တိုက်စစ်မှူးသစ် ဝက်ဟော့တ် ယူနိုက်တက်နဲ့စတင်လေ့ကျင့်နေပြီး ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ရှိ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ဝက်ဟော့တ်ဟာ

မနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အသင်းနဲ့အတူ စတင်
လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလအစောပိုင်းက ဝက်ဟော့တ်ကို
မထင်မှတ်ဘဲ အငှားနဲ့ခေါ်ယူခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ကျရင်
ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ
ဝက်ဟော့တ် အသင်းသစ်အတွက် ပွဲထွက်ကစားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ယူနိုက်တက်နဲ့ စီရော်နယ်လ်ဒိုတို့ နှစ်ဦး
သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် အသင်းရဲ့ ဂန္ထဝင်ကျော
နံပါတ်(၇)က လစ်လပ်နေပေမယ့် ဝက်ဟော့တ်ဟာ နံပါတ်(၂၇)ကိုသာ

ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ဝါရင့်တိုက်စစ်မှူး

ဝက်ဟော့တ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းအတွက် ပရီးမီးယားလိဂ်
ပွဲပေါင်း (၂၀)ကစား၊ (၂)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဘက်ဆစ်တက်အသင်းဆီ
အငှားနဲ့ပြောင်းရွှေ့ခဲ့ချိန်မှာ အခုရာသီဝက်အတွင်း (၁၈)ပွဲကစား၊ (၉)ဂိုးအထိ
သွင်းယူနိုင်ခဲ့ပါတယ်။

ဝက်ဟော့တ်ဟာ စနေနေ့က မန်စီးတီးကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ
ပရိသတ်အဖြစ်သာ ကြည့်ရှုအားပေးခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာတော့
ယူနိုက်တက်အတွက် ပါဝင်ကစားဖို့ရှိနေပါပြီ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးသစ္ ဝက္ေဟာ့တ္ဟာ
မေန႔က ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ အသင္းနဲ႔အတူ စတင္

ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုလအေစာပိုင္းက ဝက္ေဟာ့တ္ကို

မထင္မွတ္ဘဲ အငွားနဲ႔ေခၚယူခဲ့ၿပီး လာမယ့္ဗုဒၶဟူးေန႔က်ရင္
ခရစၥတယ္ပဲေလ့စ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲမွာ
ဝက္ေဟာ့တ္ အသင္းသစ္အတြက္ ပြဲထြက္ကစားဖို႔ရွိပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက ယူႏိုက္တက္နဲ႔ စီေရာ္နယ္လ္ဒိုတို႔ ႏွစ္ဦး
သေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးတဲ့ေနာက္ အသင္းရဲ႕ ဂႏၴဝင္ေက်ာ
နံပါတ္(၇)က လစ္လပ္ေနေပမယ့္ ဝက္ေဟာ့တ္ဟာ နံပါတ္(၂၇)ကိုသာ
ဝတ္ဆင္ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္ဝါရင့္တိုက္စစ္မႉး
ဝက္ေဟာ့တ္ဟာ ၿပီးခဲ့တဲ့ရာသီက ဘန္ေလအသင္းအတြက္ ပရီးမီးယားလိဂ္

ပြဲေပါင္း (၂၀)ကစား၊ (၂)ဂိုးသာသြင္းယူႏိုင္ခဲ့ေပမယ့္ ဘက္ဆစ္တက္အသင္းဆီ
အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ အခုရာသီဝက္အတြင္း (၁၈)ပြဲကစား၊ (၉)ဂိုးအထိ
သြင္းယူႏိုင္ခဲ့ပါတယ္။

ဝက္ေဟာ့တ္ဟာ စေနေန႔က မန္စီးတီးကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ
ပရိသတ္အျဖစ္သာ ၾကည့္ရႈအားေပးခဲ့ရၿပီး ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာေတာ့
ယူႏိုက္တက္အတြက္ ပါဝင္ကစားဖို႔ရွိေနပါၿပီ။