
တူရကီကို အနိုင်ယူပြီး တစ်ရက်အကြာမှာပဲ ရော်နယ်ဒိုက Recovery ဆိုပြီး
သူ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံတွေကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
တစ်ဦးတည်းလေ့ကျင့်ခန်းဖြစ်ပုံရပါတယ်။ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲက
၃၀ ရက်နေ့မှ ကစားရမှာပါ။ လေးငါးရက်လောက် အချိန်ရပေမယ့်
ရော်နယ်ဒိုက အချိန်မဆွဲ၊ အပျင်းမထူဘဲ ကြံ့ခိုင်မှုပြည့်ဝနေဖို့
ကိုယ်ပိုင်လေ့ကျင့်မှုတွေ လုပ်နေတာပါ။
သူ ဂိုးသွင်းနှုန်းကျချင်ကျလာမယ်၊ ခြေစွမ်းမပြနိုင်တာတွေများချင်များလာမယ်၊
ခြေအနုတ်အသိမ်းတွေ လေးချင်လေးလံလာပါလိမ့်မယ်။
ဒါပေမယ့် သူ့ရဲ့ နိုင်လိုစိတ်ပြင်းပြမှုနဲ့ အကောင်းဆုံးပုံစံဖြစ်နေစေဖို့
ဆိုတာတွေကတော့ ပိုလို့တောင်မှကြီးထွားနေပါတယ်။
အနည်းဆုံးတော့ ကွင်းထဲမှာ အသင်းဖော်တွေကို သူ စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့
လှုံ့ဆော်မှုတွေ ပေးနေနိုင်ပါသေးတယ်။ မြောက်မက်စီဒိုးနီးယားအသင်း
အပေါ်ကိုလည်း အထင်မသေးဘဲ လေးစားမှုထားဖို့ စီရော်နယ်ဒိုက
အသင်းဖော်တွေကို သတိပေးစကားဆိုထားပါတယ်။
ပေါ်တူဂီနဲ့ မြောက်မက်စီဒိုးနီးယားတို့ရဲ့ပွဲစဉ်ကိုတော့ မတ်လ ၃၀ ရက်နေ့
မနက် ၁ နာရီ ၁၅ မိနစ်မှာ ကစားသွားမှာဖြစ်ပါတယ်။
နာမည်ကြီး အီတလီကို ကျော်ဖြတ်လာခဲ့တာကြောင့် ပေါ်တူဂီအနေနဲ့
လွယ်လွယ်ကူကူအနိုင်ရသွားမယ်လို့ တွေးထားမယ်ဆိုရင်
နောင်တရသွားနိုင်တဲ့အခြေအနေမှာ ရှိနေတာပါ။
zawgyi
တူရကီနဲ႔ပြဲမွာ ႏုိင္ပြဲရထားေပမယ့္ ေနာက္ပြဲစဥ္အတြက္ အခ်ိန္မဆြဲဘဲ ေလ့က်င့္ခန္းဆင္းေနတဲ့ ေရာ္နယ္ဒုိ
တူရကီကို အႏိုင္ယူၿပီး တစ္ရက္အၾကာမွာပဲ ေရာ္နယ္ဒိုက Recovery ဆိုၿပီး
သူ ေလ့က်င့္ခန္းလုပ္ေနတဲ့ပုံေတြကို လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ပါတယ္။
တစ္ဦးတည္းေလ့က်င့္ခန္းျဖစ္ပုံရပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲက
၃၀ ရက္ေန႔မွ ကစားရမွာပါ။ ေလးငါးရက္ေလာက္ အခ်ိန္ရေပမယ့္
ေရာ္နယ္ဒိုက အခ်ိန္မဆြဲ၊ အပ်င္းမထူဘဲ ႀကံ့ခိုင္မႈျပည့္ဝေနဖို႔
ကိုယ္ပိုင္ေလ့က်င့္မႈေတြ လုပ္ေနတာပါ။
သူ ဂိုးသြင္းႏႈန္းက်ခ်င္က်လာမယ္၊ ေျခစြမ္းမျပႏိုင္တာေတြမ်ားခ်င္မ်ားလာမယ္၊
ေျခအႏုတ္အသိမ္းေတြ ေလးခ်င္ေလးလံလာပါလိမ့္မယ္။
ဒါေပမယ့္ သူ႔ရဲ႕ ႏိုင္လိုစိတ္ျပင္းျပမႈနဲ႔ အေကာင္းဆုံးပုံစံျဖစ္ေနေစဖို႔
ဆိုတာေတြကေတာ့ ပိုလို႔ေတာင္မွႀကီးထြားေနပါတယ္။
အနည္းဆုံးေတာ့ ကြင္းထဲမွာ အသင္းေဖာ္ေတြကို သူ စိတ္ပိုင္းဆိုင္ရာခြန္အားနဲ႔
လႈံ႕ေဆာ္မႈေတြ ေပးေနႏိုင္ပါေသးတယ္။ ေျမာက္မက္စီဒိုးနီးယားအသင္း
အေပၚကိုလည္း အထင္မေသးဘဲ ေလးစားမႈထားဖို႔ စီေရာ္နယ္ဒိုက
အသင္းေဖာ္ေတြကို သတိေပးစကားဆိုထားပါတယ္။
ေပၚတူဂီနဲ႔ ေျမာက္မက္စီဒိုးနီးယားတို႔ရဲ႕ပြဲစဥ္ကိုေတာ့ မတ္လ ၃၀ ရက္ေန႔
မနက္ ၁ နာရီ ၁၅ မိနစ္မွာ ကစားသြားမွာျဖစ္ပါတယ္။
နာမည္ႀကီး အီတလီကို ေက်ာ္ျဖတ္လာခဲ့တာေၾကာင့္ ေပၚတူဂီအေနနဲ႔
လြယ္လြယ္ကူကူအႏိုင္ရသြားမယ္လို႔ ေတြးထားမယ္ဆိုရင္
ေနာင္တရသြားႏိုင္တဲ့အေျခအေနမွာ ရွိေနတာပါ။
Leave a Reply