တေလာကို ငါတို့ပွဲတွေ မကိုင်ခိုင်းနဲ့တော့ဆိုတဲ့ တူချယ်ကို အက်ဖ်အေ စုံစမ်းစစ်ဆေးနေ

ချဲလ်ဆီးနည်းပြတူချယ်အတွက်တော့ စပါးနဲ့ပွဲဂယက်က မပြီးနိုင်သေးပါဘူး။ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကြောင့် အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှု

ခံနေရတယ်လို့ သိရပါတယ်။ အန်တိုနီတေလာဟာ ကူကူရယ်လာကို စပါးနောက်ခံလူရိုမီယို ဆံပင်ဆွဲထားပေမယ့် အပြစ်မပေးခဲ့သလို VAR ကြည့်ပြီး ထောင့်ကန်ဘောပါပေးလိုက်တာကြောင့်

စပါး ဒုတိယချေပဂိုးရသွားခဲ့တာပါ။ ဒါကြောင့် အန်တိုနီတေလာကို ချဲလ်ဆီးရဲ့လာမယ့်ပွဲတွေမှာ ကိုင်တွယ်ခွင့်မပေးတာ အကောင်းဆုံးပဲလို့ တူချယ်က ဝေဖန်ခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ယောက်က

သူတို့ရဲ့လာမယ့်ပွဲတွေအားလုံး အန်တိုနီတေလာကို တာဝန်မယူစေဖို့ လက်မှတ်ပေါင်း ၉၀၀၀၀ ကျော်ပါဝင်တဲ့ အသနားခံစာကို တူချယ်ကထောက်ခံရာက စခဲ့တာပါ။ “ ပရိသတ်တွေတောင် ဒါမှန်တယ်လို့

ထင်နေကြတယ်။ ဒီလိုဖြစ်မယ်လို့ ကျွန်တော်တောင် မထင်ခဲ့ပါဘူး။ ချဲလ်ဆီးအသင်းသာမက သက်ဆိုင်သူအားလုံး ဒီလိုခံစားနေရမယ်ဆိုတာ သေချာပါတယ်။ သူတို့ရဲ့ပထမဂိုးက ဘာကြောင့်လူမကျွံရတာလဲ၊

ကစားသမားတစ်ယောက်ကို ဆံပင်ဆွဲပြီးလှဲချသွားတဲ့သူက ဘာကြောင့်ကွင်းထဲမှာ ဆက်ရှိနေရတာလဲ။ ကျွန်တော် နားမလည်နိုင်ပါဘူး ” လို့ တူချယ်က ပြောခဲ့တာပါ။ အဲဒီပွဲမှာ တူချယ်ဟာ ပြိုင်ဘက်နည်းပြကွန်တီနဲ့လည်း

၂ ကြိမ်တိုင် ပြဿနာတက်ခဲ့ပါသေးတယ်။ နှစ်ယောက်လုံးကို အန်တိုနီတေလာက အနီကတ်ပြခဲ့သလို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အက်ဖ်အေက အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

(zawgyi)

ခ်ဲလ္ဆီးနည္းျပတူခ်ယ္အတြက္ေတာ့ စပါးနဲ႔ပြဲဂယက္က မၿပီးႏိုင္ေသးပါဘူး။ ကြင္းလယ္ဒိုင္လူႀကီး အန္တိုနီေတလာကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တာေၾကာင့္ အက္ဖ္ေအရဲ႕စုံစမ္းစစ္ေဆးမႈ

ခံေနရတယ္လို႔ သိရပါတယ္။ အန္တိုနီေတလာဟာ ကူကူရယ္လာကို စပါးေနာက္ခံလူ႐ိုမီယို ဆံပင္ဆြဲထားေပမယ့္ အျပစ္မေပးခဲ့သလို VAR ၾကည့္ၿပီး ေထာင့္ကန္ေဘာပါေပးလိုက္တာေၾကာင့္

စပါး ဒုတိယေခ်ပဂိုးရသြားခဲ့တာပါ။ ဒါေၾကာင့္ အန္တိုနီေတလာကို ခ်ဲလ္ဆီးရဲ႕လာမယ့္ပြဲေတြမွာ ကိုင္တြယ္ခြင့္မေပးတာ အေကာင္းဆုံးပဲလို႔ တူခ်ယ္က ေဝဖန္ခဲ့ပါတယ္။ ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္က

သူတို႔ရဲ႕လာမယ့္ပြဲေတြအားလုံး အန္တိုနီေတလာကို တာဝန္မယူေစဖို႔ လက္မွတ္ေပါင္း ၉၀၀၀၀ ေက်ာ္ပါဝင္တဲ့ အသနားခံစာကို တူခ်ယ္ကေထာက္ခံရာက စခဲ့တာပါ။ “ ပရိသတ္ေတြေတာင္

ဒါမွန္တယ္လို႔ ထင္ေနၾကတယ္။ ဒီလိုျဖစ္မယ္လို႔ ကြၽန္ေတာ္ေတာင္ မထင္ခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းသာမက သက္ဆိုင္သူအားလုံး ဒီလိုခံစားေနရမယ္ဆိုတာ ေသခ်ာပါတယ္။ သူတို႔ရဲ႕ပထမဂိုးက

ဘာေၾကာင့္လူမကြၽံရတာလဲ၊ ကစားသမားတစ္ေယာက္ကို ဆံပင္ဆြဲၿပီးလွဲခ်သြားတဲ့သူက ဘာေၾကာင့္ကြင္းထဲမွာ ဆက္ရွိေနရတာလဲ။ ကြၽန္ေတာ္ နားမလည္ႏိုင္ပါဘူး ” လို႔ တူခ်ယ္က ေျပာခဲ့တာပါ။

အဲဒီပြဲမွာ တူခ်ယ္ဟာ ၿပိဳင္ဘက္နည္းျပကြန္တီနဲ႔လည္း ၂ ႀကိမ္တိုင္ ျပႆနာတက္ခဲ့ပါေသးတယ္။ ႏွစ္ေယာက္လုံးကို အန္တိုနီေတလာက အနီကတ္ျပခဲ့သလို ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အက္ဖ္ေအက အေသးစိတ္စစ္ေဆးေနတယ္လို႔ သိရပါတယ္။