ဒဏ်ရာပြဿနာကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို မက်ဆီ လွဲချော်ခဲ့လို့ ဗိုလ်လုပွဲမှာ မပါဝင်နိုင်မှာကို ပရိသတ်တွေ စိုးရိမ်နေ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့်

ကြာသပတေးနေ့က အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့အတွက်
လာမယ့်ဗိုလ်လုပွဲကျရင် မက်ဆီ မပါဝင်နိုင်မှာကို အာဂျင်တီးနားပရိသတ်တွေ
စိုးရိမ်တကြီးဖြစ်နေကြပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၂၀၁၄ ခုနှစ်
နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင်
ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ မက်ဆီဟာ ပွဲကစားချိန်အတွင်း သူ့ရဲ့ တံကောက်ကြောကို လက်နဲ့ဖျစ်ညှစ်ပြီး
နာကျင်မှုခံစားရတဲ့ အနေအထားဖြစ်ခဲ့သလို လာမယ့်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်

အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားအစုံအလင်
လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် မက်ဆီကို မတွေ့ရတာကြောင့် မက်ဆီရဲ့ ကြံ့ခိုင်မှုအပေါ်
ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အာဂျင်တီးနား,နာမည်ကျော်သတင်းစာ Clarin က မက်ဆီမှာ
ကြီးကြီးမားမား ဒဏ်ရာမရှိဘဲ ပြင်သစ်နဲ့ကစားမယ့် ဗိုလ်လုပွဲကျရင် ပါဝင်ကစားဖို့
အသင့်ရှိနေပြီလို့ ဖော်ပြခဲ့ပါတယ်။

Clarin ရဲ့ ရှင်းလင်းဖော်ပြချက်အရ မက်ဆီ၊ ပါပူဂိုးမက်ဇ်၊ လော်တာရိုမာတီနက်ဇ်တို့
အပါအဝင် ခရိုအေးရှားနဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတွေဟာ Gym ခန်းထဲမှာ
ကြံ့ခိုင်မှုပြည့်ဝလာအောင် ပြင်ဆင်နေတာကြောင့် လေ့ကျင့်ရေးကွင်းထဲမှာ မက်ဆီကို

မတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

[Zawgyi]

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ဒဏ္ရာျပႆနာေၾကာင့္

ၾကာသပေတးေန႔က အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကို လြဲေခ်ာ္ခဲ့တဲ့အတြက္
လာမယ့္ဗိုလ္လုပြဲက်ရင္ မက္ဆီ မပါဝင္ႏိုင္မွာကို အာဂ်င္တီးနားပရိသတ္ေတြ
စိုးရိမ္တႀကီးျဖစ္ေနၾကပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ခ႐ိုေအးရွားအသင္းကို (၃-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ ဆီမီးဖိုင္နယ္ပြဲမွာ ပယ္နယ္တီကေန အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ၂၀၁၄ ခုႏွစ္
ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလားဗိုလ္လုပြဲေရာက္ေအာင္
ကူညီေပးခဲ့ပါတယ္။

ဒါေပမဲ့ မက္ဆီဟာ ပြဲကစားခ်ိန္အတြင္း သူ႔ရဲ႕ တံေကာက္ေၾကာကို လက္နဲ႔ဖ်စ္ညႇစ္ၿပီး
နာက်င္မႈခံစားရတဲ့ အေနအထားျဖစ္ခဲ့သလို လာမယ့္ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္

အာဂ်င္တီးနားအသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ကစားသမားအစုံအလင္
ေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ မက္ဆီကို မေတြ႕ရတာေၾကာင့္ မက္ဆီရဲ႕ ႀကံ့ခိုင္မႈအေပၚ
ပရိသတ္ေတြက စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း အာဂ်င္တီးနား,နာမည္ေက်ာ္သတင္းစာ Clarin က မက္ဆီမွာ
ႀကီးႀကီးမားမား ဒဏ္ရာမရွိဘဲ ျပင္သစ္နဲ႔ကစားမယ့္ ဗိုလ္လုပြဲက်ရင္ ပါဝင္ကစားဖို႔
အသင့္ရွိေနၿပီလို႔ ေဖာ္ျပခဲ့ပါတယ္။

Clarin ရဲ႕ ရွင္းလင္းေဖာ္ျပခ်က္အရ မက္ဆီ၊ ပါပူဂိုးမက္ဇ္၊ ေလာ္တာ႐ိုမာတီနက္ဇ္တို႔
အပါအဝင္ ခ႐ိုေအးရွားနဲ႔ပြဲမွာ ပြဲထြက္ကစားခဲ့တဲ့ ကစားသမားေတြဟာ Gym ခန္းထဲမွာ
ႀကံ့ခိုင္မႈျပည့္ဝလာေအာင္ ျပင္ဆင္ေနတာေၾကာင့္ ေလ့က်င့္ေရးကြင္းထဲမွာ မက္ဆီကို

မေတြ႕ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။