ဒဏ်ရာပြဿနာကြောင့် ရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲကို ဒါဝင်နူးနက်ဇ် လွဲချော်ဖို့ရှိ

နယူးကာဆယ်နဲ့ပွဲမှာ ပခုံးဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူ

းဒါဝင်နူးနက်ဇ်ဟာ ရီးယဲလ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကို
လွဲချော်ဖို့ရှိနေပါတယ်။

နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲမှာ
ဒါဝင်နူးနက်ဇ်ဟာ ပွဲအစ(၁၀)မိနစ်မှာပဲ အာနိုးလ် တင်ပေးလိုက်တဲ့
ဘောလုံးကို ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီးတော့ အဖွင့်ဂိုးသွင်းယူခဲ့ပြီး
ဒုတိယဂိုးကို (၁၇)မိနစ်မှာ ဂတ်ပိုက သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲချိန်အတွင်းမှာ ဒါဝင်နူးနက်ဇ်ဟာ ခေါင်းတိုက်ဖို့
ကြိုးစားတာကနေ မြေပြင်ပေါ်ကို ပြုတ်ကျခဲ့ပြီး ပခုံးဒဏ်ရာရရှိ
ခဲ့တာကြောင့် နည်းပြယာဂန်ကလော့ပ်က သူ့ကို ဖေမီနိုနဲ့ လူစားလဲ

ခဲ့ရပါတယ်။

ယာဂန်ကလော့ပ်က “သတင်းဆိုးတစ်ခုကတော့ ဒါဝင်နူးနက်ဇ်ဟာ

ပခုံးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး သူ့အခြေအနေကို ကျွန်တော်တို့
စောင့်ကြည့်ရမှာပါ။ အဲဒီ ဒဏ်ရာကြောင့် သူ့ကို လူစားလဲခဲ့ရတာဖြစ်ပြီး
အခုလောလောဆယ်တော့ ဒါဝင်နူးနက်ဇ်ရဲ့ ဒဏ်ရာအနေအထားနဲ့ပတ်သက်လို့

ကျွန်တော်လည်း အတိအကျမသိရသေးဘဲ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ
ပြုလုပ်ရမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဒါဝင်နူးနက်ဇ်ရဲ့ ပခုံးက တော်တော်လေး
နာကျင်နေသလို သူ့ဒဏ်ရာက သာမန်ထိခိုက်မှုသာဖြစ်ပြီး အဲဒီထက် မဆိုးရွားဖို့
ကျွန်တော်မျှော်လင့်ပါတယ်”လို့ မီဒီယာတွေက ဖြေကြားခဲ့ပါတယ်။

[Zawgyi]

နယူးကာဆယ္နဲ႔ပြဲမွာ ပခုံးဒဏ္ရာရရွိခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉ
းဒါဝင္ႏူးနက္ဇ္ဟာ ရီးယဲလ္နဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကို

လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

နယူးကာဆယ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲမွာ

ဒါဝင္ႏူးနက္ဇ္ဟာ ပြဲအစ(၁၀)မိနစ္မွာပဲ အာႏိုးလ္ တင္ေပးလိုက္တဲ့
ေဘာလုံးကို ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းၿပီးေတာ့ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး
ဒုတိယဂိုးကို (၁၇)မိနစ္မွာ ဂတ္ပိုက သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့လည္း ပြဲခ်ိန္အတြင္းမွာ ဒါဝင္ႏူးနက္ဇ္ဟာ ေခါင္းတိုက္ဖို႔
ႀကိဳးစားတာကေန ေျမျပင္ေပၚကို ျပဳတ္က်ခဲ့ၿပီး ပခုံးဒဏ္ရာရရွိ
ခဲ့တာေၾကာင့္ နည္းျပယာဂန္ကေလာ့ပ္က သူ႔ကို ေဖမီႏိုနဲ႔ လူစားလဲ
ခဲ့ရပါတယ္။

ယာဂန္ကေလာ့ပ္က “သတင္းဆိုးတစ္ခုကေတာ့ ဒါဝင္ႏူးနက္ဇ္ဟာ
ပခုံးမွာ ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့ၿပီး သူ႔အေျခအေနကို ကြၽန္ေတာ္တို႔

ေစာင့္ၾကည့္ရမွာပါ။ အဲဒီ ဒဏ္ရာေၾကာင့္ သူ႔ကို လူစားလဲခဲ့ရတာျဖစ္ၿပီး
အခုေလာေလာဆယ္ေတာ့ ဒါဝင္ႏူးနက္ဇ္ရဲ႕ ဒဏ္ရာအေနအထားနဲ႔ပတ္သက္လို႔

ကြၽန္ေတာ္လည္း အတိအက်မသိရေသးဘဲ ေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြ
ျပဳလုပ္ရမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဒါဝင္ႏူးနက္ဇ္ရဲ႕ ပခုံးက ေတာ္ေတာ္ေလး
နာက်င္ေနသလို သူ႔ဒဏ္ရာက သာမန္ထိခိုက္မႈသာျဖစ္ၿပီး အဲဒီထက္ မဆိုး႐ြားဖို႔
ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ မီဒီယာေတြက ေျဖၾကားခဲ့ပါတယ္။