ဒဏ်ရာကြောင့် ချယ်လ်ဆီးကွင်းလယ်လူ ဇာကာရီရာ (၁)လအထိ အနားယူရမယ် . .

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ကွင်းလယ်လူ

ဇာကာရီရာဟာ ပေါင်ဒဏ်ရာကြောင့် (၁)လအထိ အနားယူရမှာ
ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဆွစ်ဇာလန်လက်ရွေးစင်
ကစားသမား ဇာကာရီရာဟာ ဒီရာသီအစကမှ ဂျူဗင်တပ်စ်ကနေ
ချယ်လ်ဆီးအသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်း
အတွက် စုစုပေါင်း (၇)ပွဲကစား၊ (၁)ဂိုးသွင်းပြီးတော့ ခြေစွမ်းပြ
ကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်၊ ကြာသပတေးနေ့က ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့
ပရီးမီးယားလိဂ်ပွဲ၊ (၅၆)မိနစ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲဆက်လက်

မကစားနိုင်တာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဇာကာရီရာရဲ့ ဒဏ်ရာကို
စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက် (၄)ပတ်လောက်အထိ အနားယူ
ရမှာဖြစ်တယ်လို့ ဂရေဟမ်ပေါ်တာက အတည်ပြုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး
ကွန်တေ၊ ဝက်စလေဖိုဖာနာတို့ဟာ ကာလရှည်အနားယူနေရသလို ရိစ်ဂျိမ်းစ်၊
ချီဝဲလ်တို့လည်း ဒဏ်ရာကြောင့် အသင်းအတွက် မကစားနိုင်သေးပါဘူး။

ဒါ့အပြင် လူငယ်တိုက်စစ်မှူးဘရိုယာဟာ ရာသီကုန်အထိ အနားယူရမှာ
ဖြစ်သလို စတာလင်၊ မန်ဒီ၊ ပူလီဆစ်၊ လော့ဖ်တက်စ်ချိခ်တို့ကလည်း
အခုလောလောဆယ် အနားယူနေရတာဖြစ်ပါတယ်။

[Zawgyi]

ခ်ယ္လ္ဆီးအသင္းနည္းျပ ဂေရဟမ္ေပၚတာက ကြင္းလယ္လူ
ဇာကာရီရာဟာ ေပါင္ဒဏ္ရာေၾကာင့္ (၁)လအထိ အနားယူရမွာ

ျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆြစ္ဇာလန္လက္ေ႐ြးစင္

ကစားသမား ဇာကာရီရာဟာ ဒီရာသီအစကမွ ဂ်ဴဗင္တပ္စ္ကေန
ခ်ယ္လ္ဆီးအသင္းကို တစ္ရာသီအငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္း
အတြက္ စုစုေပါင္း (၇)ပြဲကစား၊ (၁)ဂိုးသြင္းၿပီးေတာ့ ေျခစြမ္းျပ
ကစားႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္၊ ၾကာသပေတးေန႔က ဖူလ္ဟမ္ကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲ၊ (၅၆)မိနစ္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ပြဲဆက္လက္
မကစားႏိုင္တာေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။ ဇာကာရီရာရဲ႕ ဒဏ္ရာကို

စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ (၄)ပတ္ေလာက္အထိ အနားယူ
ရမွာျဖစ္တယ္လို႔ ဂေရဟမ္ေပၚတာက အတည္ျပဳခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာ ဒဏ္ရာျပႆနာနဲ႔ ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ေနရၿပီး
ကြန္ေတ၊ ဝက္စေလဖိုဖာနာတို႔ဟာ ကာလရွည္အနားယူေနရသလို ရိစ္ဂ်ိမ္းစ္၊
ခ်ီဝဲလ္တို႔လည္း ဒဏ္ရာေၾကာင့္ အသင္းအတြက္ မကစားႏိုင္ေသးပါဘူး။

ဒါ့အျပင္ လူငယ္တိုက္စစ္မႉးဘ႐ိုယာဟာ ရာသီကုန္အထိ အနားယူရမွာ
ျဖစ္သလို စတာလင္၊ မန္ဒီ၊ ပူလီဆစ္၊ ေလာ့ဖ္တက္စ္ခ်ိခ္တို႔ကလည္း
အခုေလာေလာဆယ္ အနားယူေနရတာျဖစ္ပါတယ္။