
နည်းပြတန်းဟတ်က ချေပဂိုးတွေပေးလိုက်ရတာ လက်မခံနိုင်စရာပါတဲ့။ ဒုတိယပိုင်းမှာ အာရုံစိုက်မှုလျော့သွားတယ်လို့ သူက အပြစ်တင်တယ်။ ဘောလုံးဂုရုတွေကလည်း
ဒီဂီယာနဲ့ မန်ယူခံစစ်ပိုင်း အမှားတစ်ချို့ကိုထောက်ပြကြတယ်။ မန်ယူ-ဗီလာပွဲအပြီး ထွက်လာတဲ့အသံတွေပါ။ ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဆန်ချိုနဲ့ ကက်ရှ်(OG)တို့ဂိုးတွေကြောင့်
၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်ပေးခဲ့ရပါတယ်။ တနည်းအားဖြင့် တန်းဟတ်လက်ထက် ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှု
ရပ်တန့်သွားခဲ့ရပါတယ်။ ဒါပေမဲ့ မန်ယူပရိသတ်တွေကတော့ သူတို့အသင်း ရလဒ်မကောင်းခဲ့တာဟာ ကွင်းကြောင့်လို့ဆင်ခြေပေးနေကြတာပါ။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့က Optus ကွင်းဟာ
ပွဲမစခင် မိုးရွာခဲ့တာကြောင့် အခြေအနေဆိုးခဲ့တာတော့အမှန်ပါပဲ။ ကွင်းဝန်ထမ်းတွေတောင် လေမှုတ်စက်တွေနဲ့ အလုပ်ရှုပ်ခဲ့ကြပါသေးတယ်။
ဒါပေမဲ့ ပွဲကစားတော့လည်း မိုးကရွာတာပါပဲ။ ဒါကြောင့် မန်ယူပရိသတ်တွေက “ ဒီပွဲကြည့်ရတာ ၁၉၉၀ ကျော်ကာလတွေကို ပြန်ရောက်သွားသလိုပဲ ” ၊
“ ကွင်းကဆိုးလွန်းလို့ ကစားသမားတွေ ဒဏ်ရာမရဖို့သာ မျှော်လင့်တာပါ ” စတဲ့မှတ်ချက်တွေ ပေးခဲ့ကြတာပါ။ လေးစားစရာတစ်ခုကောင်းတာက
တန်းဟတ်ဟာ ပွဲမကစားခင် ကွင်းအနေအထားကိုဝေဖန်ခဲ့ပေမယ့် ပွဲပြီးတဲ့နောက်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆင်ခြေမပေးခဲ့တာပဲဖြစ်ပါတယ်။
(zawgyi)
နည္းျပတန္းဟတ္က ေခ်ပဂိုးေတြေပးလိုက္ရတာ လက္မခံႏိုင္စရာပါတဲ့။ ဒုတိယပိုင္းမွာ အာ႐ုံစိုက္မႈေလ်ာ့သြားတယ္လို႔ သူက အျပစ္တင္တယ္။ ေဘာလုံးဂု႐ုေတြကလည္း ဒီဂီယာနဲ႔ မန္ယူခံစစ္ပိုင္း
အမွားတစ္ခ်ိဳ႕ကိုေထာက္ျပၾကတယ္။ မန္ယူ-ဗီလာပြဲအၿပီး ထြက္လာတဲ့အသံေတြပါ။ ယူႏိုက္တက္ဟာ ပထမပိုင္းမွာ ဆန္ခ်ိဳနဲ႔ ကက္ရွ္(OG)တို႔ဂိုးေတြေၾကာင့္ ၂ ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္
ဒုတိယပိုင္းမွာ ေခ်ပဂိုးေတြျပန္ေပးခဲ့ရပါတယ္။ တနည္းအားျဖင့္ တန္းဟတ္လက္ထက္ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈ ရပ္တန႔္သြားခဲ့ရပါတယ္။ ဒါေပမဲ့ မန္ယူပရိသတ္ေတြကေတာ့
သူတို႔အသင္း ရလဒ္မေကာင္းခဲ့တာဟာ ကြင္းေၾကာင့္လို႔ဆင္ေျခေပးေနၾကတာပါ။ ၾသစေၾတးလ်ႏိုင္ငံ ပါ့သ္ၿမိဳ႕က Optus ကြင္းဟာ ပြဲမစခင္ မိုး႐ြာခဲ့တာေၾကာင့္ အေျခအေနဆိုးခဲ့တာေတာ့အမွန္ပါပဲ။
ကြင္းဝန္ထမ္းေတြေတာင္ ေလမႈတ္စက္ေတြနဲ႔ အလုပ္ရႈပ္ခဲ့ၾကပါေသးတယ္။ ဒါေပမဲ့ ပြဲကစားေတာ့လည္း မိုးက႐ြာတာပါပဲ။ ဒါေၾကာင့္ မန္ယူပရိသတ္ေတြက
“ ဒီပြဲၾကည့္ရတာ ၁၉၉၀ ေက်ာ္ကာလေတြကို ျပန္ေရာက္သြားသလိုပဲ ” ၊ “ ကြင္းကဆိုးလြန္းလို႔ ကစားသမားေတြ ဒဏ္ရာမရဖို႔သာ ေမွ်ာ္လင့္တာပါ ” စတဲ့မွတ္ခ်က္ေတြ ေပးခဲ့ၾကတာပါ။
ေလးစားစရာတစ္ခုေကာင္းတာက တန္းဟတ္ဟာ ပြဲမကစားခင္ ကြင္းအေနအထားကိုေဝဖန္ခဲ့ေပမယ့္ ပြဲၿပီးတဲ့ေနာက္မွာေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆင္ေျခမေပးခဲ့တာပဲျဖစ္ပါတယ္။