တူရကီစူပါလိဂ်ကလပ်ကို ဝယ်ယူပြီး ချဲလ်ဆီးလို အရည်အသွေးမြင့်အောင် မြှင့်တင်ပေးဦးမယ့် မိုဗစ်ချ်

ချဲလ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ် ကတော့

မကြာမီ ကာလအတွင်းမှာ သူ ပိုင်ဆိုင်တဲ့ ချဲလ်ဆီးကို ရောင်းချရတော့မှာ ဖြစ်တာကြောင့်

နောက်ထပ် ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူဖို့ အတွက် ပြင်ဆင်နေကြောင်း

ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အေဘရာမိုဗစ်ချ်ဟာ၂၀၀၃ခုနှစ်တုန်းကကန်ဘိတ်ထံမှဝယ်ယူခဲ့ပြီးနောက်

ချဲလ်ဆီးကိုဥရောပထိပ်သီးကလပ်တစ်ခုဖြစ်လာအောင်ရင်းနှီးမြှုပ်နှံပေးခဲ့ပါတယ်။

သူဟာချဲလ်ဆီးကိုရောင်းချမှုမှပေါင်၃.၅ဘီလီယံအထိရရှိရန်မျှော်လင့်နေပေမဲ့

ပေါင်၃ဘီလီယံခန့်ဖြင့်အရောင်းအဝယ်ဖြစ်လာဖို့ရှိပါတယ်။

တကယ်လို့များအဲဒီပမာဏဖြင့်ရောင်းချမှုဖြစ်လာပါကချဲလ်ဆီးရောင်းချမှုမှာ

အားကစားသမိုင်းတွင်ဈေးအမြင့်မားဆုံးကလပ်ရောင်းချမှုဖြစ်လာပါမယ်။

လက်ရှိအားကစားသမိုင်းတွင်ဈေးအကြီးမားဆုံးဝယ်ယူမှုအဖြစ်၂၀၁၉ခုနှစ်တုန်းက

NBA ကလပ် Brooklyn Nets ကိုဂျိုးဆက်ဖ်စိုင်းကပေါင်၂.၅ဘီလီယံဖြင့်

ဝယ်ယူမှုကရပ်တည်နေပါတယ်။ ဒါပေမယ့် ဗြိတိန်အစိုးရရဲ့

အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားမှုကြောင့် မိုဗစ်ချ်အနေနဲ့

ချဲလ်ဆီးကို ရောင်းချရာကနေ ရလာမယ့် ပိုက်ဆံတွေကို လက်ခံနိုင်ဖွယ် မရှိသေးဘဲ

မိုဗစ်ချ်ကတော့ သူ့ရဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးမှုအား ပြသနိုင်ဖို့ အတွက်

တူရကီ စူပါလိဂ်ကလပ် ဂေါ့တီပီကို ဝယ်ယူကာ ထပ်မံ ပျိုးထောင်ဖို့ စီစဉ်နေပါတယ်။

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဘရာမိုဗစ်ချ်ရဲ့ ကိုယ်စားလှယ် တချို့ဟာ

တူရကီ စူပါလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ဂေါ့တီပီကို ဝယ်ယူဖို့

တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး တူရကီအစိုးရကလည်း

သူတို့နိုင်ငံအတွင်းမှာ မိုဗစ်ချ်လို ထိပ်တန်း သန်းကြွယ်သူဌေးရဲ့

ရင်းနှီးမြှုပ်နှံမှုမျိုးကို မြင်တွေ့ချင်နေတာကြောင့် မိုဗစ်ချ်ရဲ့ ဂေါ့တီပီအသင်းကို

ဝယ်ယူမှုအား တတ်စွမ်းသရွေ့ အကူအညီ ပေးမယ်လို့ ကတိပေးထားကြောင်း သိရပါတယ်။

zawgyi

တူရကီစူပါလိဂ္ကလပ္ကို ဝယ္ယူၿပီး ခ်ဲလ္ဆီးလုိ အရည္အေသြးျမင့္ေအာင္ ျမႇင့္တင္ေပးဦးမယ့္ မုိဗစ္ခ်္

ခ်ဲလ္ဆီးရဲ႕ ပိုင္ရွင္ျဖစ္သူ ႐ုရွားသန္းႂကြယ္သူေဌး ေအဘရာမိုဗစ္ခ်္ ကေတာ့

မၾကာမီ ကာလအတြင္းမွာ သူ ပိုင္ဆိုင္တဲ့ ခ်ဲလ္ဆီးကို ေရာင္းခ်ရေတာ့မွာ ျဖစ္တာေၾကာင့္

ေနာက္ထပ္ ေဘာလုံးအသင္း တစ္သင္းကို ဝယ္ယူဖို႔ အတြက္ ျပင္ဆင္ေနေၾကာင္း

ဥေရာပ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

ေအဘရာမိုဗစ္ခ်္ဟာ၂၀၀၃ခုႏွစ္တုန္းကကန္ဘိတ္ထံမွဝယ္ယူခဲ့ၿပီးေနာက္

ခ်ဲလ္ဆီးကိုဥေရာပထိပ္သီးကလပ္တစ္ခုျဖစ္လာေအာင္ရင္းႏွီးျမႇဳပ္ႏွံေပးခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးကိုေရာင္းခ်မႈမွေပါင္၃.၅ဘီလီယံအထိရရွိရန္ေမွ်ာ္လင့္ေနေပမဲ့

ေပါင္၃ဘီလီယံခန႔္ျဖင့္အေရာင္းအဝယ္ျဖစ္လာဖို႔ရွိပါတယ္။

တကယ္လို႔မ်ားအဲဒီပမာဏျဖင့္ေရာင္းခ်မႈျဖစ္လာပါကခ်ဲလ္ဆီးေရာင္းခ်မႈမွာ

အားကစားသမိုင္းတြင္ေဈးအျမင့္မားဆုံးကလပ္ေရာင္းခ်မႈျဖစ္လာပါမယ္။

လက္ရွိအားကစားသမိုင္းတြင္ေဈးအႀကီးမားဆုံးဝယ္ယူမႈအျဖစ္၂၀၁၉ခုႏွစ္တုန္းက

NBA ကလပ္ Brooklyn Nets ကိုဂ်ိဳးဆက္ဖ္စိုင္းကေပါင္၂.၅ဘီလီယံျဖင့္

ဝယ္ယူမႈကရပ္တည္ေနပါတယ္။ ဒါေပမယ့္ ၿဗိတိန္အစိုးရရဲ႕

ေအဘရာမိုဗစ္ခ်္အေပၚ ပိတ္ဆို႔မႈေတြ ျပဳလုပ္ထားမႈေၾကာင့္ မိုဗစ္ခ်္အေနနဲ႔

ခ်ဲလ္ဆီးကို ေရာင္းခ်ရာကေန ရလာမယ့္ ပိုက္ဆံေတြကို လက္ခံႏိုင္ဖြယ္ မရွိေသးဘဲ

မိုဗစ္ခ်္ကေတာ့ သူ႔ရဲ႕ ေဘာလုံးအားကစားကို ခ်စ္ျမတ္ႏိုးမႈအား ျပသႏိုင္ဖို႔ အတြက္

တူရကီ စူပါလိဂ္ကလပ္ ေဂါ့တီပီကို ဝယ္ယူကာ ထပ္မံ ပ်ိဳးေထာင္ဖို႔ စီစဥ္ေနပါတယ္။

CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေအဘရာမိုဗစ္ခ်္ရဲ႕ ကိုယ္စားလွယ္ တခ်ိဳ႕ဟာ

တူရကီ စူပါလိဂ္မွာ တန္းမဆင္းရဖို႔ ႐ုန္းကန္ေနတဲ့ ေဂါ့တီပီကို ဝယ္ယူဖို႔

တရားဝင္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနၿပီး တူရကီအစိုးရကလည္း

သူတို႔ႏိုင္ငံအတြင္းမွာ မိုဗစ္ခ်္လို ထိပ္တန္း သန္းႂကြယ္သူေဌးရဲ႕

ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးကို ျမင္ေတြ႕ခ်င္ေနတာေၾကာင့္ မိုဗစ္ခ်္ရဲ႕ ေဂါ့တီပီအသင္းကို

ဝယ္ယူမႈအား တတ္စြမ္းသေ႐ြ႕ အကူအညီ ေပးမယ္လို႔ ကတိေပးထားေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*