တန်းဟတ်အကြောင်း ကောင်းကောင်းသိတယ်ဆိုတဲ့ မန်ယူကွင်းလယ်လူသစ် အဲရစ်ဆင်

ဒိန်းမတ်ကြယ်ပွင့်အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။

၂၀၂၅ အထိ ၃ နှစ် စာချုပ်ဖို့သဘောတူလိုက်တဲ့ အဲရစ်ဆင်ဟာ တန်းဟတ်လက်ထက် ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာတာပါ။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ

မန်ယူရဲ့ခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါပူးပေါင်းမှာမဟုတ်တော့ဘဲ ကာရင်တန်မှာလေ့ကျင့်ရင်း စောင့်မယ်လို့သိရပါတယ်။ ဒါပေမဲ့ တန်းဟတ်နဲ့လက်တွဲလုပ်ဖို့ မစောင့်နိုင်အောင်ဖြစ်နေမိတယ်လို့

အဲရစ်ဆင်က ဖွင့်ဟလိုက်ပါတယ်။ “ မန်ချက်စတာယူနိုက်တက်ဆိုတာ အထူးကလပ်တစ်သင်းပါ။ စတင်ဖို့အတွက် ကျွန်တော် မစောင့်နိုင်လောက်အောင်ပါပဲ။

အိုးလ်ထရက်ဖို့ဒ်မှာ အကြိမ်ကြိမ်ကစားခွင့်ရခဲ့ပေမယ့် မန်ယူရဲ့အင်္ကျီအနီရောင်ကို ဝတ်ရမှာကတော့ အံ့သြစရာခံစားချက်ဖြစ်ပါလိမ့်မယ်။ တန်းဟတ်နဲ့ပတ်သက်လို့တော့ အေဂျက်ဇ်မှာ

သူလုပ်ခဲ့တာတွေကို ကျွန်တော်မြင်ပြီးပါပြီ။ သူ့ရဲ့အဆင့်နဲ့ အသေးစိတ်ပြင်ဆင်မှုကိုလည်း သိပါတယ်။ သူက ထူးချွန်တဲ့နည်းပြတစ်ယောက်ဆိုတာ ရှင်းပါတယ် ” လို့ ပြောသွားခဲ့တာပါ။

စပါးနဲ့အင်တာမီလန်ကစားသမားဟောင်းဟာ နှလုံးရောဂါကြောင့် အနားယူခဲ့ရတဲ့နောက် တန်းဟတ်ကိုင်တွယ်ခဲ့ဖူးတဲ့ သူ့ရဲ့အသင်းဟောင်းအေဂျက်ဇ်မှာ

ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။ နှလုံးခုန်စက်တပ်ထားရပေမယ့် ဘောလုံးကစားနိုင်စွမ်းရှိနေသေးတာကို မနှစ်က ဘရန့်ဖို့ဒ်မှာပြသနိုင်ခဲ့သူပါ။

(zawgyi)

ဒိန္းမတ္ၾကယ္ပြင့္အဲရစ္ဆင္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း မန္ယူအသင္းက တရားဝင္ေၾကညာလိုက္ပါတယ္။ ၂၀၂၅ အထိ ၃ ႏွစ္ စာခ်ဳပ္ဖို႔သေဘာတူလိုက္တဲ့ အဲရစ္ဆင္ဟာ

တန္းဟတ္လက္ထက္ ဒုတိယေျမာက္ကစားသမားေခၚယူမႈျဖစ္လာတာပါ။ အသက္ ၃၀ အ႐ြယ္ ကြင္းလယ္လူဟာ မန္ယူရဲ႕ေျခစမ္းပြဲခရီးစဥ္ကို လိုက္ပါပူးေပါင္းမွာမဟုတ္ေတာ့ဘဲ

ကာရင္တန္မွာေလ့က်င့္ရင္း ေစာင့္မယ္လို႔သိရပါတယ္။ ဒါေပမဲ့ တန္းဟတ္နဲ႔လက္တြဲလုပ္ဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္ေနမိတယ္လို႔ အဲရစ္ဆင္က ဖြင့္ဟလိုက္ပါတယ္။

“ မန္ခ်က္စတာယူႏိုက္တက္ဆိုတာ အထူးကလပ္တစ္သင္းပါ။ စတင္ဖို႔အတြက္ ကြၽန္ေတာ္ မေစာင့္ႏိုင္ေလာက္ေအာင္ပါပဲ။ အိုးလ္ထရက္ဖို႔ဒ္မွာ အႀကိမ္ႀကိမ္ကစားခြင့္ရခဲ့ေပမယ့္

မန္ယူရဲ႕အက်ႌအနီေရာင္ကို ဝတ္ရမွာကေတာ့ အံ့ၾသစရာခံစားခ်က္ျဖစ္ပါလိမ့္မယ္။ တန္းဟတ္နဲ႔ပတ္သက္လို႔ေတာ့ ေအဂ်က္ဇ္မွာ သူလုပ္ခဲ့တာေတြကို ကြၽန္ေတာ္ျမင္ၿပီးပါၿပီ။

သူ႔ရဲ႕အဆင့္နဲ႔ အေသးစိတ္ျပင္ဆင္မႈကိုလည္း သိပါတယ္။ သူက ထူးခြၽန္တဲ့နည္းျပတစ္ေယာက္ဆိုတာ ရွင္းပါတယ္ ” လို႔ ေျပာသြားခဲ့တာပါ။ စပါးနဲ႔အင္တာမီလန္ကစားသမားေဟာင္းဟာ ႏွလုံးေရာဂါေၾကာင့္ အနားယူခဲ့ရတဲ့ေနာက္

တန္းဟတ္ကိုင္တြယ္ခဲ့ဖူးတဲ့ သူ႔ရဲ႕အသင္းေဟာင္းေအဂ်က္ဇ္မွာ ျပန္လည္ေလ့က်င့္ခဲ့ပါတယ္။ ႏွလုံးခုန္စက္တပ္ထားရေပမယ့္ ေဘာလုံးကစားႏိုင္စြမ္းရွိေနေသးတာကို မႏွစ္က ဘရန႔္ဖို႔ဒ္မွာျပသႏိုင္ခဲ့သူပါ။