက်ပါကစားနိုင်ပေမယ့် ကိုယ့်နေရာကိုယ် အချိန်မီပြန်မဆင်းနိုင်တာကြောင့် အာနိုးရဲ့စွမ်းဆောင်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေရတာပါ။ ချိန်ဘာလိန်၊ ဒယ်လီအလီနဲ့ စတာလင်းတို့ရဲ့အေးဂျင့်ဖြစ်တဲ့

ဆီးဂဲလ်ကတော့ “ လီဗာပူးလ်မှာ ဒဏ်ရာပြဿနာကြီးကြီးမားမားရှိနေတယ်။ အာနိုးလိုကစားသမားမျိုးကလည်း ကြာရှည်အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပုံမှန်ခြေစွမ်း ပြန်ရလာပြီဆိုရင်လည်း သူ့ရဲ့မောက်မာမှုကို တွေ့ရဦးမှာပါ။

ဒါက အသင်းမှာ သူ့ရဲ့ရပ်တည်မှုကြောင့်ဖြစ်ပါတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ ဘာပဲလုပ်လုပ်၊ သီတင်းပတ်တိုင်းမှာ ကစားခွင့်ရမယ်ဆိုတာ အာနိုးသိနေပါတယ်။ ခံစစ်ထက် တိုက်စစ်မှာ သူပိုကောင်းတယ်ဆိုတာ လျှို့ဝှက်စရာမလိုပါဘူး။

ဒါကြောင့် သူ့ရဲ့အားနည်းချက်တွေကို ဖုံးအုပ်ထားဖို့လိုပါတယ်။ လက်ရှိအခိုက်အတန့်မှာ နောက်တန်းက ဘယ်သူမှကောင်းကောင်းမွန်မွန် မကစားနိုင်တာကတော့ ဂျာဂင်ကလော့ပ် ကံမကောင်းတာပါပဲ ” လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ဝေးလ်လက်ရွေးစင် နီကိုဝီလျံကို နော်တင်ဟမ်ဆီလွှတ်လိုက်ပြီး အဘာဒင်းကရမ်ဆေးနဲ့ အစားထိုးခဲ့တာဟာ လီဗာပူးလ်ရဲ့အမှားတစ်ခုဖြစ်ခဲ့တာပါ။ စကော့တလန်သားဟာ အန်ဖီးလ်ရောက်ကတည်းက ဒဏ်ရာရနေတာကြောင့် အသက် ၁၈ နှစ်သာရှိသေးတဲ့ အာနိုးအပေါ် ဖိအားတွေပိုများသွားခဲ့ရတာပါ။

(zawgyi)

ဒီရာသီမွာ လီဗာပူးလ္က်ရႈံးေနရတာဟာ အာႏိုးလို ေမာက္မာတဲ့ကစားသမားမ်ိဳးေတြရွိေနတာေၾကာင့္လို႔ ေဘာလုံးေအးဂ်င့္တစ္ဦးျဖစ္သူ ေရာ့ဘ္ဆီးဂဲလ္က ေဝဖန္လိုက္ပါတယ္။ ႀကိဳးၾကာနီေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ

အဆင့္ ၇ ေနရာေရာက္ေနသလို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း တတိယေနရာမွာ ရပ္တည္ေနရတာပါ။ ဒါ့အျပင္ အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူလည္း ေျခစြမ္းမျပႏိုင္ဘဲ အမွားအယြင္းေတြရွိေနတာေၾကာင့္ ေဝဖန္ခံေနရပါတယ္။

အထူးသျဖင့္ လီဗာပူးလ္က တန္ျပန္တိုက္စစ္ဆင္ခ်ိန္မွာ လိုက္ပါကစားႏိုင္ေပမယ့္ ကိုယ့္ေနရာကိုယ္ အခ်ိန္မီျပန္မဆင္းႏိုင္တာေၾကာင့္ အာႏိုးရဲ႕စြမ္းေဆာင္မႈဟာ ေမးခြန္းထုတ္စရာျဖစ္ေနရတာပါ။ ခ်ိန္ဘာလိန္၊ ဒယ္လီအလီနဲ႔ စတာလင္းတို႔ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ဆီးဂဲလ္ကေတာ့

“ လီဗာပူးလ္မွာ ဒဏ္ရာျပႆနာႀကီးႀကီးမားမားရွိေနတယ္။ အာႏိုးလိုကစားသမားမ်ိဳးကလည္း ၾကာရွည္အနားယူဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ ပုံမွန္ေျခစြမ္း ျပန္ရလာၿပီဆိုရင္လည္း သူ႔ရဲ႕ေမာက္မာမႈကို ေတြ႕ရဦးမွာပါ။

ဒါက အသင္းမွာ သူ႔ရဲ႕ရပ္တည္မႈေၾကာင့္ျဖစ္ပါတယ္။ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ သူ ဘာပဲလုပ္လုပ္၊ သီတင္းပတ္တိုင္းမွာ ကစားခြင့္ရမယ္ဆိုတာ အာႏိုးသိေနပါတယ္။ ခံစစ္ထက္ တိုက္စစ္မွာ သူပိုေကာင္းတယ္ဆိုတာ လွ်ိဳ႕ဝွက္စရာမလိုပါဘူး။

ဒါေၾကာင့္ သူ႔ရဲ႕အားနည္းခ်က္ေတြကို ဖုံးအုပ္ထားဖို႔လိုပါတယ္။ လက္ရွိအခိုက္အတန႔္မွာ ေနာက္တန္းက ဘယ္သူမွေကာင္းေကာင္းမြန္မြန္ မကစားႏိုင္တာကေတာ့ ဂ်ာဂင္ကေလာ့ပ္ ကံမေကာင္းတာပါပဲ ” လို႔ ေျပာသြားခဲ့ပါတယ္။

ဒါေပမဲ့ ေဝးလ္လက္ေ႐ြးစင္ နီကိုဝီလ်ံကို ေနာ္တင္ဟမ္ဆီလႊတ္လိုက္ၿပီး အဘာဒင္းကရမ္ေဆးနဲ႔ အစားထိုးခဲ့တာဟာ လီဗာပူးလ္ရဲ႕အမွားတစ္ခုျဖစ္ခဲ့တာပါ။ စေကာ့တလန္သားဟာ အန္ဖီးလ္ေရာက္ကတည္းက ဒဏ္ရာရေနတာေၾကာင့္ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ အာႏိုးအေပၚ ဖိအားေတြပိုမ်ားသြားခဲ့ရတာပါ။