တမင်လွှတ်ပေးလိုက်သလားလို့ ထင်ရလောက်အောင် ရပ်ကြည့်နေခဲ့ကြတဲ့ အာနိုးတို့လူစုကို လီဗာပူးလ်ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲနေကြ

နာပိုလီကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ ဒုတိယသွင်းဂိုး ကို တားဆီးဖို့ မကြိုးစားဘဲ နေသာသလို နေခဲ့တဲ့ လီဗာပူးကစားသမားတွေ အတွက် ပရိသတ်တွေ ပေါက်ကွဲကုန်ကြပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးညက ကစားခဲ့ တဲ့ပွဲစဉ်မှာ လီဗာပူးဟာ

အီတလီကလပ်ရဲ့ အရည်အသွေးနဲ့ လုပ်အားနှုန်း တွေကို လုံး၀ မယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အဝေး ကွင်းအရှုံးပွဲစဉ်တစ်ခုကို လိုလိုလားလား လက်ခံပေးတဲ့ ကြိုးကြာနီပရိသတ် တွေ ရှိကြပါတယ်။ ဒါပေမဲ့ နာပိုလီရဲ့ ဒုတိယသွင်းဂိုးကို တားဆီးရမယ့်အစား

ရပ်ကြည့်နေခဲ့ကြတဲ့ နောက်ခံလူအာနိုး၊ ဂိုမက်ဇ်နဲ့ ကွင်းလယ်လူ ဖာဘင်ဟို တို့ကိုတော့ လီဗာပူးပရိသတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။ ပွဲချိန် ၃၁ မိနစ် အရောက်မှာ နာပိုလီကွင်းလယ်လူတွေဖြစ်တဲ့ ဇီလင်စကီးနဲ့ အန်ဂူယက်ဆာ တို့ လီဗာပူးပင်နယ်တီဧရိယာ အစပ်နားမှာ

ဝမ်းတူးရိုက်ပြီး ထွက်သွားတဲ့ ဘောလုံးကို အာနိုး၊ ဂိုမက်ဇ်နဲ့ ဖာဘင်ဟိုတို့သုံးယောက်စလုံးက တားဆီးဖို့ မကြိုးစားခဲ့ဘဲ နေသာသလို ရပ်ကြည့်နေခဲ့တာကြောင့် ကင်မရွန်းသားဖြစ်တဲ့ အန်ဂူယက်ဆာက အလွယ်တကူပဲ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် အဲဒီ သွင်းဂိုးအပြီးမှာတော့

ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပေါက်ကွဲခဲ့ကြ တာဖြစ်ပြီး အထူးသဖြင့် တွစ်တာပေါ်မှာ ဝေဖန်သံတွေ ညံသွားစေခဲ့တာပါ။ ‘’’ဒီကမ္ဘာပေါ်မှာ ဒီကောင်တွေ ဘာလုပ်နေကြတာတုန်း၊ ပြေးထွက်သွားတာကို တစ်ယောက်မှ မတားကြဘူး။ အကုန်လုံး ရပ်နေကြတယ်’’ လို့

ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိယတစ်ယောက် ကတော့ ‘’’ဒါက တော်တော်လေးကို အဓိပ္ပာယ်မဲ့တာပဲ။ တော်တော်ကို စိတ် ကသိကအောက် ဖြစ်ရပါတယ်’’ လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ် ယောက်ကလည်း

‘’အာနိုး၊ ဂိုမက်ဇ်၊ ဖာဘင်ဟို ဒီကောင်တွေကတော့ကွာ ပြဿနာကောင်တွေ ဖြစ်နေပြီ’’ လို့ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ မှာ ဆုဖလားအားလုံးကို စိန်ခေါ်နိုင်စွမ်းရှိခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ ထင်မှတ်မထားလောက်အောင်ကို

စွမ်းဆောင်ရည် ကျဆင်းနေပါတယ်။ ဒါ့ အပြင် လီဗာပူးဟာ လက်ရှိအချိန်မှာတော့ အသင်းလိုက်ကစားနိုင်ခြင်းမျိုး မရှိတော့ဘူးလို့ နည်းပြကလော့ပ်ကလည်း နာပိုလီကို ရှုံးတဲ့ပွဲစဉ်အပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

(zawgyi)

နာပိုလီကို ၄-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းရဲ႕ ဒုတိယသြင္းဂိုး ကို တားဆီးဖို႔ မႀကိဳးစားဘဲ ေနသာသလို ေနခဲ့တဲ့ လီဗာပူးကစားသမားေတြ အတြက္ ပရိသတ္ေတြ ေပါက္ကြဲကုန္ၾကၿပီျဖစ္ပါတယ္။ ဗုဒၶဟူးညက ကစားခဲ့ တဲ့ပြဲစဥ္မွာ လီဗာပူးဟာ

အီတလီကလပ္ရဲ႕ အရည္အေသြးနဲ႔ လုပ္အားႏႈန္း ေတြကို လုံး၀ မယွဥ္ႏိုင္ခဲ့ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ အေဝး ကြင္းအရႈံးပြဲစဥ္တစ္ခုကို လိုလိုလားလား လက္ခံေပးတဲ့ ႀကိဳးၾကာနီပရိသတ္ ေတြ ရွိၾကပါတယ္။

ဒါေပမဲ့ နာပိုလီရဲ႕ ဒုတိယသြင္းဂိုးကို တားဆီးရမယ့္အစား ရပ္ၾကည့္ေနခဲ့ၾကတဲ့ ေနာက္ခံလူအာႏိုး၊ ဂိုမက္ဇ္နဲ႔ ကြင္းလယ္လူ ဖာဘင္ဟို တို႔ကိုေတာ့ လီဗာပူးပရိသတ္ေတြ ေဒါသထြက္ခဲ့ၾကပါတယ္။ ပြဲခ်ိန္ ၃၁ မိနစ္ အေရာက္မွာ နာပိုလီကြင္းလယ္လူေတြျဖစ္တဲ့ ဇီလင္စကီးနဲ႔

အန္ဂူယက္ဆာ တို႔ လီဗာပူးပင္နယ္တီဧရိယာ အစပ္နားမွာ ဝမ္းတူး႐ိုက္ၿပီး ထြက္သြားတဲ့ ေဘာလုံးကို အာႏိုး၊ ဂိုမက္ဇ္နဲ႔ ဖာဘင္ဟိုတို႔သုံးေယာက္စလုံးက တားဆီးဖို႔ မႀကိဳးစားခဲ့ဘဲ ေနသာသလို ရပ္ၾကည့္ေနခဲ့တာေၾကာင့္ ကင္မ႐ြန္းသားျဖစ္တဲ့ အန္ဂူယက္ဆာက

အလြယ္တကူပဲ ဂိုးသြင္းယူသြားခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီ သြင္းဂိုးအၿပီးမွာေတာ့ ပရိသတ္ေတြဟာ လူမႈကြန္ရက္ေပၚမွာ ေပါက္ကြဲခဲ့ၾက တာျဖစ္ၿပီး အထူးသျဖင့္ တြစ္တာေပၚမွာ ေဝဖန္သံေတြ ညံသြားေစခဲ့တာပါ။ ‘’’ဒီကမာၻေပၚမွာ

ဒီေကာင္ေတြ ဘာလုပ္ေနၾကတာတုန္း၊ ေျပးထြက္သြား တာကို တစ္ေယာက္မွ မတားၾကဘူး။ အကုန္လုံး ရပ္ေနၾကတယ္’’ လို႔ ပရိ သတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ ကေတာ့ ‘’’ဒါက ေတာ္ေတာ္ေလးကို အဓိပၸာယ္မဲ့တာပဲ။

ေတာ္ေတာ္ကို စိတ္ ကသိကေအာက္ ျဖစ္ရပါတယ္’’ လို႔ ေရးသားခဲ့ပါတယ္။ ေနာက္ထပ္တစ္ ေယာက္ကလည္း ‘’အာႏိုး၊ ဂိုမက္ဇ္၊ ဖာဘင္ဟို ဒီေကာင္ေတြကေတာ့ကြာ ျပႆနာေကာင္ေတြ ျဖစ္ေနၿပီ’’ လို႔ ေရးသားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေဘာလုံးရာသီ မွာ ဆုဖလားအားလုံးကို

စိန္ေခၚႏိုင္စြမ္းရွိခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမွာေတာ့ ထင္မွတ္မထားေလာက္ေအာင္ကို စြမ္းေဆာင္ရည္ က်ဆင္းေနပါတယ္။ ဒါ့ အျပင္ လီဗာပူးဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းလိုက္ကစားႏိုင္ျခင္းမ်ိဳး မရွိေတာ့ဘူးလို႔ နည္းျပကေလာ့ပ္ကလည္း နာပိုလီကို ရႈံးတဲ့ပြဲစဥ္အၿပီးမွာ ဝန္ခံသြားခဲ့ပါတယ္။