တလွဲတွေ မရပ်မနားပြောနေပြီး ပွဲရှာနေတာလား ချဲလ်ဆီးအသင်း ပိုင်ရှင်ကြီးရယ်

ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲလို့ ဘောလုံးပရိသတ်အများစုက လက်ခံထားတဲ့ ပရီးမီးယားလိဂ်ဟာ အမေရိကန်အားကစားနည်းတွေရဲ့ ပုံစံတွေကို အတု ယူသင့်တယ်လို့ တလွဲသုံးသပ်ချက်တွေနဲ့ ပြောလို့ပြီးရုံပဲရှိပါသေးတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေကတော့

နောက်ထပ် အလွဲတစ်ခုကို ထပ်လုပ်ပြီး လူမှုကွန်ရက်ပေါ်မှာ ပွဲရှာလိုက်ပြန်ပါပြီ။ သူပြောလိုက်တာကတော့ လက်ရှိ မန်စီးတီး ကွင်းလယ်လူ၊ ဒီဘရိုင်နီနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်တို့ဟာ ချဲလ်ဆီးရဲ့ လူငယ်ဘောလုံးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေ ဖြစ်တယ်ဆိုတာပါပဲ။

ဒီစကားဟာ လုံးဝကို တက်တက်စင်အောင် လွဲချော်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ချဲလ်ဆီး မှာ ကစားနေတဲ့ ရစ်ဆီဂျိမ်းစ်၊ မေဆင်မောင့်အပါအဝင် အေစီမီလန်နောက်ခံ လူ တိုမိုရီ၊ ရိုးမားတိုက်စစ်မှူး အေဘရာဟမ်တို့ဟာ ချဲလ်ဆီးလူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတွေဖြစ်ကြပါတယ်။

ဒါပေမဲ့ ဒီဘရိုင် နီနဲ့ ဆာလက်ရှ်တို့ကတော့ ချဲလ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာ မဟုတ်ပါဘူး။ ဘယ်လ်ဂျီယံသား ဒီဘရိုင်နီက KRC ဂျန့်ခ်လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဆာလက်ရှ်ကတော့ အီဂျစ်လူငယ်အကယ် ဒမီဖြစ်တဲ့ အယ်လ်မိုကော်လွန်းကနေ ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ SALT ညီလာခံရဲ့ အင်တာဗျူး အစီအစဉ်တစ်ခုမှာ ချဲလ်ဆီးလူငယ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တော့ဒ်ဘို လေက ပြောခဲ့ရာမှာတော့ ‘’ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး လူငယ် အကယ်ဒမီတွေထဲက တစ်ခုရှိနေပါတယ်။

ကျွန်တော်တို့အကယ်ဒမီရဲ့ တိုး တက်မှုတွေကို ကြည့်လိုက်မယ်ဆိုရင် ဆာလက်ရှ်၊ ဒီဘရိုင်နီတို ရှိနေကြ တယ်။ မကြာသေးခင်တုန်းကလည်း အေဘရာဟမ်၊ ရစ်ဆီဂျိမ်းစ်၊ မေဆင် မောင့်နဲ့ ချာလိုဘက်တို့ ပေါ်ထွက်ခဲ့တာပါ။ အခုဆိုရင် ကျွန်တော်တို့မှာ အငှား ချထားတာရယ်၊

အသင်းက ထိန်းချုပ်ခွင့်ရှိတဲ့ ကစားသမား ၁၀ ယောက်၊ ၁၁ ယောက်လောက်ရှိနေပါတယ်။ သူတို့ကို ကျွန်တော်တို့ ပြန်ပြီးဝယ်ယူပိုင်ခွင့် ရှိသလို သူတို့က ကျွန်တော်တို့အသင်းအတွက် ဒါမှမဟုတ် အကယ်ဒမီအ တွက် ကစားပေးနိုင်ခွင့်ရှိသူတွေဖြစ်ပါတယ်’’ လို့ ဆိုခဲ့ပါတယ်။

သူ့ရဲ့စကား ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး တလွဲဖြစ်နေတာတွေကို ဘောလုံးပရိသတ်တွေအကုန်လုံး ဝိုင်းဝန်း လှောင် ပြောင်နေကြပြီဖြစ်ပါတယ်။

(zawgyi)

ကမာၻ႔အေကာင္းဆုံး လိဂ္ၿပိဳင္ပြဲလို႔ ေဘာလုံးပရိသတ္အမ်ားစုက လက္ခံထားတဲ့ ပရီးမီးယားလိဂ္ဟာ အေမရိကန္အားကစားနည္းေတြရဲ႕ ပုံစံေတြကို အတု ယူသင့္တယ္လို႔ တလြဲသုံးသပ္ခ်က္ေတြနဲ႔ ေျပာလို႔ၿပီး႐ုံပဲရွိပါေသးတယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလကေတာ့

ေနာက္ထပ္ အလြဲတစ္ခုကို ထပ္လုပ္ၿပီး လူမႈကြန္ရက္ေပၚမွာ ပြဲရွာလိုက္ျပန္ပါၿပီ။ သူေျပာလိုက္တာကေတာ့ လက္ရွိ မန္စီးတီး ကြင္းလယ္လူ၊ ဒီဘ႐ိုင္နီနဲ႔ လီဗာပူးတိုက္စစ္မႉး ဆာလက္ရွ္တို႔ဟာ ခ်ဲလ္ဆီးရဲ႕ လူငယ္ေဘာလုံးအကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ၾကယ္ပြင့္ကစားသမားေတြ ျဖစ္တယ္ဆိုတာပါပဲ။

ဒီစကားဟာ လုံးဝကို တက္တက္စင္ေအာင္ လြဲေခ်ာ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ အခုလက္ရွိ ခ်ဲလ္ဆီး မွာ ကစားေနတဲ့ ရစ္ဆီဂ်ိမ္းစ္၊ ေမဆင္ေမာင့္အပါအဝင္ ေအစီမီလန္ေနာက္ခံ လူ တိုမိုရီ၊ ႐ိုးမားတိုက္စစ္မႉး ေအဘရာဟမ္တို႔ဟာ ခ်ဲလ္ဆီးလူငယ္ အကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ကစားသမားေတြျဖစ္ၾကပါတယ္။

ဒါေပမဲ့ ဒီဘ႐ိုင္ နီနဲ႔ ဆာလက္ရွ္တို႔ကေတာ့ ခ်ဲလ္ဆီးအကယ္ဒမီကေန ေပၚထြက္လာခဲ့တာ မဟုတ္ပါဘူး။ ဘယ္လ္ဂ်ီယံသား ဒီဘ႐ိုင္နီက KRC ဂ်န႔္ခ္လူငယ္အကယ္ဒမီ ကေန ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဆာလက္ရွ္ကေတာ့ အီဂ်စ္လူငယ္အကယ္ ဒမီျဖစ္တဲ့ အယ္လ္မိုေကာ္လြန္းကေန ထြက္ေပၚလာခဲ့တာပါ။

အေမရိကန္ ျပည္ေထာင္စု၊ နယူးေယာ့ခ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ SALT ညီလာခံရဲ႕ အင္တာဗ်ဴး အစီအစဥ္တစ္ခုမွာ ခ်ဲလ္ဆီးလူငယ္စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ေတာ့ဒ္ဘို ေလက ေျပာခဲ့ရာမွာေတာ့ ‘’ကြၽန္ေတာ္တို႔မွာ ကမာၻ႔အေကာင္းဆုံး

လူငယ္ အကယ္ဒမီေတြထဲက တစ္ခုရွိေနပါတယ္။ ကြၽန္ေတာ္တို႔အကယ္ဒမီရဲ႕ တိုး တက္မႈေတြကို ၾကည့္လိုက္မယ္ဆိုရင္ ဆာလက္ရွ္၊ ဒီဘ႐ိုင္နီတို ရွိေနၾက တယ္။ မၾကာေသးခင္တုန္းကလည္း ေအဘရာဟမ္၊ ရစ္ဆီဂ်ိမ္းစ္၊ ေမဆင္ ေမာင့္နဲ႔

ခ်ာလိုဘက္တို႔ ေပၚထြက္ခဲ့တာပါ။ အခုဆိုရင္ ကြၽန္ေတာ္တို႔မွာ အငွား ခ်ထားတာရယ္၊ အသင္းက ထိန္းခ်ဳပ္ခြင့္ရွိတဲ့ ကစားသမား ၁၀ ေယာက္၊ ၁၁ ေယာက္ေလာက္ရွိေနပါတယ္။ သူတို႔ကို ကြၽန္ေတာ္တို႔ ျပန္ၿပီးဝယ္ယူပိုင္ခြင့္ ရွိသလို သူတို႔က ကြၽန္ေတာ္တို႔အသင္းအတြက္ ဒါမွမဟုတ္

အကယ္ဒမီအ တြက္ ကစားေပးႏိုင္ခြင့္ရွိသူေတြျဖစ္ပါတယ္’’ လို႔ ဆိုခဲ့ပါတယ္။ သူ႔ရဲ႕စကား ဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တလြဲျဖစ္ေနတာေတြကို ေဘာလုံးပရိသတ္ေတြအကုန္လုံး ဝိုင္းဝန္း ေလွာင္ ေျပာင္ေနၾကၿပီျဖစ္ပါတယ္။