တန်းဟတ်ကို ဘောင်ကျော်ပြီး ရော်နယ်ဒိုနဲ့စီနီယာကစားသမားတွေ မန်ယူဘုတ်အဖွဲ့ကိုတွေ့ခဲ့ကြ

ရော်နယ်ဒိုဦးဆောင်တဲ့ စီနီယာကစားသမားတစ်ချို့ဟာ လက်ရှိနွေဈေးကွက်မပိတ်ခင် ကစားသမားသစ်ခေါ်ယူပေးဖို့ မန်ယူအသင်းဘုတ်အဖွဲ့နဲ့တွေ့ဆုံတောင်းဆိုခဲ့တယ်လို့ The Mirror သတင်းစာက ဖေါ်ပြပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရာသီအစအဖြစ် မန်ယူဟာ ပရီးမီးယားလိဂ်အဖွင့် ၂ ပွဲဆက် ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားကြမ်းခင်း ရောက်နေပါတယ်။ ဒါကြောင့် ကစားသမားသစ် ခေါ်ယူအားဖြည့်ပေးဖို့

ဘုတ်အဖွဲ့ကိုတိုက်ရိုက်တောင်းဆိုရာ်မှာ ရော်နယ်ဒို၊ အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ ရက်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ မန်ယူဟာ နွေဈေးကွက်မှာ

ကစားသမားသစ်တွေခေါ်ယူခဲ့ပေမယ့် အဓိကပစ်မှတ်တွေကိုတော့ လွဲချော်ခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကို မာလာစီယာ၊ အဲရစ်ဆင်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ရောက်ရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာက ဒီဂျောင်ကိုမရသေးသလို

ကွင်းလယ်ပိုင်းအားနည်းမှုကိုလည်း မပြင်ဆင်နိုင်သေးပါဘူး။ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယော့ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီလို့သတင်းထွက်နေပေမယ့်လည်း လက်တွေ့ဖြစ်မလာသေးသလို

စည်းကမ်းပိုင်းအားနည်းတာကြောင့် အသင်းနဲ့အဆင်ပြေပါ့မလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ တနည်းအားဖြင့် မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ဒီရာသီမှာထွက်ခွာသွားခဲ့ကြတဲ့ ကာဗာနီ၊ လင်ဂတ်၊ မာတာ၊ ပေါ့ဘာ၊ မာတစ်

စတဲ့ကစားသမားတွေနေရာကိုတောင် အစားထိုးဖြည့်တင်းမှု မလုပ်နိုင်သေးတာဖြစ်ပါတယ်။ အသင်းကနေ ရော်နယ်ဒိုထွက်ချင်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနေရတဲ့ သရဲနီတွေဟာ အဘက်ဘက်မှာ မတည်ငြိမ်မှုတွေနဲ့ ဆုတ်ယုတ်နေရတာပါ။

(zawgyi)

ေရာ္နယ္ဒိုဦးေဆာင္တဲ့ စီနီယာကစားသမားတစ္ခ်ိဳ႕ဟာ လက္ရွိေႏြေဈးကြက္မပိတ္ခင္ ကစားသမားသစ္ေခၚယူေပးဖို႔ မန္ယူအသင္းဘုတ္အဖြဲ႕နဲ႔ေတြ႕ဆုံေတာင္းဆိုခဲ့တယ္လို႔ The Mirror သတင္းစာက ေဖၚျပပါတယ္။

ႏွစ္ေပါင္း ၃၀ အတြင္း အဆိုး႐ြားဆုံးရာသီအစအျဖစ္ မန္ယူဟာ ပရီးမီးယားလိဂ္အဖြင့္ ၂ ပြဲဆက္ ရႈံးနိမ့္ထားၿပီး အမွတ္ေပးဇယားၾကမ္းခင္း ေရာက္ေနပါတယ္။ ဒါေၾကာင့္

ကစားသမားသစ္ ေခၚယူအားျဖည့္ေပးဖို႔ ဘုတ္အဖြဲ႕ကိုတိုက္႐ိုက္ေတာင္းဆိုရာ္မွာ ေရာ္နယ္ဒို၊ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊ ရက္ရွ္ဖို႔ဒ္၊ လုခ္ေရွာ၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ ပါဝင္ခဲ့တယ္လို႔ ေရးသားထားပါတယ္။

မန္ယူဟာ ေႏြေဈးကြက္မွာ ကစားသမားသစ္ေတြေခၚယူခဲ့ေပမယ့္ အဓိကပစ္မွတ္ေတြကိုေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကို မာလာစီယာ၊ အဲရစ္ဆင္၊ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ ေရာက္ရွိခဲ့တာျဖစ္ၿပီး

ဘာစီလိုနာက ဒီေဂ်ာင္ကိုမရေသးသလို ကြင္းလယ္ပိုင္းအားနည္းမႈကိုလည္း မျပင္ဆင္ႏိုင္ေသးပါဘူး။ ဂ်ဴဗင္တပ္ကြင္းလယ္လူ ရာဘီေယာ့ကိုေခၚယူဖို႔ သေဘာတူညီမႈ ရရွိထားၿပီလို႔သတင္းထြက္ေနေပမယ့္လည္း

လက္ေတြ႕ျဖစ္မလာေသးသလို စည္းကမ္းပိုင္းအားနည္းတာေၾကာင့္ အသင္းနဲ႔အဆင္ေျပပါ့မလားဆိုတာလည္း ေစာင့္ၾကည့္ရဦးမွာပါ။ တနည္းအားျဖင့္ မန္ယူဟာ အိုးလ္ထရက္ဖို႔ဒ္ကေန ဒီရာသီမွာထြက္ခြာသြားခဲ့ၾကတဲ့ ကာဗာနီ၊ လင္ဂတ္၊ မာတာ၊

ေပါ့ဘာ၊ မာတစ္ စတဲ့ကစားသမားေတြေနရာကိုေတာင္ အစားထိုးျဖည့္တင္းမႈ မလုပ္ႏိုင္ေသးတာျဖစ္ပါတယ္။ အသင္းကေန ေရာ္နယ္ဒိုထြက္ခ်င္ေနတဲ့ျပႆနာကိုလည္း ေျဖရွင္းေနရတဲ့ သရဲနီေတြဟာ အဘက္ဘက္မွာ မတည္ၿငိမ္မႈေတြနဲ႔ ဆုတ္ယုတ္ေနရတာပါ။