တန်းဟတ်ရဲ့ရဲဝံ့မှုနဲ့ ကစားသမားတွေရဲ့သရဲနီစိတ်ဓာတ်ကြောင့် မန်ယူ ပထမဆုံးနိုင်ပွဲရခဲ့

ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်နေတဲ့ ပရီးမီးယားလိဂ်ရာသီသစ် ပထမဆုံးနိုင်ပွဲကတော့ အိုးလ်ထရက်ဖို့ဒ်မှာ စတင်ခဲ့ပါပြီ။ အဖွင့် ၂ ပွဲဆက်ရှုံးထားတဲ့ မန်ယူဟာ ဒီနေ့ပွဲမှာ သတိကြီးကြီးနဲ့ကြိုးစားသွားခဲ့ပြီး သူတို့လိုပဲနိုင်ပွဲပျောက်ထားတဲ့ ပြိုင်ဘက်ကြီးလီဗာပူးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ပွဲမစခင် အိုးလ်ထရက်ဖို့ဒ်ကွင်းပြင်ပမှာ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ပရိသတ်တွေကလည်း ပွဲကစားချိန်မှာတော့ သူတို့လိုချင်တဲ့ခြေစွမ်းမျိုး မဟုတ်သေးတဲ့တိုင် ကြိုးစားမှုနဲ့ရလဒ်ကို ကျေနပ်သွားခဲ့ကြပါတယ်။

မန်ယူဟာ ပွဲမစခင်မှာ ရီးရဲလ်ကရောက်လာတဲ့ ပေါင် သန်း ၇၀ တန် ကွင်းလယ်ကစားသမားသစ် ကက်စ်မီရိုကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဒီပွဲမှာ နည်းပြတန်းဟတ်ရဲ့ရဲဝံ့တဲ့ အပြောင်းအလဲတစ်ချို့နဲ့

ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကိုတော့ ချီးကျူးရမှာပါ။ နယ်သာလန်သားနည်းပြဟာ အသင်းမှာဆက်နေဖို့ ချော့နေရတဲ့ရော်နယ်ဒိုကို ပွဲထွက်စာရင်းကနေ ခေါက်ထားခဲ့သလို ပွဲပြီးကာနီးမှ ကစားခွင့်ပေးခဲ့ပါတယ်။

အထူးသဖြင့် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို လုံး၀ မသုံးသွားခဲ့တာပါပဲ။ ဗာရန်းနဲ့မာတီနက်ဇ်အတွဲ အတော်လေးလိုက်ကစားခဲ့ပြီး လီဗာပူးလ်ရဲ့အမြင့်ဘောတွေ ရှင်းထုတ်နိုင်ခဲ့သလို မာလာစီယာနဲ့ ဒါလော့တ်တို့ တောင်ပံခံစစ်ကလည်း

ဆာလက်နဲ့ ဒိုင်ယက်ဇ်တို့ကို တားဆီးနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာရှိနေတဲ့ လီဗာပူးလ်ဟာ ကွင်းလယ်ကနေထိုးဖောက်ဖို့သာ ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့ ရာနှုန်းပြည့်မကောင်းတာတောင် စိတ်ဓာတ်အပြည့်နဲ့ကစားနေတဲ့

အဲရစ်ဆင်၊ ဆန်ချိုနဲ့ အီလန်ဂါတို့ရဲ့လျင်မြန်မှုကို ထိန်းဖို့ခက်ခဲ့ပါတယ်။ အီလန်ဂါဖန်တီးပေးတာရာမှာ ဆန်ချို ပါးနပ်တာကြောင့် မန်ယူဦးဆောင်ဂိုးရခဲ့ပြီး ဒုတိယဂိုးကိုတော့ မာစီယဲလ်ခင်းပေးတာကနေ

ရက်ရှ်ဖို့ဒ်က တောက်လျှောက်ဆွဲပြေးပြီး သွင်းယူပေးခဲ့တာပါ။ ဆာလာရဲ့ခေါင်းတိုက်ဂိုးကြောင့် ပွဲပြီးကာနီးမှာ အကြိတ်အနယ်ပိုရှိခဲ့ပေမယ့် မန်ယူဟာ အနိုင်ရလဒ်ကိုထိန်းသွားနိုင်ခဲ့ပါတယ်။

(zawgyi)

ယူႏိုက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ ပရီးမီးယားလိဂ္ရာသီသစ္ ပထမဆုံးႏိုင္ပြဲကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ စတင္ခဲ့ပါၿပီ။ အဖြင့္ ၂ ပြဲဆက္ရႈံးထားတဲ့ မန္ယူဟာ ဒီေန႔ပြဲမွာ သတိႀကီးႀကီးနဲ႔ႀကိဳးစားသြားခဲ့ၿပီး

သူတို႔လိုပဲႏိုင္ပြဲေပ်ာက္ထားတဲ့ ၿပိဳင္ဘက္ႀကီးလီဗာပူးလ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ပြဲမစခင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းျပင္ပမွာ အသင္းပိုင္ရွင္ဂေလဇာမိသားစုကို ကန႔္ကြက္ဆႏၵျပခဲ့ၾကတဲ့ ပရိသတ္ေတြကလည္း ပြဲကစားခ်ိန္မွာေတာ့

သူတို႔လိုခ်င္တဲ့ေျခစြမ္းမ်ိဳး မဟုတ္ေသးတဲ့တိုင္ ႀကိဳးစားမႈနဲ႔ရလဒ္ကို ေက်နပ္သြားခဲ့ၾကပါတယ္။ မန္ယူဟာ ပြဲမစခင္မွာ ရီးရဲလ္ကေရာက္လာတဲ့ ေပါင္ သန္း ၇၀ တန္ ကြင္းလယ္ကစားသမားသစ္ ကက္စ္မီ႐ိုကိုလည္း ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့ပါေသးတယ္။

ဒီပြဲမွာ နည္းျပတန္းဟတ္ရဲ႕ရဲဝံ့တဲ့ အေျပာင္းအလဲတစ္ခ်ိဳ႕နဲ႔ ကစားသမားေတြရဲ႕ႀကိဳးစားအားထုတ္မႈကိုေတာ့ ခ်ီးက်ဴးရမွာပါ။ နယ္သာလန္သားနည္းျပဟာ အသင္းမွာဆက္ေနဖို႔ ေခ်ာ့ေနရတဲ့ေရာ္နယ္ဒိုကို ပြဲထြက္စာရင္းကေန

ေခါက္ထားခဲ့သလို ပြဲၿပီးကာနီးမွ ကစားခြင့္ေပးခဲ့ပါတယ္။ အထူးသျဖင့္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို လုံး၀ မသုံးသြားခဲ့တာပါပဲ။ ဗာရန္းနဲ႔မာတီနက္ဇ္အတြဲ အေတာ္ေလးလိုက္ကစားခဲ့ၿပီး လီဗာပူးလ္ရဲ႕အျမင့္ေဘာေတြ ရွင္းထုတ္ႏိုင္ခဲ့သလို

မာလာစီယာနဲ႔ ဒါေလာ့တ္တို႔ ေတာင္ပံခံစစ္ကလည္း ဆာလက္နဲ႔ ဒိုင္ယက္ဇ္တို႔ကို တားဆီးႏိုင္ခဲ့ပါတယ္။ ဒဏ္ရာျပႆနာရွိေနတဲ့ လီဗာပူးလ္ဟာ ကြင္းလယ္ကေနထိုးေဖာက္ဖို႔သာ ႀကိဳးစားခဲ့ရတာပါ။ ဒါေပမဲ့ ရာႏႈန္းျပည့္မေကာင္းတာေတာင္

စိတ္ဓာတ္အျပည့္နဲ႔ကစားေနတဲ့ အဲရစ္ဆင္၊ ဆန္ခ်ိဳနဲ႔ အီလန္ဂါတို႔ရဲ႕လ်င္ျမန္မႈကို ထိန္းဖို႔ခက္ခဲ့ပါတယ္။ အီလန္ဂါဖန္တီးေပးတာရာမွာ ဆန္ခ်ိဳ ပါးနပ္တာေၾကာင့္ မန္ယူဦးေဆာင္ဂိုးရခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ မာစီယဲလ္ခင္းေပးတာကေန

ရက္ရွ္ဖို႔ဒ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး သြင္းယူေပးခဲ့တာပါ။ ဆာလာရဲ႕ေခါင္းတိုက္ဂိုးေၾကာင့္ ပြဲၿပီးကာနီးမွာ အႀကိတ္အနယ္ပိုရွိခဲ့ေပမယ့္ မန္ယူဟာ အႏိုင္ရလဒ္ကိုထိန္းသြားႏိုင္ခဲ့ပါတယ္။