တောင်ကိုရီးယားနဲ့ပွဲမှာ လာဘ်ပွင့်အောင်လို့ ပွဲမတိုင်ခင် ဆံပင်ဆေးဆိုးပြီး ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခဲ့တဲ့ နေမာ

ဘရာဇီးလ်အသင်းနာမည်ကျော်ကစားသမား နေမာဟာ တောင်ကိုရီးယားနဲ့ပွဲမတိုင်ခင်

ဒိုဟာမြို့ကို အပြေးအလွှား လေယာဉ်နဲ့သွားပြီး သူ ညှပ်နေကျ ဆံပင်ညှပ်ဆရာဆီမှာ
ဆံပင်အရောင်ကို ငွေရောင်ဆိုးခဲ့ပါတယ်။

နေမာဟာ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့်
ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ပွဲတွေကို လွဲချော်ခဲ့ပြီး အခု တောင်ကိုရီးယားနဲ့
ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှ ပြန်ကစားနိုင်တာပါ။

နေမာက သူ့ ဒဏ်ရာအခြေအနေ တိုးတက်လာမှုကိုတောင် ဂရုမစိုက်နိုင်ဘဲ
တောင်ကိုရီးယားနဲ့ပွဲမတိုင်ခင် သူ့ ဆံပင်ကို ငွေရောင်ဖြစ်အောင် အသည်းအသန်
ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ တောင်ကိုရီးယားနဲ့ နောက်ဆုံးကစားခဲ့တဲ့
ပွဲတုန်းက နေမာဟာ ဆံပင်ငွေရောင်နဲ့ (၂)ဂိုးသွင်းယူနိုင်ခဲ့လို့ပါပဲ။

ပြီးခဲ့တဲ့ဇွန်လအတွင်း တောင်ကိုရီးယားနဲ့ ဘရာဇီးလ်တို့ ခြေစမ်းပွဲကစားခဲ့ပြီး ဘရာဇီးလ်က
နေမာရဲ့သွင်းဂိုးတွေအပါအဝင် (၅-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ နေမာဟာ အရမ်း

အယူသည်းတတ်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပြီး သူက တောင်ကိုရီးယားနဲ့ကစားမယ့်
ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဂိုးသွင်းနိုင်အောင် ဓာတ်ရိုက်ဓာတ်ဆင်အနေနဲ့ ဆံပင်ကို
ငွေရောင် ပြန်ဆိုးခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ ယတြာပဲကောင်းလို့လား . .ဒါမှမဟုတ် တိုက်ဆိုင်မှုလားဆိုတာ မပြောနိုင်ပေမယ့်
ပထမပိုင်း(၁၃)မိနစ်မှာ ရစ်ချာလီဆင်ကြောင့်ရတဲ့ ပယ်နယ်တီကနေ နေမာက ဂိုးသွင်းယူခဲ့ပါတယ်။
အခုသွင်းဂိုးက နေမာရဲ့ လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် (၇)ဂိုးမြောက် ကမ္ဘာ့ဖလား
ဂိုးဖြစ်ပြီး ဂန္ထဝင်တွေဖြစ်တဲ့ ပီလီ၊ ရော်နယ်လ်ဒိုတို့လိုပဲ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ခုမှာ

ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

[Zawgyi]

ဘရာဇီးလ္အသင္းနာမည္ေက်ာ္ကစားသမား ေနမာဟာ ေတာင္ကိုရီးယားနဲ႔ပြဲမတိုင္ခင္

ဒိုဟာၿမိဳ႕ကို အေျပးအလႊား ေလယာဥ္နဲ႔သြားၿပီး သူ ညႇပ္ေနက် ဆံပင္ညႇပ္ဆရာဆီမွာ
ဆံပင္အေရာင္ကို ေငြေရာင္ဆိုးခဲ့ပါတယ္။

ေနမာဟာ အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ဆားဘီးယားနဲ႔ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္
ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီး အခု ေတာင္ကိုရီးယားနဲ႔
ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွ ျပန္ကစားႏိုင္တာပါ။

ေနမာက သူ႔ ဒဏ္ရာအေျခအေန တိုးတက္လာမႈကိုေတာင္ ဂ႐ုမစိုက္ႏိုင္ဘဲ
ေတာင္ကိုရီးယားနဲ႔ပြဲမတိုင္ခင္ သူ႔ ဆံပင္ကို ေငြေရာင္ျဖစ္ေအာင္ အသည္းအသန္
ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ေတာင္ကိုရီးယားနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့
ပြဲတုန္းက ေနမာဟာ ဆံပင္ေငြေရာင္နဲ႔ (၂)ဂိုးသြင္းယူႏိုင္ခဲ့လို႔ပါပဲ။

ၿပီးခဲ့တဲ့ဇြန္လအတြင္း ေတာင္ကိုရီးယားနဲ႔ ဘရာဇီးလ္တို႔ ေျခစမ္းပြဲကစားခဲ့ၿပီး ဘရာဇီးလ္က
ေနမာရဲ႕သြင္းဂိုးေတြအပါအဝင္ (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ေနမာဟာ အရမ္း

အယူသည္းတတ္တဲ့ ေဘာလုံးသမားတစ္ဦးျဖစ္ၿပီး သူက ေတာင္ကိုရီးယားနဲ႔ကစားမယ့္
ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ဂိုးသြင္းႏိုင္ေအာင္ ဓာတ္႐ိုက္ဓာတ္ဆင္အေနနဲ႔ ဆံပင္ကို
ေငြေရာင္ ျပန္ဆိုးခဲ့တာျဖစ္ပါတယ္။

ေနမာရဲ႕ ယၾတာပဲေကာင္းလို႔လား . .ဒါမွမဟုတ္ တိုက္ဆိုင္မႈလားဆိုတာ မေျပာႏိုင္ေပမယ့္
ပထမပိုင္း(၁၃)မိနစ္မွာ ရစ္ခ်ာလီဆင္ေၾကာင့္ရတဲ့ ပယ္နယ္တီကေန ေနမာက ဂိုးသြင္းယူခဲ့ပါတယ္။
အခုသြင္းဂိုးက ေနမာရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ (၇)ဂိုးေျမာက္ ကမာၻ႔ဖလား
ဂိုးျဖစ္ၿပီး ဂႏၴဝင္ေတြျဖစ္တဲ့ ပီလီ၊ ေရာ္နယ္လ္ဒိုတို႔လိုပဲ မတူညီတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ(၃)ခုမွာ

ဂိုးသြင္းႏိုင္တဲ့ တတိယေျမာက္ ဘရာဇီးလ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။