တပည့်ဟောင်း ရော်နယ်ဒိုကိုထိန်းဖို့ အကြံပေးအဖြစ် မန်ယူကိုပြန်ရောက်လာတဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းအမှုဆောင်ချုပ် ရစ်ချတ်အာနိုးရဲ့ဖိတ်ကြားမှုကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ပြီလို့

ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ ရစ်ချတ်အားနိုးဟာ ဖာဂူဆန်အပြင် အမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီးလ်၊ အသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန်ရော့ဘ်ဆင်၊

လက်ရှိဘောလုံးဒါရိုက်တာ ဂျွန်မားတက်ချ်တို့ကိုလည်း ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြတာပါ။ တစ်နည်းအားဖြင့် ရစ်ချတ်အာနိုးဦးဆောင်ပြီး မန်ချက်စတာယူနိုက်တက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၅ ဦးနဲ့

ဖွဲ့စည်းလိုက်ဖြစ်ပါတယ်။ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုတော့ ၁၀ နှစ်နီးပါးလောက် နည်းပြဘဝကနေ အနားယူခဲ့တဲ့နောက်ပိုင်း မန်ယူမှာ သြဇာအလွှမ်းမိုးနိုင်ဆုံး အကြံပေးပုဂ္ဂိုလ်အဖြစ်

ခန့်အပ်လိုက်တာဖြစ်ကြောင်း ရေးသားထားပါတယ်။ စကော့တလန်သားကြီးအနေနဲ့ နည်းပြတန်းဟတ်ကို အနီးကပ်ကူညီပံ့ပိုးပေးရမှာပါ။ သူ့ရဲ့ မန်ယူနည်းပြဘ၀ ၂၆ နှစ်ခွဲကာလအတွင်း

ဆုဖလား ၃၈ လုံးဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုဟာ သရဲနီတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်လို့လည်း အာနိုးကယုံကြည်ထားပါတယ်။ ဒေးဗစ်ဂီးလ်ကတော့

အမှုဆောင်ချုပ်အဖြစ် ၁၀ နှစ်တာဝန်ယူခဲ့တာအပါအဝင် မန်ယူမှာ ၁၆ နှစ်ကြာရှိခဲ့သူပါ။ သူဟာ လက်ရှိ ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဂန္ထဝင်ကစားသမား ဘရိုင်ယန်ရော့ဘ်ဆင်ကတော့

မနှစ်က မန်ယူရဲ့ကမ္ဘာလုံးဆိုင်ရာသံတမန်တာဝန်ကို ယူခဲ့သူဖြစ်ပါတယ်။ အခုလို အသင်းမှာ ဖာဂူဆန်ထဲထဲဝင်ဝင် ပြန်လည်ပတ်သက်လာတာဟာ တပည့်ဟောင်းရော်နယ်ဒိုကို ထိန်းဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ အသင္းအမႈေဆာင္ခ်ဳပ္ ရစ္ခ်တ္အာႏိုးရဲ႕ဖိတ္ၾကားမႈေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေရာက္လာခဲ့ၿပီလို႔

ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ ရစ္ခ်တ္အားႏိုးဟာ ဖာဂူဆန္အျပင္ အမႈေဆာင္ခ်ဳပ္ေဟာင္း ေဒးဗစ္ဂီးလ္၊ အသင္းေခါင္းေဆာင္ေဟာင္း ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊

လက္ရွိေဘာလုံးဒါ႐ိုက္တာ ဂြၽန္မားတက္ခ်္တို႔ကိုလည္း ဖိတ္ၾကားၿပီး ေဆြးေႏြးခဲ့ၾကတာပါ။ တစ္နည္းအားျဖင့္ ရစ္ခ်တ္အာႏိုးဦးေဆာင္ၿပီး မန္ခ်က္စတာယူႏိုက္တက္ အႀကံေပးအဖြဲ႕ကို အဖြဲ႕ဝင္ ၅ ဦးနဲ႔ ဖြဲ႕စည္းလိုက္ျဖစ္ပါတယ္။

ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ကိုေတာ့ ၁၀ ႏွစ္နီးပါးေလာက္ နည္းျပဘဝကေန အနားယူခဲ့တဲ့ေနာက္ပိုင္း မန္ယူမွာ ၾသဇာအလႊမ္းမိုးႏိုင္ဆုံး အႀကံေပးပုဂၢိဳလ္အျဖစ္ ခန႔္အပ္လိုက္တာျဖစ္ေၾကာင္း ေရးသားထားပါတယ္။

စေကာ့တလန္သားႀကီးအေနနဲ႔ နည္းျပတန္းဟတ္ကို အနီးကပ္ကူညီပံ့ပိုးေပးရမွာပါ။ သူ႔ရဲ႕ မန္ယူနည္းျပဘ၀ ၂၆ ႏွစ္ခြဲကာလအတြင္း ဆုဖလား ၃၈ လုံးဆြတ္ခူးႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈဟာ

သရဲနီေတြအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံျဖစ္တယ္လို႔လည္း အာႏိုးကယုံၾကည္ထားပါတယ္။ ေဒးဗစ္ဂီးလ္ကေတာ့ အမႈေဆာင္ခ်ဳပ္အျဖစ္ ၁၀ ႏွစ္တာဝန္ယူခဲ့တာအပါအဝင္

မန္ယူမွာ ၁၆ ႏွစ္ၾကာရွိခဲ့သူပါ။ သူဟာ လက္ရွိ ယူအီးအက္ဖ္ေအအမႈေဆာင္ေကာ္မတီဝင္တစ္ဦးလည္း ျဖစ္ပါတယ္။ ဂႏၴဝင္ကစားသမား ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ကေတာ့ မႏွစ္က

မန္ယူရဲ႕ကမာၻလုံးဆိုင္ရာသံတမန္တာဝန္ကို ယူခဲ့သူျဖစ္ပါတယ္။ အခုလို အသင္းမွာ ဖာဂူဆန္ထဲထဲဝင္ဝင္ ျပန္လည္ပတ္သက္လာတာဟာ တပည့္ေဟာင္းေရာ္နယ္ဒိုကို ထိန္းဖို႔ျဖစ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။