တူချယ် ခလုပ်တိုက်လဲသွားအောင် ခြေထိုးမခံခဲ့မိတာကို ကွန်တီ နောင်တရနေ

ချဲလ်ဆီးနဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်က နည်းပြနှစ်ယောက်တင်းမာမှုက အဆုံးမသတ်နိုင်သေးပါဘူး။ စပါးအသင်း ပထမချေပဂိုးရချိန်မှာ ချဲလ်ဆီးအသင်းနည်းပြဧရိယာအထိ သွားရောက်အောင်ပွဲခံတဲ့

ကွန်တီဟာ တူချယ်နဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် ပွဲအပြီး လက်ဆွဲနှုတ်ဆက်ရာမှာလည်း တစ်ယောက်လက်တစ်ယောက် ဖြစ်ညှစ်ပြီးမလွှတ်ကြဘဲ အခြေအနေတင်းမာလာတာကြောင့်

ဒိုင်လူကြီးအန်တိုနီတေလာက နှစ်ယောက်လုံးကို အနီကတ်ပြတဲ့အထိဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးအတွက် ရီဆီဂျိမ်းစ် ဒုတိယဂိုးသွင်းလိုက်ချိန်မှာလည်း တူချယ်က ကွန်တီရှိရာဘက်ပြေးပြီး အောင်ပွဲခံခဲ့တာပါပဲ။

စပါးနည်းပြကတော့ စိတ်ပျက်ပြီး ခေါင်းငုံ့နေချိန်ဖြစ်လို့ မမြင်ခဲ့ပါဘူး။ ဒါပေမဲ့ အင်စတာဂရမ်မှာ “ ငါ မတွေ့လိုက်တာ မင်းကံကောင်းသွားတယ်။  မဟုတ်လို့ကတော့ မင်းကို

ခလုပ်တိုက်ပြီးလဲကျသွားအောင် လုပ်လိုက်မှာ ” လို့ ကွန်တီက လှောင်ပြောင်ရေးသားလိုက်တာပါ။ သူဟာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း တူချယ်နဲ့ငြိတဲ့အကြောင်း အမေးခံရချိန်မှာ

“ ပွဲအကြောင်းပြောတာပဲ ပိုကောင်းလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှထပ်မပြောချင်ဘူး။ ဒါကို ပြဿနာလို့သတ်မှတ်ရင်လည်း တူချယ်နဲ့ကျွန်တော့်ကြားက ပြဿနာသက်သက်ပဲဖြစ်လိမ့်မယ်။ ပြီးတော့ ကျွန်တော့်က

သိပ်ပြီး တည်ငြိမ်သူကြီးမှမဟုတ်တာ။ ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်းလုပ်လာရင် ကျွန်တော်ကလည်း ငြိမ်နေမှာတော့မဟုတ်ဘူး။ ခပ်ကြမ်းကြမ်းပဲ တုံ့ပြန်မှာပါ ” လို့ ပြောခဲ့ပါသေးတယ်။

(zawgyi)

ခ်ဲလ္ဆီးနဲ႔စပါးတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္က နည္းျပႏွစ္ေယာက္တင္းမာမႈက အဆုံးမသတ္ႏိုင္ေသးပါဘူး။ စပါးအသင္း ပထမေခ်ပဂိုးရခ်ိန္မွာ ခ်ဲလ္ဆီးအသင္းနည္းျပဧရိယာအထိ

သြားေရာက္ေအာင္ပြဲခံတဲ့ ကြန္တီဟာ တူခ်ယ္နဲ႔ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။ ဒါ့အျပင္ ပြဲအၿပီး လက္ဆြဲႏႈတ္ဆက္ရာမွာလည္း တစ္ေယာက္လက္တစ္ေယာက္ ျဖစ္ညႇစ္ၿပီးမလႊတ္ၾကဘဲ အေျခအေနတင္းမာလာတာေၾကာင့္

ဒိုင္လူႀကီးအန္တိုနီေတလာက ႏွစ္ေယာက္လုံးကို အနီကတ္ျပတဲ့အထိျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးအတြက္ ရီဆီဂ်ိမ္းစ္ ဒုတိယဂိုးသြင္းလိုက္ခ်ိန္မွာလည္း တူခ်ယ္က ကြန္တီရွိရာဘက္ေျပးၿပီး ေအာင္ပြဲခံခဲ့တာပါပဲ။

စပါးနည္းျပကေတာ့ စိတ္ပ်က္ၿပီး ေခါင္းငုံ႔ေနခ်ိန္ျဖစ္လို႔ မျမင္ခဲ့ပါဘူး။ ဒါေပမဲ့ အင္စတာဂရမ္မွာ “ ငငါ မေတြ႔လိုက္တာ မင္းကံေကာင္းသြားတယ္။  မဟုတ္လို႔ကေတာ့ မင္းကို ခလုပ္တိုက္ၿပီးလဲက်သြားေအာင္ လုပ္လိုက္မွာ ” လို႔

ကြန္တီက ေလွာင္ေျပာင္ေရးသားလိုက္တာပါ။ သူဟာ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာလည္း တူခ်ယ္နဲ႔ၿငိတဲ့အေၾကာင္း အေမးခံရခ်ိန္မွာ “ ပြဲအေၾကာင္းေျပာတာပဲ ပိုေကာင္းလိမ့္မယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွထပ္မေျပာခ်င္ဘူး။ ဒါကို ျပႆနာလို႔သတ္မွတ္ရင္လည္း တူခ်ယ္နဲ႔ကြၽန္ေတာ့္ၾကားက ျပႆနာသက္သက္ပဲျဖစ္လိမ့္မယ္။ ၿပီးေတာ့ ကြၽန္ေတာ့္က သိပ္ၿပီး တည္ၿငိမ္သူႀကီးမွမဟုတ္တာ။

ကြၽန္ေတာ့္ကို ၾကမ္းၾကမ္းတမ္းတမ္းလုပ္လာရင္ ကြၽန္ေတာ္ကလည္း ၿငိမ္ေနမွာေတာ့မဟုတ္ဘူး။ ခပ္ၾကမ္းၾကမ္းပဲ တုံ႔ျပန္မွာပါ ” လို႔ ေျပာခဲ့ပါေသးတယ္။