ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ရိစ်ဂျိမ်းစ် ဘုန်းမောက်နဲ့ပွဲမှာ ဒဏ်ရာထပ်ပြီးရရှိခဲ့

ချယ်လ်ဆီးအသင်း ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ ဘုန်းမောက်နဲ့ကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန်ပြည့်မကစားနိုင်ဘဲ
လူစားလဲခံခဲ့ရပါတယ်။

ရိစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အေစီမီလန်နဲ့ချန်ပီယံလိဂ်ပွဲမှာ
ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် ကာလရှည်အနားယူခဲ့ရသလို ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

အခု ဘုန်းမောက်နဲ့ပွဲဟာ (၂)လကျော်အကြာမှ ချယ်လ်ဆီးအသင်းအတွက် ရိစ်ဂျိမ်းစ်
ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တာဖြစ်ပေမယ့် ဒုတိယပိုင်းစလို့ (၅)မိနစ်အကြာမှာပဲ
ဒဏ်ရာရသွားတာကြောင့် ဆေးကုသမှုခံယူခဲ့ရသလို ပွဲဆက်ကစားဖို့
မဖြစ်နိုင်တဲ့အတွက် လူစားလဲဖို့ နည်းပြဂရေဟမ်ပေါ်တာကို အချက်ပြခဲ့ပါတယ်။

ရိစ်ဂျိမ်းစ်ဟာ ဆေးကုသမှုခံယူနေချိန်အတွင်း သူ့ရဲ့ ဒူးကို ညွှန်ပြပြီး လူစားလဲဖို့
အချက်ပြခဲ့တာဖြစ်တဲ့အတွက် ဒဏ်ရာအသစ်ပဲ ထပ်ရတာလား . .ဒါမှမဟုတ် အရင်

ဒူးဒဏ်ရာဟောင်းကို ပြန်ထိခိုက်သွားတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ရိစ်ဂျိမ်းစ်အတွက် ၂၀၂၂ ခုနှစ်က လာခြင်းကောင်းတဲ့နှစ်

မဟုတ်ခဲ့ဘဲ ဒဏ်ရာပြဿနာကြောင့် အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခွင့်ရရေး အဆုံးသတ်ခဲ့သလို အခုလည်း ဒဏ်ရာပြန်ရခဲ့လို့
နောက်ထပ် အနားယူရဖို့ရှိနေပါပြီ။

[Zawgyi]

ခ်ယ္လ္ဆီးအသင္း ညာေနာက္ခံလူ ရိစ္ဂ်ိမ္းစ္ဟာ ဘုန္းေမာက္နဲ႔ကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ပြဲခ်ိန္ျပည့္မကစားႏိုင္ဘဲ
လူစားလဲခံခဲ့ရပါတယ္။

ရိစ္ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ေအစီမီလန္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာ
ဒူးဒဏ္ရာရရွိခဲ့တဲ့အတြက္ ကာလရွည္အနားယူခဲ့ရသလို ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။

အခု ဘုန္းေမာက္နဲ႔ပြဲဟာ (၂)လေက်ာ္အၾကာမွ ခ်ယ္လ္ဆီးအသင္းအတြက္ ရိစ္ဂ်ိမ္းစ္
ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခဲ့တာျဖစ္ေပမယ့္ ဒုတိယပိုင္းစလို႔ (၅)မိနစ္အၾကာမွာပဲ

ဒဏ္ရာရသြားတာေၾကာင့္ ေဆးကုသမႈခံယူခဲ့ရသလို ပြဲဆက္ကစားဖို႔
မျဖစ္ႏိုင္တဲ့အတြက္ လူစားလဲဖို႔ နည္းျပဂေရဟမ္ေပၚတာကို အခ်က္ျပခဲ့ပါတယ္။

ရိစ္ဂ်ိမ္းစ္ဟာ ေဆးကုသမႈခံယူေနခ်ိန္အတြင္း သူ႔ရဲ႕ ဒူးကို ၫႊန္ျပၿပီး လူစားလဲဖို႔
အခ်က္ျပခဲ့တာျဖစ္တဲ့အတြက္ ဒဏ္ရာအသစ္ပဲ ထပ္ရတာလား . .ဒါမွမဟုတ္ အရင္
ဒူးဒဏ္ရာေဟာင္းကို ျပန္ထိခိုက္သြားတာလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ရိစ္ဂ်ိမ္းစ္အတြက္ ၂၀၂၂ ခုႏွစ္က လာျခင္းေကာင္းတဲ့ႏွစ္
မဟုတ္ခဲ့ဘဲ ဒဏ္ရာျပႆနာေၾကာင့္ အႀကီးမားဆုံးေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ အဂၤလန္အသင္းနဲ႔
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ ဆင္ႏႊဲခြင့္ရေရး အဆုံးသတ္ခဲ့သလို အခုလည္း ဒဏ္ရာျပန္ရခဲ့လို႔
ေနာက္ထပ္ အနားယူရဖို႔ရွိေနပါၿပီ။