တူချယ်လက်ထက်မှာ ချဲလ်ဆီးက ကောင်းတော့ကောင်းတယ် ပျင်းစရာကောင်းနေတာဆိုတဲ့ အဘွန်လဟော်

ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီး ရုန်းရင်းကန်ရင်းနဲ့ အနိုင်ရခဲ့တဲ့နောက် နောက်ဆက်တွဲဂယက်တွေ အတော်လေးများခဲ့ပါတယ်။ အထူးသဖြင့် ကော်နတ်ရဲ့နောက်ကျဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ဆုံးဖြတ်ချက်နဲ့ ကွင်းလယ်ဒိုင်

အန်ဒီမက်ဒ်လေးတို့ကို အများဆုံးဝေဖန်ကြတာပါ။ ဝက်စ်ဟမ်းပရိသတ်တွေက ရလဒ်အတွက်၊ ဆုံးဖြတ်ချက်အတွက် ပေါက်ကွဲကြပေမယ့် Talk Sport ရုပ်သံမှာ ဘောလုံးပွဲဝေဖန်တင်ဆက်သူလုပ်နေတဲ့ အက်စ်တွန်ဗီလာတိုက်စစ်မှူးဟောင်း

အဘွန်လဟော်ကတော့ ချဲလ်ဆီးရဲ့ကစားပုံကို ရှုတ်ချလိုက်ပါတယ်။ နည်းပြတူချယ်လက်ထက်မှာ ချဲလ်ဆီးကစားပုံဟာ ကောင်းတော့ကောင်းတယ် ပျင်းစရာကောင်းနေတာလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ ဒီနွေဈေးကွက်မှာ သူတို့သုံးခဲ့တဲ့ ငွေကြေးကိုကြည့်လိုက်လေ။ ကျွန်တော် ဘာကိုဆိုလိုချင်လဲဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ဈေးကွက်သုံးစွဲမှု ပေါင် သန်း ၂၆၀ ပါ။

ဒါက ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်မပြောနဲ့ အဆင့် ၂ ဆိုတာတောင် မလုံလောက်ပါဘူး။ ငွေသုံးထားတာနဲ့ သူတို့ကစားပုံဟာ ဆန့်ကျင်ဘက်ပါပဲ။ အပေးအယူတွေကအစ အတော်လေးပျင်းစရာကောင်းနေတာပါ။

မနှစ်ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ အခုတော့ ချဲလ်ဆီးပရိသတ်တွေပါ ပြီးခဲ့တဲ့ပွဲကြည့်ပြီး လက်ခံကြလိမ့်မယ်ထင်တာပဲ။ သူတို့က နောက်တန်း ၅ ယောက်ထားပြီး ဒစ်လည်နေတာ။ VAR ကယ်နေလို့သာပေါ့ ” လို့ အဘွန်လဟော်က ဝေဖန်သွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၅ နေရာရောက်လာပေမယ့် သွင်းဂိုး ၈ ဂိုး ပေးဂိုး ၉ ဂိုးရှိခဲ့တာပါ။

(zawgyi)

ဝက္စ္ဟမ္းနဲ႔လန္ဒန္ဒါဘီပြဲမွာ ခ်ဲလ္ဆီး ႐ုန္းရင္းကန္ရင္းနဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ေနာက္ဆက္တြဲဂယက္ေတြ အေတာ္ေလးမ်ားခဲ့ပါတယ္။ အထူးသျဖင့္ ေကာ္နတ္ရဲ႕ေနာက္က်ဂိုးကို ခြင့္မျပဳခဲ့တဲ့ VAR ဆုံးျဖတ္ခ်က္နဲ႔ ကြင္းလယ္ဒိုင္ အန္ဒီမက္ဒ္ေလးတို႔ကို အမ်ားဆုံးေဝဖန္ၾကတာပါ။

ဝက္စ္ဟမ္းပရိသတ္ေတြက ရလဒ္အတြက္၊ ဆုံးျဖတ္ခ်က္အတြက္ ေပါက္ကြဲၾကေပမယ့္ Talk Sport ႐ုပ္သံမွာ ေဘာလုံးပြဲေဝဖန္တင္ဆက္သူလုပ္ေနတဲ့ အက္စ္တြန္ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္ကေတာ့ ခ်ဲလ္ဆီးရဲ႕ကစားပုံကို ရႈတ္ခ်လိုက္ပါတယ္။

နည္းျပတူခ်ယ္လက္ထက္မွာ ခ်ဲလ္ဆီးကစားပုံဟာ ေကာင္းေတာ့ေကာင္းတယ္ ပ်င္းစရာေကာင္းေနတာလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ “ ဒီေႏြေဈးကြက္မွာ သူတို႔သုံးခဲ့တဲ့ ေငြေၾကးကိုၾကည့္လိုက္ေလ။

ကြၽန္ေတာ္ ဘာကိုဆိုလိုခ်င္လဲဆိုတာ သေဘာေပါက္ပါလိမ့္မယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ စံခ်ိန္တင္ေဈးကြက္သုံးစြဲမႈ ေပါင္ သန္း ၂၆၀ ပါ။ ဒါက ကြၽန္ေတာ့္အတြက္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္မေျပာနဲ႔ အဆင့္ ၂ ဆိုတာေတာင္ မလုံေလာက္ပါဘူး။

ေငြသုံးထားတာနဲ႔ သူတို႔ကစားပုံဟာ ဆန႔္က်င္ဘက္ပါပဲ။ အေပးအယူေတြကအစ အေတာ္ေလးပ်င္းစရာေကာင္းေနတာပါ။ မႏွစ္ကလည္း ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ။ အခုေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြပါ ၿပီးခဲ့တဲ့ပြဲၾကည့္ၿပီး လက္ခံၾကလိမ့္မယ္ထင္တာပဲ။

သူတို႔က ေနာက္တန္း ၅ ေယာက္ထားၿပီး ဒစ္လည္ေနတာ။ VAR ကယ္ေနလို႔သာေပါ့ ” လို႔ အဘြန္လေဟာ္က ေဝဖန္သြားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ဒီႏိုင္ပြဲေၾကာင့္ အဆင့္ ၅ ေနရာေရာက္လာေပမယ့္ သြင္းဂိုး ၈ ဂိုး ေပးဂိုး ၉ ဂိုးရွိခဲ့တာပါ။