တော်ရုံနည်းပြ မယူရဲတဲ့ စံချိန်ရှင်တန်းဟတ်နဲ့ B တွေချည်း လှိမ့်ချတာခံလိုက်ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ် ဒုတိယပွဲစဉ်မှာလည်း ရှုံးနိမ့်ခဲ့ရပြန်ပါပြီ။ ဘရိုက်တန်ကို အဖွင့်ပွဲမှာရှုံးထားတဲ့ သရဲနီတွေဟာ ဒီပွဲမှာလည်း ဘရန့်ဖို့ဒ်ကိုရှုံးတာကြောင့် B နဲ့စတဲ့အသင်းတွေကို

၂ ပတ်ဆက်တိုက် အရေးနိမ့်ခဲ့ရတာပါ။ ၂ ပွဲကစားရာမှာ ပေးဂိုး ၆ ဂိုးရှိခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့( ဘရိုက်တန်နဲ့ပွဲမှာရတာက OG )အနေအထားကလည်း အတော်လေးဆိုးရွားနေပါတယ်။

အခုပွဲစဉ်မှာ ဂိုးသမားဒီဂီယာရဲ့အမှားတွေရှိခဲ့ပေမယ့် တာဝန်အရှိဆုံးဖြစ်တဲ့ နည်းပြတန်းဟတ်ရဲ့လူထုတ်ပုံနဲ့ နည်းဗျူဟာပိုင်းကလည်း မေးခွန်းထုတ်စရာတွေရှိခဲ့တာပါ။ မန်ယူဟာ ပထမပိုင်း ၃၅ မိနစ်မှာကတည်းက

၄ ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး နယ်သာလန်သားနည်းပြလည်း မှတ်တမ်းဆိုးတွေ ရင်ဝယ်ပိုက်သွားခဲ့ရပါတယ်။ အထူးသဖြင့် နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ မန်ယူကိုစတင်ကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက် ၂ ပွဲဆက်ရှုံးတဲ့

ပထမဆုံးနည်းပြဖြစ်သွားခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ နောက်ဆုံးအကြိမ်က ၁၉၂၁ ခုနှစ်မှာပါ။ နည်းပြဂျွန်ချက်ပ်မန်းနောက်ပိုင်း မန်ယူနည်းပြအဆက်ဆက် ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့မှတ်တမ်းဆိုးကို

တန်းဟတ်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သရဲနီတွေဟာလည်း ပြီးခဲ့တဲ့ရာသီအပါအဝင် ပရီးမီးယားလိဂ် အဝေးကွင်း ၇ ပွဲဆက်ရှုံးခဲ့တာကြောင့် ၁၉၃၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအဝေးကွင်းမှတ်တမ်းကို

ပိုင်ဆိုင်သွားခဲ့တာပါ။ အဆိုးဆုံးကတော့ ပွဲစဉ် ၂ ပွဲအပြီးမှာ အမှတ်ပေးဇယားကြမ်းခင်းကိုရောက်နေရပြီး ၁၉၉၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နောက်ပိုင်း အဆင့် ၂၀ နေရာမှာ ပထမဆုံးအကြိမ် ရပ်တည်နေရတာဖြစ်ပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ရာသီသစ္ ဒုတိယပြဲစဥ္မွာလည္း ရႈံးနိမ့္ခဲ့ရျပန္ပါၿပီ။ ဘ႐ိုက္တန္ကို အဖြင့္ပြဲမွာရႈံးထားတဲ့ သရဲနီေတြဟာ ဒီပြဲမွာလည္း ဘရန႔္ဖို႔ဒ္ကိုရႈံးတာေၾကာင့္ B နဲ႔စတဲ့အသင္းေတြကို

၂ ပတ္ဆက္တိုက္ အေရးနိမ့္ခဲ့ရတာပါ။ ၂ ပြဲကစားရာမွာ ေပးဂိုး ၆ ဂိုးရွိခဲ့ေပမယ့္ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တဲ့( ဘ႐ိုက္တန္နဲ႔ပြဲမွာရတာက OG )အေနအထားကလည္း အေတာ္ေလးဆိုး႐ြားေနပါတယ္။

အခုပြဲစဥ္မွာ ဂိုးသမားဒီဂီယာရဲ႕အမွားေတြရွိခဲ့ေပမယ့္ တာဝန္အရွိဆုံးျဖစ္တဲ့ နည္းျပတန္းဟတ္ရဲ႕လူထုတ္ပုံနဲ႔ နည္းဗ်ဴဟာပိုင္းကလည္း ေမးခြန္းထုတ္စရာေတြရွိခဲ့တာပါ။ မန္ယူဟာ ပထမပိုင္း ၃၅ မိနစ္မွာကတည္းက

၄ ဂိုးျပတ္ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီး နယ္သာလန္သားနည္းျပလည္း မွတ္တမ္းဆိုးေတြ ရင္ဝယ္ပိုက္သြားခဲ့ရပါတယ္။ အထူးသျဖင့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္အတြင္းမွာ မန္ယူကိုစတင္ကိုင္တြယ္ၿပီး ပရီးမီးယားလိဂ္ပြဲဦးထြက္ ၂ ပြဲဆက္ရႈံးတဲ့

ပထမဆုံးနည္းျပျဖစ္သြားခဲ့ပါတယ္။ ဒီလိုျဖစ္ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္က ၁၉၂၁ ခုႏွစ္မွာပါ။ နည္းျပဂြၽန္ခ်က္ပ္မန္းေနာက္ပိုင္း မန္ယူနည္းျပအဆက္ဆက္ ဘယ္သူမွမလုပ္ႏိုင္ခဲ့တဲ့မွတ္တမ္းဆိုးကို တန္းဟတ္စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ သရဲနီေတြဟာလည္း ၿပီးခဲ့တဲ့ရာသီအပါအဝင္ ပရီးမီးယားလိဂ္ အေဝးကြင္း ၇ ပြဲဆက္ရႈံးခဲ့တာေၾကာင့္ ၁၉၃၆ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးအေဝးကြင္းမွတ္တမ္းကို ပိုင္ဆိုင္သြားခဲ့တာပါ။

အဆိုးဆုံးကေတာ့ ပြဲစဥ္ ၂ ပြဲအၿပီးမွာ အမွတ္ေပးဇယားၾကမ္းခင္းကိုေရာက္ေနရၿပီး ၁၉၉၂ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္ေနာက္ပိုင္း အဆင့္ ၂၀ ေနရာမွာ ပထမဆုံးအႀကိမ္ ရပ္တည္ေနရတာျဖစ္ပါတယ္။