တရားရုံးရောက်မယ့်အထိ အခြေအနေတင်းမာခဲ့တဲ့နောက် ဒီဂျောင်အတွက် မန်ယူနဲ့ဘာကာရဲ့ သဘောတူညီမှုပျက်ပြယ်

ဖရန်ကီဒီဂျောင်အတွက် မန်ယူနဲ့ဘာစီလိုနာတို့သဘောတူညီမှုဟာ ပျက်ပြယ်သွားပြီလို့သိရပါတယ်။ နယ်သာလန်နာမည်ကြီးသတင်းစာ De Telegraaf က ဖေါ်ပြလိုက်တာပါ။ မန်ယူဟာ သူတို့ရဲ့အားနည်းနေတဲ့ကွင်းလယ်ကို

ဖြည့်တင်းနိုင်ဖို့ ဒီဂျောင်နောက်ကို တစ်နွေလုံးလိုက်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ နယ်သာလန်ကွင်းလယ်လူကို ပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်လို့

သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကာယကံရှင်က နူးကမ့်ကနေမခွာချင်သလို ဘာစီလိုနာဆီကနေ လစာအကြွေး ပေါင် ၁၄.၅ သန်းရဖို့ရှိနေတာက အပြောင်းအရွှေ့ကိုကြန့်ကြာစေခဲ့ပါတယ်။ ကက်တာလန်ကလပ်ကလည်း

ဥက္ကဌဟောင်းဘာတိုမြူလက်ထက်က ချုပ်ဆိုခဲ့တဲ့ သက်တမ်းတိုးစာချုပ်တွေဟာ ဥပဒေနဲ့မညီဘူးဆိုပြီး ဒီဂျောင်ကို စာချုပ်ပြန်ချုပ်ရင်ချုပ် မဟုတ်ရင် တရားစွဲမယ်ဆိုတဲ့အထိ ဖြစ်ခဲ့ကြတာပါ။

နယ်သာလန်ကွင်းလယ်လူကလည်း ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်မယ်လို့ တုံ့ပြန်လိုက်ချိန်ကစပြီး မန်ယူနဲ့ဇာတ်လမ်း ငြိမ်သွားခဲ့ပါတယ်။ အခုတော့ ဘာမှတိုးတက်မလာတဲ့အခြေအနေအရ သဘောတူညီမှု ပျက်ပြယ်သွားပြီလို့

သတင်းထွက်လာခဲ့တာပါ။ တနည်းအားဖြင့် သရဲနီတွေဟာ သူတို့ရဲ့နွေရာသီ အဓိကပစ်မှတ်တွေကို ဆက်လက်လွဲချော်နေဆဲဖြစ်ပါတယ်။ နောက်ဆက်တွဲအသံတွေ ထွက်လာတာကတော့ မန်ယူနဲ့အဆင်မပြေတော့တဲ့ဒီဂျောင်ကို ချဲလ်ဆီးက ကြားဖြတ်ယူဖို့ ကြိုးစားလာတော့မယ်ဆိုတဲ့ သတင်းတွေပါပဲ။

(zawgyi)

ဖရန္ကီဒီေဂ်ာင္အတြက္ မန္ယူနဲ႔ဘာစီလိုနာတို႔သေဘာတူညီမႈဟာ ပ်က္ျပယ္သြားၿပီလို႔သိရပါတယ္။ နယ္သာလန္နာမည္ႀကီးသတင္းစာ De Telegraaf က ေဖၚျပလိုက္တာပါ။ မန္ယူဟာ သူတို႔ရဲ႕အားနည္းေနတဲ့ကြင္းလယ္ကို ျဖည့္တင္းႏိုင္ဖို႔

ဒီေဂ်ာင္ေနာက္ကို တစ္ေႏြလုံးလိုက္ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လမွာေတာ့ နယ္သာလန္ကြင္းလယ္လူကို ေပါင္ ၇၅ သန္းနဲ႔ေခၚယူဖို႔ ဘာစီလိုနာနဲ႔သေဘာတူညီမႈ ရခဲ့ၿပီျဖစ္တယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။

ဒါေပမဲ့ ကာယကံရွင္က ႏူးကမ့္ကေနမခြာခ်င္သလို ဘာစီလိုနာဆီကေန လစာအေႂကြး ေပါင္ ၁၄.၅ သန္းရဖို႔ရွိေနတာက အေျပာင္းအေ႐ႊ႕ကိုၾကန႔္ၾကာေစခဲ့ပါတယ္။ ကက္တာလန္ကလပ္ကလည္း ဥကၠဌေဟာင္း

ဘာတိုျမဴလက္ထက္က ခ်ဳပ္ဆိုခဲ့တဲ့ သက္တမ္းတိုးစာခ်ဳပ္ေတြဟာ ဥပေဒနဲ႔မညီဘူးဆိုၿပီး ဒီေဂ်ာင္ကို စာခ်ဳပ္ျပန္ခ်ဳပ္ရင္ခ်ဳပ္ မဟုတ္ရင္ တရားစြဲမယ္ဆိုတဲ့အထိ ျဖစ္ခဲ့ၾကတာပါ။ နယ္သာလန္ကြင္းလယ္လူကလည္း ဥပေဒေၾကာင္းအရ

ျပန္လည္ရင္ဆိုင္မယ္လို႔ တုံ႔ျပန္လိုက္ခ်ိန္ကစၿပီး မန္ယူနဲ႔ဇာတ္လမ္း ၿငိမ္သြားခဲ့ပါတယ္။ အခုေတာ့ ဘာမွတိုးတက္မလာတဲ့အေျခအေနအရ သေဘာတူညီမႈ ပ်က္ျပယ္သြားၿပီလို႔ သတင္းထြက္လာခဲ့တာပါ။

တနည္းအားျဖင့္ သရဲနီေတြဟာ သူတို႔ရဲ႕ေႏြရာသီ အဓိကပစ္မွတ္ေတြကို ဆက္လက္လြဲေခ်ာ္ေနဆဲျဖစ္ပါတယ္။ ေနာက္ဆက္တြဲအသံေတြ ထြက္လာတာကေတာ့ မန္ယူနဲ႔အဆင္မေျပေတာ့တဲ့ဒီေဂ်ာင္ကို ခ်ဲလ္ဆီးက ၾကားျဖတ္ယူဖို႔ ႀကိဳးစားလာေတာ့မယ္ဆိုတဲ့ သတင္းေတြပါပဲ။