တူးလော့စ်ပရိသတ်တွေအားလုံး မတ်တပ်ရပ် သြဘာပေးပြီး မက်ဆီကို ချီးကျူးဂုဏ်ပြုခဲ့ကြရ

Stadium de Toulouse ကွင်းကြီးထဲက တူးလော့စ်ပရိသတ်တွေအားလုံး မက်ဆီကို ချီးကျူးဂုဏ်ပြုခဲ့ကြရပါတယ်။ ပြင်သစ်တောင်ပိုင်းမှာကစားတဲ့ ဒီပွဲစဉ်မှာ နည်းပြဂယ်လ်တီယာရဲ့အသင်းဟာ ၃ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ အာဂျင်တီးနားကြယ်ပွင့်ဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ၈၃ မိနစ်မှာ ဟာကီမီနဲ့ လူစားလဲမခံရခင် နေမာနဲ့ အမ်ဘာပီတို့သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနောက်ခံလူ ၃ ယောက်ကြားကနေ မက်ဆီခင်းပေးလိုက်တဲ့ဘောလုံးဟာ နေမာအတွက် ဂိုးသွင်းဖို့အဆင်သင့်လောက်အောင် လွယ်ကူစေခဲ့ပါတယ်။

လူကျွံတယ်ဆိုတဲ့ သံသယကိုလည်း VAR က ချေဖျက်ပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ နောက်ခံလူတွေကို လှည့်စားပြီး အမ်ဘာပီအတွက် ဖန်တီးမှုကလည်း တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ မိနစ် ၉၀ မှာ ဘားနက်က ပါရီကလပ်အတွက် တတိယဂိုးသွင်းသွားခဲ့တာပါ။

အံ့အားသင့်စရာကောင်းလောက်အောင် အိမ်ရှင်တူးလော့စ်ပရိသတ်တွေ ဘောလုံးကိုချစ်ပုံက ၈၃ မိနစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပေမယ့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရဲ့ အဆင့်မြင့်မားတဲ့ဖန်တီးမှုတွေအတွက် ဂုဏ်ပြုပေးခဲ့ကြတာပါ။

လူစားလဲခံရပြီး ကွင်းထဲကနေ မက်ဆီထွက်လာချိန်မှာ တူးလော့စ်ပရိသတ်တွေအားလုံး မတ်တပ်ရပ် သြဘာပေးပြီး အာဂျင်တီးနားတိုက်စစ်မှူးရဲ့စွမ်းဆောင်မှုကို တလေးတစား အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ ပီအက်စ်ဂျီအတွက် ဒီနိုင်ပွဲဟာ မိုနာကိုနဲ့သရေကျခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတဲ့အမှတ်တွေအတွက်

ပြန်လည်ဖာထေးနိုင်ခဲ့သလို လန်းစ်နဲ့မာဆေးလ်ကို ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ပြီးခဲ့တဲ့ လီဂူး ၅ ပွဲမှာ ၃ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။ ငယ်ဘဝကလပ် ဘာစီလိုနာကို ဘဏ္ဍာရေးအကြပ်အတည်းကြောင့်

စွန့်ခွာခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြင်သစ်ရောက်ပြီး ပထမရာသီမှာ လိဂ်ဂိုး ၆ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့ရဲ့ MNM တိုက်စစ်ကို မျှော်လင့်နေကြတဲ့ပရိသတ်တွေ

မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒီအတွဲဟာတိုးတက်လာဖို့ရှိနေပြီး နေမာက ၇ ဂိုးသွင်း ၆ ဂိုး ဖန်တီးပေးထားသလို အမ်ဘာပီကလည်း ၅ ဂိုး သွင်းထားပါတယ်။

(zawgyi)

Stadium de Toulouse ကြင္းႀကီးထဲက တူးေလာ့စ္ပရိသတ္ေတြအားလုံး မက္ဆီကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကရပါတယ္။ ျပင္သစ္ေတာင္ပိုင္းမွာကစားတဲ့ ဒီပြဲစဥ္မွာ နည္းျပဂယ္လ္တီယာရဲ႕အသင္းဟာ ၃ ဂိုးျပတ္အႏိုင္ရခဲ့တာပါ။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဒီပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ ၈၃ မိနစ္မွာ ဟာကီမီနဲ႔ လူစားလဲမခံရခင္ ေနမာနဲ႔ အမ္ဘာပီတို႔သြင္းဂိုးေတြကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီေနာက္ခံလူ ၃ ေယာက္ၾကားကေန မက္ဆီခင္းေပးလိုက္တဲ့ေဘာလုံးဟာ

ေနမာအတြက္ ဂိုးသြင္းဖို႔အဆင္သင့္ေလာက္ေအာင္ လြယ္ကူေစခဲ့ပါတယ္။ လူကြၽံတယ္ဆိုတဲ့ သံသယကိုလည္း VAR က ေခ်ဖ်က္ၿပီး ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့တာပါ။ ေနာက္ခံလူေတြကို လွည့္စားၿပီး အမ္ဘာပီအတြက္ ဖန္တီးမႈကလည္း

တကယ့္ကိုေကာင္းမြန္ခဲ့ပါတယ္။ မိနစ္ ၉၀ မွာ ဘားနက္က ပါရီကလပ္အတြက္ တတိယဂိုးသြင္းသြားခဲ့တာပါ။ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အိမ္ရွင္တူးေလာ့စ္ပရိသတ္ေတြ ေဘာလုံးကိုခ်စ္ပုံက ၈၃ မိနစ္မွာ ေပၚထြက္လာခဲ့ပါတယ္။

သူတို႔ အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးေပမယ့္ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားရဲ႕ အဆင့္ျမင့္မားတဲ့ဖန္တီးမႈေတြအတြက္ ဂုဏ္ျပဳေပးခဲ့ၾကတာပါ။ လူစားလဲခံရၿပီး ကြင္းထဲကေန မက္ဆီထြက္လာခ်ိန္မွာ တူးေလာ့စ္ပရိသတ္ေတြအားလုံး မတ္တပ္ရပ္ ၾသဘာေပးၿပီး

အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕စြမ္းေဆာင္မႈကို တေလးတစား အသိအမွတ္ျပဳေပးခဲ့ၾကပါတယ္။ ပီအက္စ္ဂ်ီအတြက္ ဒီႏိုင္ပြဲဟာ မိုနာကိုနဲ႔သေရက်ခဲ့တာေၾကာင့္ ဆုံးရႈံးခဲ့ရတဲ့အမွတ္ေတြအတြက္ ျပန္လည္ဖာေထးႏိုင္ခဲ့သလို လန္းစ္နဲ႔မာေဆးလ္ကို

ဂိုးကြာျခားခ်က္အသာနဲ႔ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ မက္ဆီကေတာ့ ၿပီးခဲ့တဲ့ လီဂူး ၅ ပြဲမွာ ၃ ဂိုးသြင္းၿပီး ၄ ဂိုး ဖန္တီးေပးႏိုင္ခဲ့တာပါ။ ငယ္ဘဝကလပ္ ဘာစီလိုနာကို ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ စြန႔္ခြာခဲ့ရတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ျပင္သစ္ေရာက္ၿပီး ပထမရာသီမွာ လိဂ္ဂိုး ၆ ဂိုး

သာသြင္းႏိုင္ခဲ့ပါတယ္။ တနည္းအားျဖင့္ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီတို႔ရဲ႕ MNM တိုက္စစ္ကို ေမွ်ာ္လင့္ေနၾကတဲ့ပရိသတ္ေတြ မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္ခဲ့ၾကတာပါပဲ။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ဒီအတြဲဟာတိုးတက္လာဖို႔ရွိေနၿပီး ေနမာက ၇ ဂိုးသြင္း ၆ ဂိုး ဖန္တီးေပးထားသလို အမ္ဘာပီကလည္း ၅ ဂိုး သြင္းထားပါတယ္။