တံခါးပိတ်ပြီး တိတ်တိတ်လေးကန်တဲ့ပွဲမှာတောင် ကစားခွင့်မရခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ဘရိုက်တန်နဲ့ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်ခွင့်မပေးခဲ့တာဟာ ကြံ့ခိုင်မှုကြောင့်ပါလို့ မန်ယူက ဖြေရှင်းတယ်။ နည်းပြတန်းဟတ်ကလည်း ရော်နယ်ဒိုဝင်လာမှ သူ့အသင်းပိုကောင်းလာခဲ့တယ်လို့ ဝန်ခံတယ်။

ဒါပေမဲ့ မန်ယူကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း နယ်သာလန်သားနည်းပြဟာ ရော်နယ်ဒိုကို မသုံးခဲ့ဘူးလို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

မန်ယူဟာ နေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ပဉ္စမတန်းကလပ်လေး ဟာလီဖက်တောင်းနဲ့ ကာရင်တန်လေ့ကျင့်ကွင်းမှာ တိတ်တိတ်လေး ခြေစမ်းခဲ့တာပါ။ ကစားသမားတွေရဲ့ကြံ့ခိုင်မှု

ပိုမိုတိုးတက်လာစေဖို့ရည်ရွယ်တာဖြစ်ပေမယ့် ရော်နယ်ဒိုမပါခဲ့တာကြောင့် မေးခွန်းထုတ်စရာတွေ ဖြစ်လာရပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပေါ်တူဂီကြယ်ပွင့် ပါဝင်ကစားနိုင်ပါ့မလားဆိုတာ

သံသယရှိနေကြတဲ့ သရဲနီပရိသတ်တွေအတွက်လည်း စိုးရိမ်စရာဖြစ်လာခဲ့တာပါ။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် မန်ယူကနေထွက်ခွင့်တောင်းထားတဲ့ ရော်နယ်ဒိုဟာ ရာသီကြိုခြေစမ်းပွဲ

ခရီးစဉ်တစ်ခုလုံးလွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာကစားတဲ့ ဗယ်လီကာနိုနဲ့နောက်ဆုံးခြေစမ်းပွဲမှာ တန်းဟတ်က ပထမပိုင်းသာကစားခွင့်ပေးခဲ့သလို ဘရိုက်တန်ကိုရှုံးတဲ့

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ၅၃ မိနစ်ရောက်မှ လူစားဝင်ခွင့်ရခဲ့တာပါ။ ကြံ့ခိုင်မှုအကြောင်းပြနေပေမယ့် လက်ရှိအနေအထားအရ အိုးလ်ထရက်ဖို့ဒ်ကို ရော်နယ်ဒိုစွန့်ခွာဖို့ ရာခိုင်နှုန်းပိုများလာနေပြီလို့ ပရိသတ်တွေကသုံးသပ်နေကြပါတယ်။

(zawgyi)

ဘ႐ိုက္တန္နဲ႔ပြဲမွာ ေရာ္နယ္ဒိုကို ပြဲထြက္ခြင့္မေပးခဲ့တာဟာ ႀကံ့ခိုင္မႈေၾကာင့္ပါလို႔ မန္ယူက ေျဖရွင္းတယ္။ နည္းျပတန္းဟတ္ကလည္း ေရာ္နယ္ဒိုဝင္လာမွ သူ႔အသင္းပိုေကာင္းလာခဲ့တယ္လို႔ ဝန္ခံတယ္။

ဒါေပမဲ့ မန္ယူကစားခဲ့တဲ့ တံခါးပိတ္ေျခစမ္းပြဲမွာလည္း နယ္သာလန္သားနည္းျပဟာ ေရာ္နယ္ဒိုကို မသုံးခဲ့ဘူးလို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပလိုက္ပါတယ္။ မန္ယူဟာ ေနရွင္နယ္လိဂ္ၿပိဳင္ပြဲဝင္

ပၪၥမတန္းကလပ္ေလး ဟာလီဖက္ေတာင္းနဲ႔ ကာရင္တန္ေလ့က်င့္ကြင္းမွာ တိတ္တိတ္ေလး ေျခစမ္းခဲ့တာပါ။ ကစားသမားေတြရဲ႕ႀကံ့ခိုင္မႈ ပိုမိုတိုးတက္လာေစဖို႔ရည္႐ြယ္တာျဖစ္ေပမယ့္ ေရာ္နယ္ဒိုမပါခဲ့တာေၾကာင့္

ေမးခြန္းထုတ္စရာေတြ ျဖစ္လာရပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ေပၚတူဂီၾကယ္ပြင့္ ပါဝင္ကစားႏိုင္ပါ့မလားဆိုတာ သံသယရွိေနၾကတဲ့ သရဲနီပရိသတ္ေတြအတြက္လည္း စိုးရိမ္စရာျဖစ္လာခဲ့တာပါ။

ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ မန္ယူကေနထြက္ခြင့္ေတာင္းထားတဲ့ ေရာ္နယ္ဒိုဟာ ရာသီႀကိဳေျခစမ္းပြဲ ခရီးစဥ္တစ္ခုလုံးလြဲေခ်ာ္ခဲ့ပါတယ္။ ဒါေၾကာင့္ အိမ္ကြင္းမွာကစားတဲ့

ဗယ္လီကာႏိုနဲ႔ေနာက္ဆုံးေျခစမ္းပြဲမွာ တန္းဟတ္က ပထမပိုင္းသာကစားခြင့္ေပးခဲ့သလို ဘ႐ိုက္တန္ကိုရႈံးတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာလည္း ၅၃ မိနစ္ေရာက္မွ လူစားဝင္ခြင့္ရခဲ့တာပါ။

ႀကံ့ခိုင္မႈအေၾကာင္းျပေနေပမယ့္ လက္ရွိအေနအထားအရ အိုးလ္ထရက္ဖို႔ဒ္ကို ေရာ္နယ္ဒိုစြန႔္ခြာဖို႔ ရာခိုင္ႏႈန္းပိုမ်ားလာေနၿပီလို႔ ပရိသတ္ေတြကသုံးသပ္ေနၾကပါတယ္။