တီကိုနဲ့ပွဲမှာ ရူးကြောင်ကြောင် အကွက်တွေသုံးပြီး ဆရာပက် ပွဲထွက်လာဦးမယ်

ပက်ဂွာဒီယိုလာက ယခင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ အတွေးလွန်ပြီး

ရူးကြောင်ကြောင်နည်းစနစ်တွေ အသုံးပြုခဲ့တယ်လို့ ဝေဖန်မှုတွေအပေါ်

ဟာသနှောကာ တုန့်ပြန်သွားခဲ့ပြီး အဆိုပါ ချဉ်းကပ်ပုံကို ပြောင်းလဲမှာ

မဟုတ်ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။ စီးတီးက အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်

( ၁၆ )သင်းအဆင့် ပထမအကေ‌ျာ့ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်ကို

လက်ခံကစားရဖို့ရှိနေပါတယ်။ သူတို့က ပြီးခဲ့တဲ့ရာသီမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့်

အဆိုပါ ပွဲစဉ်မှာ ကွင်းလယ်အထိုင်ကစားသမား မပါဝင်ခြင်း ၊

ပုံမှန်ဘယ်‌နောက်ခံလူ ဂျာအို ကန်ဆယ်လိုကို ချန်လှပ်ထားခြင်း ၊

အဲ့ဒီအချိန်က ပုံမှန်နေရာမရဖြစ်နေတဲ့ ရာဟင်း စတာလင်ကို ပွဲထွက်ခွင့်

ပေးခြင်းတို့ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ စီးတီးက ချဲလ်ဆီးကို ( ၁-၀ ) အရေးနိမ့်ခဲ့ပြီး

ကန်ဆယ်လိုအစားထိုးအနေနဲ့ ပါဝင်လာတဲ့ ဇင်ချန်ကိုရဲ့ ကိုင် ဟာဗတ်ကို

လူကပ်ပုံအားနည်းမှုကြောင့် အနိုင်ဂိုးခွင့်ပြုခဲ့ရပါတယ်။

ဂွာဒီယိုလာဟာ ယခင်နှစ်တွေက လိုင်ယွန် ၊ လီဗာပူးလ် ၊ တော့တင်ဟမ်တို့နဲ့

ရှုံးထွက်ပွဲစဉ်တွေမှာလည်း ထင်မှတ်မထားတဲ့ ရူးကြောင်ကြောင်

ကစားကွက်တွေကို အသုံးပြုခဲ့တာတွေ့ရပါတယ်။ ဂွာဒီယိုလာက သူ့ရဲ့

အတွေးလွန်မှုကြောင့် အဆိုပါပွဲစဉ်တွေ အရေးနိမ့်ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေအပေါ်

“ ချန်ပီယံလိဂ်မှာ ကျွန်တော်က အမြဲအတွေးလွန်ပါတယ်‌။

ကျွန်တော်က အိုင်ဒီယာအသစ်တွေ ၊ နည်းစနစ်အသစ်တွေ အမြဲဖန်တီးလေ့ရှိပါတယ်။

မနက်ဖြန်မှာလည်း ခင်ဗျားတို့ နည်းစနစ်အသစ် မြင်ရပါလိမ့်မယ်။

ကျွန်တော် အတော်လေး အတွေးလွန်တတ်ပါတယ်။

ဒါကြောင့်လည်း ချန်ပီယံလိဂ်မှာ ရလာဒ်ကောင်းတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်ကြိုက်ပါတယ်။

တစ်သမတ်တည်း ကစားပုံနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ပျင်းစရာကောင်းနေပါလိမ့်မယ်။

အက်သလက်တီကို နှင့် လီဗာပူးလ် ( စီးတီးရဲ့ လာမယ့်ပြိုင်ဘက် ) တွေကို

တစ်ပုံစံထဲ ကစားမယ်လို့ထင်ရင် ခင်ဗျားတို့မှားသွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်ရဲ့ ရွေ့လျားမှုတွေက အက်သလက်တီကိုနဲ့

လုံးဝမတူညီတဲ့အတွက်ကြောင့်ပါ။ အထူးသဖြင့် ကစားသမားတွေ အားလုံးက

မတူညီပါဘူး။”လို့ ဆိုခဲ့ပါတယ်။ “ ကစားသမားတွေတိုင်းမှာ မတူညီနဲ့ အဖေ နှင့် အမေကိုယ်စီရှိပါတယ်။

ဒီ အဖေ နှင့် အဖေက သူတို့ကို မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ လက်ဆင့်ကမ်း‌ပေးပါတယ်။

ဒါကြောင့် ကျွန်တော်က အတွေးလွန်ပြီး ရူးကြောင်ကြောင် နည်းစနစ်တွေ ဖန်တီးရတာ

သဘောကျတာဖြစ်ပါတယ်။ ဒီနေ့ညမှာ တွေးခေါ်တာတွေလုပ်ပြီး မနက်ဖြန်မှာ

ထူးခြားတဲ့ နည်းစနစ်ကို အသုံးပြုသွားပါမယ်။ ကျွန်တော်တို့ ( ၁၂ ) ယောက်နဲ့ ကစားသွားမှာပါ ။”

zawgyi

တီကိုနဲ႔ပြဲမွာ ႐ူးေၾကာင္ေၾကာင္ အကြက္ေတြသုံးၿပီး ဆရာပက္ ပြဲထြက္လာဦးမယ္

ပက္ဂြာဒီယိုလာက ယခင္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ေတြမွာ အေတြးလြန္ၿပီး

႐ူးေၾကာင္ေၾကာင္နည္းစနစ္ေတြ အသုံးျပဳခဲ့တယ္လို႔ ေဝဖန္မႈေတြအေပၚ

ဟာသေႏွာကာ တုန႔္ျပန္သြားခဲ့ၿပီး အဆိုပါ ခ်ဥ္းကပ္ပုံကို ေျပာင္းလဲမွာ

မဟုတ္ေၾကာင္း ခုခံေျပာဆိုခဲ့ပါတယ္။ စီးတီးက အဂၤါေန႔ညမွာ ခ်န္ပီယံလိဂ္

( ၁၆ )သင္းအဆင့္ ပထမအေက‌်ာ့ပြဲစဥ္အျဖစ္ အက္သလက္တီကို မက္ဒရစ္ကို

လက္ခံကစားရဖို႔ရွိေနပါတယ္။ သူတို႔က ၿပီးခဲ့တဲ့ရာသီမွာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ေပမယ့္

အဆိုပါ ပြဲစဥ္မွာ ကြင္းလယ္အထိုင္ကစားသမား မပါဝင္ျခင္း ၊

ပုံမွန္ဘယ္‌ေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုကို ခ်န္လွပ္ထားျခင္း ၊

အဲ့ဒီအခ်ိန္က ပုံမွန္ေနရာမရျဖစ္ေနတဲ့ ရာဟင္း စတာလင္ကို ပြဲထြက္ခြင့္

ေပးျခင္းတို႔ေၾကာင့္ ေဝဖန္ခံခဲ့ရပါတယ္။ စီးတီးက ခ်ဲလ္ဆီးကို ( ၁-၀ ) အေရးနိမ့္ခဲ့ၿပီး

ကန္ဆယ္လိုအစားထိုးအေနနဲ႔ ပါဝင္လာတဲ့ ဇင္ခ်န္ကိုရဲ႕ ကိုင္ ဟာဗတ္ကို

လူကပ္ပုံအားနည္းမႈေၾကာင့္ အႏိုင္ဂိုးခြင့္ျပဳခဲ့ရပါတယ္။

ဂြာဒီယိုလာဟာ ယခင္ႏွစ္ေတြက လိုင္ယြန္ ၊ လီဗာပူးလ္ ၊ ေတာ့တင္ဟမ္တို႔နဲ႔

ရႈံးထြက္ပြဲစဥ္ေတြမွာလည္း ထင္မွတ္မထားတဲ့ ႐ူးေၾကာင္ေၾကာင္

ကစားကြက္ေတြကို အသုံးျပဳခဲ့တာေတြ႕ရပါတယ္။ ဂြာဒီယိုလာက သူ႔ရဲ႕

အေတြးလြန္မႈေၾကာင့္ အဆိုပါပြဲစဥ္ေတြ အေရးနိမ့္ခဲ့တာဆိုတဲ့ ေဝဖန္မႈေတြအေပၚ

“ ခ်န္ပီယံလိဂ္မွာ ကြၽန္ေတာ္က အၿမဲအေတြးလြန္ပါတယ္‌။

ကြၽန္ေတာ္က အိုင္ဒီယာအသစ္ေတြ ၊ နည္းစနစ္အသစ္ေတြ အၿမဲဖန္တီးေလ့ရွိပါတယ္။

မနက္ျဖန္မွာလည္း ခင္ဗ်ားတို႔ နည္းစနစ္အသစ္ ျမင္ရပါလိမ့္မယ္။

ကြၽန္ေတာ္ အေတာ္ေလး အေတြးလြန္တတ္ပါတယ္။

ဒါေၾကာင့္လည္း ခ်န္ပီယံလိဂ္မွာ ရလာဒ္ေကာင္းတာျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္ႀကိဳက္ပါတယ္။

တစ္သမတ္တည္း ကစားပုံနဲ႔ ယွဥ္ၿပိဳင္မယ္ဆိုရင္ ပ်င္းစရာေကာင္းေနပါလိမ့္မယ္။

အက္သလက္တီကို ႏွင့္ လီဗာပူးလ္ ( စီးတီးရဲ႕ လာမယ့္ၿပိဳင္ဘက္ ) ေတြကို

တစ္ပုံစံထဲ ကစားမယ္လို႔ထင္ရင္ ခင္ဗ်ားတို႔မွားသြားပါလိမ့္မယ္။

ဘာေၾကာင့္လဲဆိုေတာ့ လီဗာပူးလ္ရဲ႕ ေ႐ြ႕လ်ားမႈေတြက အက္သလက္တီကိုနဲ႔

လုံးဝမတူညီတဲ့အတြက္ေၾကာင့္ပါ။ အထူးသျဖင့္ ကစားသမားေတြ အားလုံးက

မတူညီပါဘူး။”လို႔ ဆိုခဲ့ပါတယ္။ “ ကစားသမားေတြတိုင္းမွာ မတူညီနဲ႔ အေဖ ႏွင့္ အေမကိုယ္စီရွိပါတယ္။

ဒီ အေဖ ႏွင့္ အေဖက သူတို႔ကို မတူညီတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ လက္ဆင့္ကမ္း‌ေပးပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္က အေတြးလြန္ၿပီး ႐ူးေၾကာင္ေၾကာင္ နည္းစနစ္ေတြ ဖန္တီးရတာ

သေဘာက်တာျဖစ္ပါတယ္။ ဒီေန႔ညမွာ ေတြးေခၚတာေတြလုပ္ၿပီး မနက္ျဖန္မွာ

ထူးျခားတဲ့ နည္းစနစ္ကို အသုံးျပဳသြားပါမယ္။ ကြၽန္ေတာ္တို႔ ( ၁၂ ) ေယာက္နဲ႔ ကစားသြားမွာပါ ။”

Be the first to comment

Leave a Reply

Your email address will not be published.


*