တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ဆုံတွေ့မယ့် ဘရာဇီးလ်

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံး ဘရာဇီးလ်အသင်းဟာ ရှုံးထွက်(၁၆)သင်း

အဆင့်မှာ တောင်ကိုရီးယားကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်
တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲတုန်းက စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီကို အနိုင်ကစားပြီးတော့ အခုအဆင့်
ရောက်ရှိလာတဲ့ တောင်ကိုရီးယားအသင်းဟာ ဘရာဇီးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ
ပထမပိုင်းမှာကတည်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို
ပွဲအစ(၇)မိနစ်မှာပဲ ဗင်နီစီယက်စ်က သွင်းယူခဲ့ပြီး (၆)မိနစ်အကြာမှာ ရစ်ချာလီဆင်ကြောင့်ရတဲ့
ပယ်နယ်တီကို အခုပွဲမှ ပြန်ကစားနိုင်တဲ့ နေမာက သွင်းယူခဲ့ပါတယ်။

အဲဒီနောက် (၂၉)မိနစ်မှာ ရစ်ချာလီဆင်၊ (၃၆)မိနစ်မှာ လူးကပ်ပါကွယ်တာတို့က ဂိုးတွေ
ဆက်တိုက်သွင်းယူခဲ့ပြီး ၁၉၅၄ ပြိုင်ပွဲတုန်းက မက္ကဆီကိုနဲ့ပွဲနောက်ပိုင်း ဘရာဇီးလ်တို့

ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းအပြီးမှာပဲ ပြိုင်ဘက်ကို
(၄-ဝ)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းအတွက် သိက္ခာဆယ်ဂိုးကိုတော့ (၇၆)မိနစ်မှာ ကွင်းလယ်လူ
ပက်ဆောင်ဟိုက ပယ်နယ်တီဧရိယာထိပ်နားကနေ ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ တောင်ကိုရီးယားကို အနိုင်ရခဲ့တာကြောင့် လာမယ့် ကွာတားဖိုင်နယ်
အဆင့်မှာ ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရ ခရိုအေးရှားအသင်းနဲ့ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။

[Zawgyi]

ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ေအာင္ျမင္မႈအမ်ားဆုံး ဘရာဇီးလ္အသင္းဟာ ရႈံးထြက္(၁၆)သင္း
အဆင့္မွာ ေတာင္ကိုရီးယားကို (၄-၁)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ယူၿပီး ကြာတားဖိုင္နယ္
တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

အုပ္စုေနာက္ဆုံးပြဲတုန္းက စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီကို အႏိုင္ကစားၿပီးေတာ့ အခုအဆင့္
ေရာက္ရွိလာတဲ့ ေတာင္ကိုရီးယားအသင္းဟာ ဘရာဇီးလ္ကို ဘယ္လိုမွ မယွဥ္ႏိုင္ဘဲ

ပထမပိုင္းမွာကတည္းက ဂိုးျပတ္ရႈံးနိမ့္ခဲ့ပါတယ္။ ဘရာဇီးလ္အသင္းအတြက္ အဖြင့္ဂိုးကို
ပြဲအစ(၇)မိနစ္မွာပဲ ဗင္နီစီယက္စ္က သြင္းယူခဲ့ၿပီး (၆)မိနစ္အၾကာမွာ ရစ္ခ်ာလီဆင္ေၾကာင့္ရတဲ့
ပယ္နယ္တီကို အခုပြဲမွ ျပန္ကစားႏိုင္တဲ့ ေနမာက သြင္းယူခဲ့ပါတယ္။

အဲဒီေနာက္ (၂၉)မိနစ္မွာ ရစ္ခ်ာလီဆင္၊ (၃၆)မိနစ္မွာ လူးကပ္ပါကြယ္တာတို႔က ဂိုးေတြ
ဆက္တိုက္သြင္းယူခဲ့ၿပီး ၁၉၅၄ ၿပိဳင္ပြဲတုန္းက မကၠဆီကိုနဲ႔ပြဲေနာက္ပိုင္း ဘရာဇီးလ္တို႔
ဒုတိယအႀကိမ္အျဖစ္ ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲရဲ႕ ပထမပိုင္းအၿပီးမွာပဲ ၿပိဳင္ဘက္ကို
(၄-ဝ)ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားအသင္းအတြက္ သိကၡာဆယ္ဂိုးကိုေတာ့ (၇၆)မိနစ္မွာ ကြင္းလယ္လူ
ပက္ေဆာင္ဟိုက ပယ္နယ္တီဧရိယာထိပ္နားကေန ကန္ခ်က္ျပင္းျပင္းနဲ႔ သြင္းယူခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ ေတာင္ကိုရီးယားကို အႏိုင္ရခဲ့တာေၾကာင့္ လာမယ့္ ကြာတားဖိုင္နယ္
အဆင့္မွာ ၂၀၁၈ ကမာၻ႔ဖလား ဒုတိယဆုရ ခ႐ိုေအးရွားအသင္းနဲ႔ ဆုံေတြ႕ရေတာ့မွာျဖစ္ပါတယ္။