ထွက်ခွင့်မပေးရင်လည်း စာချုပ်ဖျက်ပေးပါတော့လို့ မန်ယူကို ရော်နယ်ဒို တောင်းဆို

မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ ရော်နယ်ဒိုပြောခဲ့တဲ့အကြောင်းအရာတစ်ခုကို ဗြိတိန်သတင်းစာ Daily Mail က ဖေါ်ပြလိုက်ပါတယ်။

အဲဒါကတော့ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းပေးဖို့ပါပဲ။ ရော်နယ်ဒိုဟာ အေးဂျင့်ဂျော့မန်ဒက်စ်နဲ့အတူ ပြီးခဲ့တဲ့အင်္ဂါနေ့က မန်ချက်စတာမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူကတော့ သူ့ကိုရောင်းမှာမဟုတ်သလို ထွက်ခွာခွင့်လည်း ပေးမှာမဟုတ်ဘူးလို့ တင်းခံခဲ့တာကြောင့် ဆွေးနွေးမှုဟာ အဆင်မပြေခဲ့ပါဘူး။ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ

သဘောထားမပြောင်းပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာပဲ ကာရင်တန်လေ့ကျင့်ကွင်းကို လာရောက်ခဲ့ပြီး အသင်းရဲ့တံခါးပိတ်ခြေစမ်းပွဲကိုလည်း အားပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ တစ်ပတ်လစာ ပေါင် ၃၆၀၀၀၀ နဲ့ နောက်ဆုံးကျန်နေတဲ့ တစ်နှစ်စာချုပ်ကိုတော့ ဖျက်သိမ်းပေးဖို့ မန်ယူကိုပြောထားတယ်လို့ ရေးသားထားတာပါ။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ တန်းဟတ်ရဲ့အသင်းမှာ

မနေချင်လည်းဆက်နေရဦးမယ့် အနေအထားရှိနေပြီး အက်သလက်တီကိုနဲ့ အော်စလိုမှာကစားမယ့် ခြေစမ်းပွဲ၊ အိုးလ်ထရက်ဖို့ဒ်မှာ ဗယ်လီကာနိုနဲ့ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ အသင္းတာဝန္ရွိသူေတြနဲ႔ ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈမွာ ေရာ္နယ္ဒိုေျပာခဲ့တဲ့အေၾကာင္းအရာတစ္ခုကို ၿဗိတိန္သတင္းစာ Daily Mail က ေဖၚျပလိုက္ပါတယ္။

အဲဒါကေတာ့ သူ႔ရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ပါပဲ။ ေရာ္နယ္ဒိုဟာ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္နဲ႔အတူ ၿပီးခဲ့တဲ့အဂၤါေန႔က မန္ခ်က္စတာၿမိဳ႕ကို ျပန္ေရာက္လာခဲ့ပါတယ္။ အဲဒီေနာက္ မန္ယူအသင္းတာဝန္ရွိသူေတြနဲ႔

ေတြ႕ဆုံခဲ့ၿပီး ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခ်င္တယ္လို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူကေတာ့ သူ႔ကိုေရာင္းမွာမဟုတ္သလို

ထြက္ခြာခြင့္လည္း ေပးမွာမဟုတ္ဘူးလို႔ တင္းခံခဲ့တာေၾကာင့္ ေဆြးေႏြးမႈဟာ အဆင္မေျပခဲ့ပါဘူး။ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ သေဘာထားမေျပာင္းေပမယ့္ ပေရာ္ဖက္ရွင္နယ္ပီသစြာပဲ

ကာရင္တန္ေလ့က်င့္ကြင္းကို လာေရာက္ခဲ့ၿပီး အသင္းရဲ႕တံခါးပိတ္ေျခစမ္းပြဲကိုလည္း အားေပးခဲ့ပါေသးတယ္။ ဒါေပမဲ့ တစ္ပတ္လစာ ေပါင္ ၃၆၀၀၀၀ နဲ႔ ေနာက္ဆုံးက်န္ေနတဲ့

တစ္ႏွစ္စာခ်ဳပ္ကိုေတာ့ ဖ်က္သိမ္းေပးဖို႔ မန္ယူကိုေျပာထားတယ္လို႔ ေရးသားထားတာပါ။ လက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ တန္းဟတ္ရဲ႕အသင္းမွာ မေနခ်င္လည္းဆက္ေနရဦးမယ့္

အေနအထားရွိေနၿပီး အက္သလက္တီကိုနဲ႔ ေအာ္စလိုမွာကစားမယ့္ ေျခစမ္းပြဲ၊ အိုးလ္ထရက္ဖို႔ဒ္မွာ ဗယ္လီကာႏိုနဲ႔ကစားမယ့္ ေျခစမ္းပြဲေတြမွာ ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။