ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမားဟာဇက်ဟာ အသင်းမှာဒဏ်ရာ
ပြဿနာတွေနဲ့ရုန်းကန်နေရပြီး ဒဏ်ရာတွေကြောင့် ဟာဇက်ပုံမှန်ပြန်မဖြစ်နိုင်ဘူးလို့
ကြိုတင်ခန့်မှန်းခဲ့တဲ့ မော်ရင်ဟိုရဲ့ခန့်မှန်းချက်က အံ့အားသင့်စရာကောင်းအောင်
မှန်ကန်နေပါတယ်။ ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ
ကစားခဲ့ဖူးတဲ့ ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ရီးယဲလ်အသင်းဆီ ယူရိုသန်း(၁၀၀)နဲ့
ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကစလို့ အခုအချိန်အထိ ဒဏ်ရာတွေကြောငင့်
မကြာခဏအနားယူခဲ့ရပါတယ်။ အခုလောလောဆယ် ဟာဇက်ဟာ ၂၀၂၀၊
မတ်လတုန်းက ညာဘက်ခြေချင်းဝတ်အရိုးကျိုးလို့ Plate ပြားထည့်ထားခဲ့ရတာကို
ခွဲစိတ်ကုသရမှာဖြစ်တဲ့အတွက် အနားယူရမှာဖြစ်ပြီး အသင်းဟောင်း
ချယ်လ်ဆီးနဲ့ကစားမယ့်ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။
ဒီဒဏ်ရာက ရီးယဲလ်ကစားသမားဘဝတစ်လျှောက် ဟာဇက်အတွက်
(၁၆)ကြိမ်မြောက်ရရှိခဲ့တဲ့ဒဏ်ရာဖြစ်ပြီး မော်ရင်ဟိုဟာ ဟာဇက်အနေနဲ့
ဒဏ်ရာတွေကြောင့်ရုန်းကန်ရလိမ့်မယ်ဆိုပြီးတော့ တစ်ချိန်တုန်းက
ကြိုတင်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာတုန်းက
ဟာဇက်နဲ့မော်ရင်ဟိုတို့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိလက်တွဲခဲ့ဖူးပြီး
အဲဒီအချိန်မှာ မော်ရင်ဟိုက “ပွဲတိုင်းမှာ ဟာဇက်ကို ပြိုင်ဘက်ကစားသမားတွေက
လူချကစားလေ့ရှိသလို ဒိုင်လူကြီးတွေကလည်း သူ့ကို လုံလောက်တဲ့
ကာကွယ်မှုမပေးခဲ့ပါဘူး။ အခုလိုပုံစံအတိုင်းသာဆိုရင် တစ်ချိန်ချိန်မှာ
ဟာဇက်ကို ပုံမှန်ခြေစွမ်းအတိုင်းမြင်ရဖို့မရှိပါဘူး။ ပြိုင်ဘက်ကစားသမားတွေဟာ
ဟာဇက်ကို (၁၀)ကြိမ်လောက် သိသိသာသာပဲလူချကစားနေကြတာပါ”လို့
ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုပြောခဲ့သလိုပဲ ဟာဇက်ဟာ အခုအချိန်မှာ
ဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီး ရီးယဲလ်အသင်းအတွက်ကစားခဲ့တဲ့(၃)ရာသီအတွင်း
(၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၀)ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။
zawgyi
ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ဟာဇက်ပုံမှန်ပြန်မဖြစ်နိုင်ဘူးဆိုတဲ့ မော်ရင်ဟိုရဲ့ ဟောကိန်း မှန်ကန်
Leave a Reply