
ဘာစီလိုနာအသင်းခေါင်းဆောင် ဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ
ဒဏ်ရာပြဿနာကြောင့် လာမယ့်တစ်ပတ်ကျရင် မန်ချက်စတာ
ယူနိုက်တက်နဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲကို လွဲချော်ဖို့ နီးစပ်နေပါပြီ။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆီဗီလာကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ လာလီဂါပွဲမှာ
ပြိုင်ဘက်ကစားသမားရဲ့ ဘောလုံးဖျက်ထုတ်မှုကြောင့် ဘူးစကွက်စ်
ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲအစ(၈)မိနစ်မှာပဲ ကတ်ဆီးနဲ့
လူစားလဲခံခဲ့ရပါတယ်။
ဘူးစကွက်စ်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းက
‘စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ဘူးစကွက်စ်ဟာ
ဘယ်ဘက်ခြေချင်းဝတ်အရွတ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
တွေ့ရှိခဲ့ရပါတယ်။ အဲဒါကြောင့် ဘူးစကွက်စ်ဟာ အနားယူရတော့မှာဖြစ်ပြီး
သူ့ရဲ့ဒဏ်ရာအခြေအနေပေါ် မူတည်ပြီးတော့ ဘောလုံးပြန်ကစားနိုင်ဖို့
စောင့်ကြည့်သွားရမှာဖြစ်ပါတယ်’လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကြေညာချက်ထဲမှာ ဘူးစကွက်စ် ဘယ်လောက်အထိ
အနားယူရမလဲဆိုတာ မပါဝင်ပေမယ့် စပိန်နာမည်ကျော်အားကစား
သတင်းစာ Sport က ဘူးစကွက်စ်အနေနဲ့ (၂)ပတ်ကနေ (၃)ပတ်အထိ
အနားယူရဖို့ရှိတယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play off အဆင့် ပထမအကျော့
အဖြစ် ဖေဖော်ဝါရီ(၁၆)ရက်မှာ ယူနိုက်တက်အသင်းကို အိမ်ကွင်းပွဲ လက်ခံ
ကစားရမှာဖြစ်ပြီး အဲဒီပွဲကို ဘူးစကွက်စ် လွဲချော်ဖို့ရှိနေပါပြီ။
ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ကြွက်သား
ဒဏ်ရာကြောင့် ယူနိုက်တက်နဲ့ပွဲကို လွဲချော်မှာဖြစ်သလို အခု ဘူးစကွက်စ်ကလည်း
ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာပါပြီ။
[Zawgyi]
ဘာစီလိုနာအသင္းေခါင္းေဆာင္ ဝါရင့္ကြင္းလယ္လူ ဘူးစကြက္စ္ဟာ
ဒဏ္ရာျပႆနာေၾကာင့္ လာမယ့္တစ္ပတ္က်ရင္ မန္ခ်က္စတာ
ယူႏိုက္တက္နဲ႔ကစားမယ့္ ယူ႐ိုပါလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ နီးစပ္ေနပါၿပီ။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဆီဗီလာကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ လာလီဂါပြဲမွာ
ၿပိဳင္ဘက္ကစားသမားရဲ႕ ေဘာလုံးဖ်က္ထုတ္မႈေၾကာင့္ ဘူးစကြက္စ္
ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ပြဲအစ(၈)မိနစ္မွာပဲ ကတ္ဆီးနဲ႔
လူစားလဲခံခဲ့ရပါတယ္။
ဘူးစကြက္စ္ရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး ဘာစီလိုနာအသင္းက
‘စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ဘူးစကြက္စ္ဟာ
ဘယ္ဘက္ေျခခ်င္းဝတ္အ႐ြတ္မွာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔
ေတြ႕ရွိခဲ့ရပါတယ္။ အဲဒါေၾကာင့္ ဘူးစကြက္စ္ဟာ အနားယူရေတာ့မွာျဖစ္ၿပီး
သူ႔ရဲ႕ဒဏ္ရာအေျခအေနေပၚ မူတည္ၿပီးေတာ့ ေဘာလုံးျပန္ကစားႏိုင္ဖို႔
ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္’လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ေၾကညာခ်က္ထဲမွာ ဘူးစကြက္စ္ ဘယ္ေလာက္အထိ
အနားယူရမလဲဆိုတာ မပါဝင္ေပမယ့္ စပိန္နာမည္ေက်ာ္အားကစား
သတင္းစာ Sport က ဘူးစကြက္စ္အေနနဲ႔ (၂)ပတ္ကေန (၃)ပတ္အထိ
အနားယူရဖို႔ရွိတယ္လို႔ ခန႔္မွန္းေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play off အဆင့္ ပထမအေက်ာ့
အျဖစ္ ေဖေဖာ္ဝါရီ(၁၆)ရက္မွာ ယူႏိုက္တက္အသင္းကို အိမ္ကြင္းပြဲ လက္ခံ
ကစားရမွာျဖစ္ၿပီး အဲဒီပြဲကို ဘူးစကြက္စ္ လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။
ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဒမ္ဘီလီဟာ ႂကြက္သား
ဒဏ္ရာေၾကာင့္ ယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္သလို အခု ဘူးစကြက္စ္ကလည္း
ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရလို႔ ဘာစီလိုနာအသင္းအတြက္ ထိုးႏွက္ခ်က္ျဖစ္လာပါၿပီ။