
ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူးလီဝန်ဒေါစကီးဟာ တံကောက်ကြော
ဒဏ်ရာကြောင့် ရီးယဲလ်နဲ့ကစားမယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပထမ
အကျော့ကို လွဲချော်ဖို့ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က လာလီဂါပွဲမှာ တန်းမဆင်းရဖို့
ရုန်းကန်နေရတဲ့ အယ်လ်မီရီယာကို (၁-ဝ)ဂိုးနဲ့ မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့်
လာမယ့်ပွဲကျပ်ကာလမတိုင်ခင် နည်းပြဇာဗီအပေါ် ဖိအားတွေရှိလာပါတယ်။
လာမယ့်ကြာသပတေးနေ့ကျရင် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ် ပထမအကျော့
အဖြစ် ရီးယဲလ်အသင်းကို အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး
အဲဒီပွဲမတိုင်ခင် ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးလီဝန်ဒေါစကီး ဒဏ်ရာ
ပြဿနာနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီရာသီလာလီဂါမှာ (၁၅)ဂိုးသွင်းပြီး သွင်းဂိုးအများဆုံးကစားသမားဖြစ်နေသူ
လီဝန်ဒေါစကီးဟာ အယ်လ်မီရီယာနဲ့ပွဲမှာ တံကော်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး
ဘယ်လောက်အထိ အနားယူရမလဲဆိုတာတော့ ဘာစီလိုနာအသင်းက မထုတ်ပြန်
ခဲ့ပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြိုင်ပွဲစုံမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာ
အသင်းအတွက် လီဝန်ဒေါစကီးရဲ့ သတင်းက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။
ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play off ဒုတိယအကျော့ပွဲမှာ
မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရသလို အဲဒီပွဲ
အပြီး အယ်လ်မီရီယာနဲ့လာလီဂါပွဲမှာလည်း (၁-ဝ)ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တဲ့အတွက်
အခုဆိုရင် လာလီဂါပြိုင်ပွဲမှာ အဆင့်(၂)နေရာက ရီးယဲလ်နဲ့ (၇)မှတ်သာ ကွာဟ
ပါတော့တယ်။
[Zawgyi]
ဘာစီလိုနာအသင္းရဲ႕ အဓိကတိုက္စစ္မႉးလီဝန္ေဒါစကီးဟာ တံေကာက္ေၾကာ
ဒဏ္ရာေၾကာင့္ ရီးယဲလ္နဲ႔ကစားမယ့္ စပိန္ဘုရင့္ဖလားဆီမီးဖိုင္နယ္ပထမ
အေက်ာ့ကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။
ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က လာလီဂါပြဲမွာ တန္းမဆင္းရဖို႔
႐ုန္းကန္ေနရတဲ့ အယ္လ္မီရီယာကို (၁-ဝ)ဂိုးနဲ႔ မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တာေၾကာင့္
လာမယ့္ပြဲက်ပ္ကာလမတိုင္ခင္ နည္းျပဇာဗီအေပၚ ဖိအားေတြရွိလာပါတယ္။
လာမယ့္ၾကာသပေတးေန႔က်ရင္ စပိန္ဘုရင့္ဖလားဆီမီးဖိုင္နယ္ ပထမအေက်ာ့
အျဖစ္ ရီးယဲလ္အသင္းကို အေဝးကြင္းပြဲ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီး
အဲဒီပြဲမတိုင္ခင္ ဘာစီလိုနာအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉးလီဝန္ေဒါစကီး ဒဏ္ရာ
ျပႆနာနဲ႔ ႀကဳံေတြ႕ခဲ့တာျဖစ္ပါတယ္။
ဒီရာသီလာလီဂါမွာ (၁၅)ဂိုးသြင္းၿပီး သြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္ေနသူ
လီဝန္ေဒါစကီးဟာ အယ္လ္မီရီယာနဲ႔ပြဲမွာ တံေကာ္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး
ဘယ္ေလာက္အထိ အနားယူရမလဲဆိုတာေတာ့ ဘာစီလိုနာအသင္းက မထုတ္ျပန္
ခဲ့ပါဘူး။ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ၿပိဳင္ပြဲစုံမွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဘာစီလိုနာ
အသင္းအတြက္ လီဝန္ေဒါစကီးရဲ႕ သတင္းက ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါတယ္။
ဘာစီလိုနာအသင္းဟာ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play off ဒုတိယအေက်ာ့ပြဲမွာ
မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲက ထြက္ခဲ့ရသလို အဲဒီပြဲ
အၿပီး အယ္လ္မီရီယာနဲ႔လာလီဂါပြဲမွာလည္း (၁-ဝ)ဂိုးနဲ႔ ထပ္မံရႈံးနိမ့္ခဲ့တဲ့အတြက္
အခုဆိုရင္ လာလီဂါၿပိဳင္ပြဲမွာ အဆင့္(၂)ေနရာက ရီးယဲလ္နဲ႔ (၇)မွတ္သာ ကြာဟ
ပါေတာ့တယ္။