ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ကွန်တေ ဘောလုံးသမားဘဝကနေ အနားယူသင့်ပြီ

ပြင်သစ်နဲ့ ချယ်လ်ဆီးဂန္ထဝင်နောက်ခံလူ လီဘော့ဖ်က ဒဏ်ရာပြဿနာတွေနဲ့

ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ကွန်တေအနေနဲ့ ဘောလုံးသမားဘဝကနေ
အနားယူလိုက်ဖို့ သင့်ပြီလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်ကွင်းလယ်လူ ကွန်တေဟာ ဒီရာသီ၊
ပရီးမီးယားလိဂ်အဖွင့်(၂)ပွဲသာကစားခဲ့ရပြီး တံကောက်ကြောဒဏ်ရာကြောင့်
အခုအချိန်အထိ အနားယူနေရသလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

ကွန်တေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဒဏ်ရာပြဿနာနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရတဲ့
အတွက် ချယ်လ်ဆီးအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မတင်မကျဖြစ်နေပါတယ်။
ကွန်တေရဲ့ လက်ရှိစာချုပ်က အခုရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်လို့ လာမယ့်

လအတွင်း စာချုပ်သစ်မချုပ်ဆိုဖြစ်ရင် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြည်ပကလပ်
တစ်သင်းနဲ့ အပြောင်းအရွှေ့အကြို သဘောတူညီမှု ရယူနိုင်ခွင့်ရှိနေပြီး
ဘာစီလိုနာအသင်းက ကွန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Safe Betting ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ လီဘော့ဖ်က “ကွန်တေရဲ့ ကြံ့ခိုင်မှု
အနေအထား၊ သူကိုယ်တိုင် ဘယ်လိုခံစားနေရလဲဆိုတာနဲ့ပတ်သက်ပြီး ကွန်တေနဲ့

ကျွန်တော် တိုက်ရိုက်စကားမပြောဖြစ်သေးပါဘူး။ ဒါပေမဲ့ ကွန်တေရဲ့ အခြေအနေက
ဘောလုံးသမားဘဝကနေ အနားယူရတော့မယ့် အနေအထားဖြစ်နိုင်ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော် အသေအချာမသိတာကြောင့်
ချယ်လ်ဆီး အတွက် ဆက်ကစားနိုင်သေးတယ်လို့ ကွန်တေ ယူဆရင်လည်း
အသင်းမှာ ဆက်နေသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ျပင္သစ္နဲ႔ ခ်ယ္လ္ဆီးဂႏၴဝင္ေနာက္ခံလူ လီေဘာ့ဖ္က ဒဏ္ရာျပႆနာေတြနဲ႔
႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ကြန္ေတအေနနဲ႔ ေဘာလုံးသမားဘဝကေန
အနားယူလိုက္ဖို႔ သင့္ၿပီလို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ျပင္သစ္ကြင္းလယ္လူ ကြန္ေတဟာ ဒီရာသီ၊
ပရီးမီးယားလိဂ္အဖြင့္(၂)ပြဲသာကစားခဲ့ရၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္
အခုအခ်ိန္အထိ အနားယူေနရသလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။

ကြန္ေတဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ဒဏ္ရာျပႆနာနဲ႔ မၾကာခဏ ႀကဳံေတြ႕ခဲ့ရတဲ့
အတြက္ ခ်ယ္လ္ဆီးအသင္းက သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ မတင္မက်ျဖစ္ေနပါတယ္။

ကြန္ေတရဲ႕ လက္ရွိစာခ်ဳပ္က အခုရာသီကုန္မွာ သက္တမ္းျပည့္မွာျဖစ္လို႔ လာမယ့္

လအတြင္း စာခ်ဳပ္သစ္မခ်ဳပ္ဆိုျဖစ္ရင္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ျပည္ပကလပ္

တစ္သင္းနဲ႔ အေျပာင္းအေ႐ႊ႕အႀကိဳ သေဘာတူညီမႈ ရယူႏိုင္ခြင့္ရွိေနၿပီး
ဘာစီလိုနာအသင္းက ကြန္ေတကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

Safe Betting ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ လီေဘာ့ဖ္က “ကြန္ေတရဲ႕ ႀကံ့ခိုင္မႈ
အေနအထား၊ သူကိုယ္တိုင္ ဘယ္လိုခံစားေနရလဲဆိုတာနဲ႔ပတ္သက္ၿပီး ကြန္ေတနဲ႔
ကြၽန္ေတာ္ တိုက္႐ိုက္စကားမေျပာျဖစ္ေသးပါဘူး။ ဒါေပမဲ့ ကြန္ေတရဲ႕ အေျခအေနက
ေဘာလုံးသမားဘဝကေန အနားယူရေတာ့မယ့္ အေနအထားျဖစ္ႏိုင္ပါတယ္။

သူ႔ရဲ႕ခႏၶာကိုယ္ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အေသအခ်ာမသိတာေၾကာင့္
ခ်ယ္လ္ဆီး အတြက္ ဆက္ကစားႏိုင္ေသးတယ္လို႔ ကြန္ေတ ယူဆရင္လည္း
အသင္းမွာ ဆက္ေနသင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။