တန်းဟတ်နဲ့ ရော်နယ်ဒို ပြေလည်သွားကြပြီလား ..

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ နည်းပြတန်းဟတ်နဲ့ ရော်နယ်ဒို ပြေလည်သွားကြပြီလို့ အကောင်းမြင်နေကြပါတယ်။ အကြောင်းကတော့ ကာရင်တန်လေ့ကျင့်ကွင်းကပုံရိပ်တွေကို မန်ယူအသင်း ထုတ်ပြန်လာလို့ပါ။

ရော်နယ်ဒိုဟာ တစ်ခြားအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် သူ့ပုံစံအတိုင်း လေ့ကျင့်မှုတွေပြင်းပြင်းထန်ထန် လုပ်နေတာကြောင့် သရဲနီပရိသတ်တွေ စိတ်ကူးယဉ်နေကြတာပါ။

ပေါ်တူဂီတိုက်စစ်မှူးရဲ့ မန်ယူအနာဂတ်ကတော့ လက်ရှိအချိန်ထိ မရေရာသေးပါဘူး။ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်တစ်ခုလုံး လွဲချော်ခဲ့တဲ့ရော်နယ်ဒိုဟာ နောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့ ဗယ်လီကာနိုနဲ့ အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာလည်း

ပြဿနာတက်ခဲ့ပြန်ပါတယ်။ ပထမပိုင်း ၄၅ မိနစ်သာ ကစားခွင့်ရခဲ့ပြီး နည်းပြတန်းဟတ်က သူ့ကိုလူစားလဲခဲ့သလို ကွင်းထဲမှာလည်း နယ်သာလန်သားရဲ့လက်ချာတွေကို မခိုးမခန့်လုပ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ပိုဆိုးသွားတာက ပွဲမပြီးခင် ပြန်သွားခဲ့တာပါပဲ။ ဒါဟာ လက်မခံနိုင်စရာလုပ်ရပ်လို့ တန်းဟတ်က သတိပေးလိုက်တာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ရော်နယ်ဒို အရန်ခုံထိုင်ရလိမ့်မယ်ဆိုတဲ့

အရင်သတင်းတွေကို ပိုပြီးအတည်ပြုပေးလိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုလေ့ကျင့်ကွင်းမှာ ရော်နယ်ဒိုကိုပြန်တွေ့ရတာကြောင့် မန်ယူပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ပေါ်ထွက်လာခဲ့တာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ နည္းျပတန္းဟတ္နဲ႔ ေရာ္နယ္ဒို ေျပလည္သြားၾကၿပီလို႔ အေကာင္းျမင္ေနၾကပါတယ္။ အေၾကာင္းကေတာ့ ကာရင္တန္ေလ့က်င့္ကြင္းကပုံရိပ္ေတြကို မန္ယူအသင္း ထုတ္ျပန္လာလို႔ပါ။

ေရာ္နယ္ဒိုဟာ တစ္ျခားအသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္လာတာလည္းေတြ႕ရပါတယ္။ ဒါ့အျပင္ သူ႔ပုံစံအတိုင္း ေလ့က်င့္မႈေတြျပင္းျပင္းထန္ထန္ လုပ္ေနတာေၾကာင့္ သရဲနီပရိသတ္ေတြ စိတ္ကူးယဥ္ေနၾကတာပါ။

ေပၚတူဂီတိုက္စစ္မႉးရဲ႕ မန္ယူအနာဂတ္ကေတာ့ လက္ရွိအခ်ိန္ထိ မေရရာေသးပါဘူး။ အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္တစ္ခုလုံး လြဲေခ်ာ္ခဲ့တဲ့ေရာ္နယ္ဒိုဟာ ေနာက္ဆုံးေျခစမ္းပြဲျဖစ္တဲ့ ဗယ္လီကာႏိုနဲ႔ အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာလည္း

ျပႆနာတက္ခဲ့ျပန္ပါတယ္။ ပထမပိုင္း ၄၅ မိနစ္သာ ကစားခြင့္ရခဲ့ၿပီး နည္းျပတန္းဟတ္က သူ႔ကိုလူစားလဲခဲ့သလို ကြင္းထဲမွာလည္း နယ္သာလန္သားရဲ႕လက္ခ်ာေတြကို မခိုးမခန႔္လုပ္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရပါတယ္။

ပိုဆိုးသြားတာက ပြဲမၿပီးခင္ ျပန္သြားခဲ့တာပါပဲ။ ဒါဟာ လက္မခံႏိုင္စရာလုပ္ရပ္လို႔ တန္းဟတ္က သတိေပးလိုက္တာေၾကာင့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေရာ္နယ္ဒို အရန္ခုံထိုင္ရလိမ့္မယ္ဆိုတဲ့

အရင္သတင္းေတြကို ပိုၿပီးအတည္ျပဳေပးလိုက္သလို ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ အခုေလ့က်င့္ကြင္းမွာ ေရာ္နယ္ဒိုကိုျပန္ေတြ႕ရတာေၾကာင့္ မန္ယူပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ေပၚထြက္လာခဲ့တာပါ။