ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုကြောင့် ယူနိုက်တက်တို့ ရာသီကုန်မှာ ဖလား(၃)လုံးချန်ပီယံဖြစ်မယ်လို့ ပရိသတ်တွေ ယုံကြည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ထူးခြားတဲ့တိုက်ဆိုင်မှု

တစ်ခုကြောင့် သူတို့အသင်း ရာသီကုန်ကျရင် ဖလား(၃)လုံး
အောင်မြင်မှုမှတ်တမ်း နောက်တစ်ကြိမ်ပိုင်ဆိုင်နိုင်မယ်လို့
ယုံကြည်နေကြပါတယ်။

ယူနိုက်တက်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်ကို
(၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး (၆)နှစ်နီးပါးကြာ ဖလားလက်မဲ့ဖြစ်နေတဲ့
မှတ်တမ်းဆိုး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့
ဖလား(၄)လုံး ပစ်မှတ်ထဲက ပထမဆုံးအဖြစ် လိဂ်ဖလားချန်ပီယံဆု

စတင်ဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် FA ဖလားပဉ္စမအဆင့်
ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်မှာလည်း ရှုံးထွက်(၁၆)သင်း
အဆင့် တက်ရောက်နိုင်ခဲ့ပြီး ဘက်တစ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။
ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ (၈)မှတ်
ကွာဟနေတာကြောင့် ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲဆိုပေမယ့်
ဗိုလ်စွဲနိုင်ခြေ ရာနှုန်းနည်းပါးနေပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ကျန်ဆုဖလားတွေထဲက နောက်ထပ်ဖလား
ဘယ်နှခု ရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး တွမ်မက်ဒါမော့တ်

ဆိုသူ ပရိသတ်တစ်ဦးကတော့ ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုကြောင့်
ယူနိုက်တက်တို့ ဖလား(၃)လုံးချန်ပီယံဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၉၉ ခုနှစ်တုန်းက ပရီးမီးယားလိဂ်၊ FA ဖလား၊
ချန်ပီယံလိဂ်ဖလားတွေ ရယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ကြီးမားတဲ့
အောင်မြင်မှု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၁၉၉၉ FA ဖလားဗိုလ်လုပွဲမှာ
နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက် ဂိုးတွေကို ရှရင်ဂမ်
(ကျောနံပါတ် ၁၀)၊ ပေါလ်စခိုးလ် (ကျောနံပါတ် ၁၈)တို့က သွင်းယူခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ပြီးခဲ့တဲ့လိဂ်ဖလားဗိုလ်လုပွဲမှာလည်း
နယူးကာဆယ်နဲ့ ထိပ်တိုက်ဆုံတွေ့ပြီး ၁၉၉၉ FA ဖလား ဗိုလ်လုပွဲကအတိုင်း

(၂-ဝ)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့သလို ပိုပြီး အံ့အားသင့်စရာကောင်းတာက
ယူနိုက်တက်အတွက် ဂိုးတွေကို ကတ်စ်မဲရိုး(နံပါတ် ၁၈)၊ ရပ်ရှ်ဖို့ဒ်
(နံပါတ် ၁၀)တို့က သွင်းယူခဲ့ပါတယ်။

တွမ်မက်ဒါမော့တ်ဟာ အဲဒီထူးခြားချက်ကို သူ့ရဲ့ Twitter မှာ Post
တင်ခဲ့ပြီး အဲဒီ Post အောက်မှာ ယူနိုက်တက်ပရိသတ်တွေက
‘ဒီ ကံကြမ္မာကောင်းအရ ငါတို့အသင်း ဖလား(၃)လုံးချန်ပီယံဖြစ်တော့မယ်’၊
‘နောက်ထပ် ဖလား(၂)လုံးထပ်ရမယ်လို့ ပြောချင်တာလား’၊ ‘ဒီတိုက်ဆိုင်မှုက

တကယ်အံ့အားသင့်စရာပါပဲ’လို့ Comment ရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ထူးျခားတဲ့တိုက္ဆိုင္မႈ

တစ္ခုေၾကာင့္ သူတို႔အသင္း ရာသီကုန္က်ရင္ ဖလား(၃)လုံး
ေအာင္ျမင္မႈမွတ္တမ္း ေနာက္တစ္ႀကိမ္ပိုင္ဆိုင္ႏိုင္မယ္လို႔
ယုံၾကည္ေနၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ လိဂ္ဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္ကို
(၂-ဝ)ဂိုးနဲ႔အႏိုင္ယူၿပီး (၆)ႏွစ္နီးပါးၾကာ ဖလားလက္မဲ့ျဖစ္ေနတဲ့
မွတ္တမ္းဆိုး အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔
ဖလား(၄)လုံး ပစ္မွတ္ထဲက ပထမဆုံးအျဖစ္ လိဂ္ဖလားခ်န္ပီယံဆု

စတင္ဆြတ္ခူးႏိုင္ခဲ့ၿပီး လာမယ့္ဗုဒၶဟူးေန႔က်ရင္ FA ဖလားပၪၥမအဆင့္
ပြဲအျဖစ္ ဝက္စ္ဟမ္းအသင္းကို အိမ္ကြင္းပြဲ လက္ခံကစားရမွာျဖစ္ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္မွာလည္း ရႈံးထြက္(၁၆)သင္း
အဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီး ဘက္တစ္အသင္းနဲ႔ ရင္ဆိုင္ရမွာပါ။
ပရီးမီးယားလိဂ္မွာေတာ့ ထိပ္ဆုံးက အာဆင္နယ္အသင္းနဲ႔ (၈)မွတ္
ကြာဟေနတာေၾကာင့္ ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ ရွိေနဆဲဆိုေပမယ့္
ဗိုလ္စြဲႏိုင္ေျခ ရာႏႈန္းနည္းပါးေနပါတယ္။

ယူႏိုက္တက္အသင္းဟာ လက္က်န္ဆုဖလားေတြထဲက ေနာက္ထပ္ဖလား
ဘယ္ႏွခု ရယူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနၿပီး တြမ္မက္ဒါေမာ့တ္

ဆိုသူ ပရိသတ္တစ္ဦးကေတာ့ ထူးျခားတဲ့တိုက္ဆိုင္မႈတစ္ခုေၾကာင့္
ယူႏိုက္တက္တို႔ ဖလား(၃)လုံးခ်န္ပီယံျဖစ္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၁၉၉၉ ခုႏွစ္တုန္းက ပရီးမီးယားလိဂ္၊ FA ဖလား၊
ခ်န္ပီယံလိဂ္ဖလားေတြ ရယူခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ႀကီးမားတဲ့
ေအာင္ျမင္မႈ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ၁၉၉၉ FA ဖလားဗိုလ္လုပြဲမွာ
နယူးကာဆယ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းအတြက္ ဂိုးေတြကို ရွရင္ဂမ္
(ေက်ာနံပါတ္ ၁၀)၊ ေပါလ္စခိုးလ္ (ေက်ာနံပါတ္ ၁၈)တို႔က သြင္းယူခဲ့ၾကပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲ ၿပီးခဲ့တဲ့လိဂ္ဖလားဗိုလ္လုပြဲမွာလည္း
နယူးကာဆယ္နဲ႔ ထိပ္တိုက္ဆုံေတြ႕ၿပီး ၁၉၉၉ FA ဖလား ဗိုလ္လုပြဲကအတိုင္း

(၂-ဝ)ဂိုးရလဒ္နဲ႔ အႏိုင္ရခဲ့သလို ပိုၿပီး အံ့အားသင့္စရာေကာင္းတာက
ယူႏိုက္တက္အတြက္ ဂိုးေတြကို ကတ္စ္မဲ႐ိုး(နံပါတ္ ၁၈)၊ ရပ္ရွ္ဖို႔ဒ္
(နံပါတ္ ၁၀)တို႔က သြင္းယူခဲ့ပါတယ္။

တြမ္မက္ဒါေမာ့တ္ဟာ အဲဒီထူးျခားခ်က္ကို သူ႔ရဲ႕ Twitter မွာ Post
တင္ခဲ့ၿပီး အဲဒီ Post ေအာက္မွာ ယူႏိုက္တက္ပရိသတ္ေတြက
‘ဒီ ကံၾကမၼာေကာင္းအရ ငါတို႔အသင္း ဖလား(၃)လုံးခ်န္ပီယံျဖစ္ေတာ့မယ္’၊
‘ေနာက္ထပ္ ဖလား(၂)လုံးထပ္ရမယ္လို႔ ေျပာခ်င္တာလား’၊ ‘ဒီတိုက္ဆိုင္မႈက

တကယ္အံ့အားသင့္စရာပါပဲ’လို႔ Comment ေရးသားခဲ့ၾကပါတယ္။