ထူးခြားတဲ့ နံပါတ် ၂၁ တိုက်ဆိုင်မှုအပေါ် မန်ယူပရိသတ်တွေ အတိတ်ကောက်ပြီး အူမြူးနေကြ

မန်ယူပရိသတ်တချို့ကတော့ အင်္ဂလန်အဆင့်မြင့်တန်းအမှတ်ပေးဖလားကို သူတို့အသင်း ၂၁ ကြိမ်မြောက် ဆွတ်ခူးနိုင်တော့မယ်လို့ ယုံကြည်နေကြပါတယ်။

ဒါကလည်း အကြောင်းရှိပါတယ်။ ထူးထူးခြားခြားတိုက်ဆိုင်နေတဲ့ နံပါတ် ၂၁ ကြောင့်ပါပဲ။ တနည်းအားဖြင့် သရဲနီတွေကို လာရောက်လွှမ်းခြုံနေတဲ့ ဂဏန်းပေါ့။ @canelo ဆိုတဲ့

တွစ်တာအကောင့်ပိုင်ရှင်တစ်ယောက် စခဲ့တဲ့ ဇာတ်လမ်းပါ။ မန်ယူနဲ့ နံပါတ် ၂၁ ဆက်နွယ်မှုထူးခြားနေတာကို သူက သီအိုရီတစ်ခုလို သုံးသပ်ပြသွားခဲ့ပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်ယူခေါ်ယူခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်မှာ နံပါတ် ၂၁ ဝတ်ခဲ့ပါတယ်။ အေဂျက်ဇ်နဲ့သဘောတူညီမှုရထားတာကြောင့်

ပေါင် ၄၆ သန်းနဲ့ရောက်လာတော့မယ့် နောက်ခံလူမာတီနက်ဇ်လည်း နံပါတ် ၂၁ ပိုင်ရှင်ဖြစ်နေပါတယ်။ ပြီးတော့ ဘာစီလိုနာနဲ့သဘောတူညီမှုရထားပေမယ့် သူတို့ဆီမလာချင်ဘူးလို့ ငြင်းနေတဲ့ ဒီဂျောင်။

နယ်သာလန်သားလည်း ကက်တာလန်ကလပ်မှာ သူအကြိုက်ဆုံး နံပါတ် ၂၁ ကို ဝတ်တာပါပဲ။ ဒါ့အပြင် တန်းဟတ်ကို နည်းပြသစ်အဖြစ် တရားဝင်ကြေညာတဲ့နေ့ကလည်း ဧပြီ ၂၁ ရက် ဖြစ်နေပြန်ပါတယ်။

ဒါကြောင့် အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက်ရယူမဟဲ့ဆိုတဲ့ သန္နိဌာန်နဲ့ ကျောနံပါတ် ၂၀ ဝတ်ပြီး လိုအင်ပြည့်သွားခဲ့ဖူးတဲ့ ဗန်ပါစီလိုမျိုး မန်ယူပရိသတ်တွေ စိတ်ကူးယဉ်နေကြတာပါ။

သရဲနီတွေဟာ အရင်ပထမတန်းဖလားတုန်းက ချန်ပီယံ ၇ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရယူထားပြီး ချန်ပီယံဆုနဲ့ဝေးကွာနေခဲ့တာတော့ ၉ နှစ်ရှိသွားပါပြီ။

(zawgyi)

မန္ယူပရိသတ္တခ်ိဳ႕ကေတာ့ အဂၤလန္အဆင့္ျမင့္တန္းအမွတ္ေပးဖလားကို သူတို႔အသင္း ၂၁ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ေတာ့မယ္လို႔ ယုံၾကည္ေနၾကပါတယ္။ ဒါကလည္း အေၾကာင္းရွိပါတယ္။

ထူးထူးျခားျခားတိုက္ဆိုင္ေနတဲ့ နံပါတ္ ၂၁ ေၾကာင့္ပါပဲ။ တနည္းအားျဖင့္ သရဲနီေတြကို လာေရာက္လႊမ္းၿခဳံေနတဲ့ ဂဏန္းေပါ့။ @canelo ဆိုတဲ့ တြစ္တာအေကာင့္ပိုင္ရွင္တစ္ေယာက္ စခဲ့တဲ့ ဇာတ္လမ္းပါ။

မန္ယူနဲ႔ နံပါတ္ ၂၁ ဆက္ႏြယ္မႈထူးျခားေနတာကို သူက သီအိုရီတစ္ခုလို သုံးသပ္ျပသြားခဲ့ပါတယ္။ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မန္ယူေခၚယူခဲ့တဲ့ ဒိန္းမတ္ကြင္းလယ္လူအဲရစ္ဆင္ဟာ ဘရန႔္ဖို႔ဒ္မွာ နံပါတ္ ၂၁ ဝတ္ခဲ့ပါတယ္။

ေအဂ်က္ဇ္နဲ႔သေဘာတူညီမႈရထားတာေၾကာင့္ ေပါင္ ၄၆ သန္းနဲ႔ေရာက္လာေတာ့မယ့္ ေနာက္ခံလူမာတီနက္ဇ္လည္း နံပါတ္ ၂၁ ပိုင္ရွင္ျဖစ္ေနပါတယ္။ ၿပီးေတာ့ ဘာစီလိုနာနဲ႔သေဘာတူညီမႈရထားေပမယ့္

သူတို႔ဆီမလာခ်င္ဘူးလို႔ ျငင္းေနတဲ့ ဒီေဂ်ာင္။ နယ္သာလန္သားလည္း ကက္တာလန္ကလပ္မွာ သူအႀကိဳက္ဆုံး နံပါတ္ ၂၁ ကို ဝတ္တာပါပဲ။ ဒါ့အျပင္ တန္းဟတ္ကို နည္းျပသစ္အျဖစ္ တရားဝင္ေၾကညာတဲ့ေန႔ကလည္း

ဧၿပီ ၂၁ ရက္ ျဖစ္ေနျပန္ပါတယ္။ ဒါေၾကာင့္ အမွတ္ေပးဖလားကို အႀကိမ္ ၂၀ ေျမာက္ရယူမဟဲ့ဆိုတဲ့ သႏၷိဌာန္နဲ႔ ေက်ာနံပါတ္ ၂၀ ဝတ္ၿပီး လိုအင္ျပည့္သြားခဲ့ဖူးတဲ့ ဗန္ပါစီလိုမ်ိဳး မန္ယူပရိသတ္ေတြ စိတ္ကူးယဥ္ေနၾကတာပါ။

သရဲနီေတြဟာ အရင္ပထမတန္းဖလားတုန္းက ခ်န္ပီယံ ၇ ႀကိမ္၊ ပရီးမီးယားလိဂ္ဖလား ၁၃ ႀကိမ္ရယူထားၿပီး ခ်န္ပီယံဆုနဲ႔ေဝးကြာေနခဲ့တာေတာ့ ၉ ႏွစ္ရွိသြားပါၿပီ။