ထာဝရအကောင်းဆုံးမန်ယူအသင်းကို ရွေးချယ်ဖို့မဖြစ်နိုင်သလို သေချာတဲ့ကစားသမား တစ်ဦးသာရှိတယ်လို့ ဖာဂူဆန်ဖွင့်ဟ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကို Sunday World သတင်းစာက စိတ်ဝင်စားစရာမေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။

အဲဒါကတော့ စကော့တလန်သားနည်းပြကြီးရဲ့ ထာဝရအကောင်းဆုံးမန်ယူအသင်းမှာ ဘယ်သူတွေပါဝင်ခွင့်ရမလဲဆိုတာပါပဲ။ တနည်းအားဖြင့် သရဲနီတွေကို ကိုင်တွယ်ခဲ့တဲ့

သက်တမ်းတစ်လျှောက် နေရာအလိုက်အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်စေခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဖာဂီက “ လုံးဝမဖြစ်နိုင်ပါဘူး။ ကျွန်တော့်မှာရှိခဲ့တဲ့ တိုက်စစ်မှူးတွေကိုပဲကြည့်လေ။

ဘရိုင်ယန်မက်ကလဲယား၊ မက်ဟုချ်၊ အန်ဒီကိုး၊ ကန်တိုနာ၊ နစ္စတယ်ရွိုင်း၊ ဆာဟာ၊ ဆိုးလ်ရှား၊ ဒွိုက်ယော့ခ်၊ ရှာရင်ဂန်။ နောက်တော့ ရွန်နေး၊ ဗန်ပါစီ၊ ဟာနန်ဒက်ဇ်။

အဲဒါကို ခင်ဗျား ဘယ်လိုရွေးမှာလဲ။ ကန်တိုနာနဲ့ တစ်ခြားတစ်ယောက်ဆိုရင် ဖြစ်နိုင်ပါ့မလား။ ကွင်းလယ်ကတော့ နည်းနည်းပိုလွယ်နိုင်ပါတယ်။ ရွိုင်ကိန်း၊ ဘရိုင်ယန်ရော့ဘ်ဆင်၊

စခိုးလ်။ ပြီးတော့ သိပ်ကောင်းတဲ့ ဘက်ခမ်း၊ ရော်နယ်ဒိုနဲ့ ဂစ်တို့ရှိပါတယ် ” လို့ ဖာဂူဆန်က ဖြေသွားခဲ့တာပါ။ နောက်တန်းကို လုံး၀ မရွေးချယ်ခဲ့ပေမယ့် ဂန္ထဝင်နည်းပြကြီးဟာ တစ်ယောက်သောသူကိုတော့

အမှတ်တရပြောသွားခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ရေးအတ္ထုပတ္တိစာအုပ်မှာရေးခဲ့ဖူးတဲ့ အာဝင်ပါပဲ။ စကော့တလန်ဂန္ထဝင်နောက်ခံလူဟာ မန်ယူမှာ ၂၆ နှစ်ကစားသွားခဲ့ပြီး ဆုဖလားပေါင်း ၃၈ လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ကို Sunday World သတင္းစာက စိတ္ဝင္စားစရာေမးခြန္းတစ္ခု ေမးျမန္းခဲ့ပါတယ္။ အဲဒါကေတာ့

စေကာ့တလန္သားနည္းျပႀကီးရဲ႕ ထာဝရအေကာင္းဆုံးမန္ယူအသင္းမွာ ဘယ္သူေတြပါဝင္ခြင့္ရမလဲဆိုတာပါပဲ။ တနည္းအားျဖင့္ သရဲနီေတြကို ကိုင္တြယ္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္

ေနရာအလိုက္အေကာင္းဆုံး ၁၁ ေယာက္ကို ေ႐ြးခ်ယ္ေစခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ ဖာဂီက “ လုံးဝမျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ့္မွာရွိခဲ့တဲ့ တိုက္စစ္မႉးေတြကိုပဲၾကည့္ေလ။

ဘ႐ိုင္ယန္မက္ကလဲယား၊ မက္ဟုခ်္၊ အန္ဒီကိုး၊ ကန္တိုနာ၊ နစၥတယ္႐ြိဳင္း၊ ဆာဟာ၊ ဆိုးလ္ရွား၊ ဒြိဳက္ေယာ့ခ္၊ ရွာရင္ဂန္။ ေနာက္ေတာ့ ႐ြန္ေနး၊ ဗန္ပါစီ၊ ဟာနန္ဒက္ဇ္။ အဲဒါကို ခင္ဗ်ား ဘယ္လိုေ႐ြးမွာလဲ။

ကန္တိုနာနဲ႔ တစ္ျခားတစ္ေယာက္ဆိုရင္ ျဖစ္ႏိုင္ပါ့မလား။ ကြင္းလယ္ကေတာ့ နည္းနည္းပိုလြယ္ႏိုင္ပါတယ္။ ႐ြိဳင္ကိန္း၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊ စခိုးလ္။ ၿပီးေတာ့ သိပ္ေကာင္းတဲ့ ဘက္ခမ္း၊

ေရာ္နယ္ဒိုနဲ႔ ဂစ္တို႔ရွိပါတယ္ ” လို႔ ဖာဂူဆန္က ေျဖသြားခဲ့တာပါ။ ေနာက္တန္းကို လုံး၀ မေ႐ြးခ်ယ္ခဲ့ေပမယ့္ ဂႏၴဝင္နည္းျပႀကီးဟာ တစ္ေယာက္ေသာသူကိုေတာ့ အမွတ္တရေျပာသြားခဲ့ပါတယ္။

သူ႔ရဲ႕ကိုယ္ေရးအတၳဳပတၱိစာအုပ္မွာေရးခဲ့ဖူးတဲ့ အာဝင္ပါပဲ။ စေကာ့တလန္ဂႏၴဝင္ေနာက္ခံလူဟာ မန္ယူမွာ ၂၆ ႏွစ္ကစားသြားခဲ့ၿပီး ဆုဖလားေပါင္း ၃၈ လုံး ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။