တိုက်စစ်မှူးနေရာမှာ မာစီယဲလ် ပိုပြီးအံဝင်လာပြီလို့ အဲရစ်တန်ဟက် ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က မာစီယဲလ်ဟာ တိုက်စစ်မှူးနေရာမှာ

တဖြည်းဖြည်း ပိုအသားကျလာပြီဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

မာစီယဲလ်ဟာ နည်းပြအဲရစ်တန်ဟက်လက်ထက်မှာ ပုံမှန်ခြေစွမ်းပြန်ရနေပြီး ဒီရာသီအတွင်း

တံကောက်ကြော၊ ခြေဖနောင့်ကြောနဲ့ နောက်ကျောဒဏ်ရာတွေကြောင့် မကြာခဏ
အနားယူခဲ့ရပေမယ့် သူပါဝင်ကစားတဲ့ ပွဲတိုင်းလိုလိုမှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု
ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မာစီယဲလ်ဟာ ဘယ်ခြမ်းတောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာမှာ
အပြောင်းအလဲလုပ်ကစားခဲ့ပေမယ့် အဲရစ်တန်ဟက်က မာစီယဲလ်ကို အထောင်တိုက်စစ်
နေရာမှာပဲ ပုံမှန်အသုံးပြုနေတာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး အဲရစ်တန်ဟက်က “အသင်းအတွက် မာစီယဲလ် ပါဝင်ကစားနိုင်တဲ့
အချိန်တိုင်း သူက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ မာစီယဲလ်ဟာ မိနစ်ပေါင်း (၃၆၀)သာ
ကစားခဲ့ရပေမယ့် (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ခဲ့ပြီး ဒါက ကျေနပ်စရာကောင်းတဲ့

စွမ်းဆောင်ရည် မှတ်တမ်းပါပဲ။

သူက အသင်းဖော်တွေနဲ့ ချိတ်ဆက်ပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်းရှိတဲ့ ကစားသမား

ဖြစ်သလို အသင်းအတွက် အရေးပါတဲ့သူတစ်ဦး ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က မာစီယဲလ္ဟာ တိုက္စစ္မႉးေနရာမွာ

တျဖည္းျဖည္း ပိုအသားက်လာၿပီျဖစ္တယ္လို႔ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

မာစီယဲလ္ဟာ နည္းျပအဲရစ္တန္ဟက္လက္ထက္မွာ ပုံမွန္ေျခစြမ္းျပန္ရေနၿပီး ဒီရာသီအတြင္း

တံေကာက္ေၾကာ၊ ေျခဖေနာင့္ေၾကာနဲ႔ ေနာက္ေက်ာဒဏ္ရာေတြေၾကာင့္ မၾကာခဏ
အနားယူခဲ့ရေပမယ့္ သူပါဝင္ကစားတဲ့ ပြဲတိုင္းလိုလိုမွာ သြင္းဂိုး ဒါမွမဟုတ္ ဂိုးဖန္တီးမႈ
ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း မာစီယဲလ္ဟာ ဘယ္ျခမ္းေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မႉးေနရာမွာ
အေျပာင္းအလဲလုပ္ကစားခဲ့ေပမယ့္ အဲရစ္တန္ဟက္က မာစီယဲလ္ကို အေထာင္တိုက္စစ္
ေနရာမွာပဲ ပုံမွန္အသုံးျပဳေနတာျဖစ္ပါတယ္။

အဲဒါနဲ႔ပတ္သက္ၿပီး အဲရစ္တန္ဟက္က “အသင္းအတြက္ မာစီယဲလ္ ပါဝင္ကစားႏိုင္တဲ့
အခ်ိန္တိုင္း သူက ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ မာစီယဲလ္ဟာ မိနစ္ေပါင္း (၃၆၀)သာ
ကစားခဲ့ရေပမယ့္ (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဒါက ေက်နပ္စရာေကာင္းတဲ့

စြမ္းေဆာင္ရည္ မွတ္တမ္းပါပဲ။

သူက အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ၿပိဳင္ဘက္ကို ဖိအားေပးႏိုင္စြမ္းရွိတဲ့ ကစားသမား

ျဖစ္သလို အသင္းအတြက္ အေရးပါတဲ့သူတစ္ဦး ျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။