တန်ဟတ်ရဲ့ ပညတ်တော် ၅ ပါးကြောင့် တစ်ရာသီလုံး သူရာမေရိယကံထိန်းရတော့မယ့် မန်ယူကစားသမားတွေ

တကယ်တော့ တန်ဟတ်ရဲ့ဘဝက ကျော်တော့လှေသူကြီး၊ ညားတော့လှေထိုးသားဖြစ်မယ့်ကိန်း ဆိုက်နေရတာပါ။ ရော်နယ်ဒိုရှိတဲ့ ကမ္ဘာကျော်ဘောလုံးအသင်းကို ကိုင်တွယ်မယ်ဟဲ့လို့

အားခဲလာသမျှ မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့ပါဘူး။ ဒါပေမဲ့ နယ်သာလန်သားဟာ သူ့တာဝန်တွေကိုတော့ ပရော်ဖက်ရှင်နယ်ပီသစွာ လုပ်နေဆဲပါ။

အိုးလ်ထရက်ဖို့ဒ်ရပ်ဝန်းမှာ နောက်ဆုံး ဂယက်ထနေတာကတော့ တန်ဟတ်ရဲ့ ပညတ်တော် ၅ ပါးဖြစ်ပါတယ်။ ပထမဆုံးတားမြစ်ချက်က ပွဲစဉ်တွေရှိနေတဲ့သီတင်းပတ်အတွင်း အရက်မသောက်ရဆိုတာပါ။

မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရပေမယ့် ယူရိုပါလိဂ်ကစားရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှုံးထွက်ဖလားပွဲတွေပါတွက်ရင် တစ်ပတ်ထဲမှာ ၂ ပွဲကစားရတာတွေ သေချာပေါက်ရှိလာမှာပါ။

ဒါကြောင့် သရဲနီတွေဟာ တစ်ရာသီလုံးနီးပါး အရက်သေစာရှောင်ရမယ့်ကိန်း ဆိုက်နေရပါပြီ။ နောက်တစ်ချက်ကတော့ ကိုယ်ပိုင်စားဖိုမှူးတွေထားခွင့် ပိတ်လိုက်တာပါပဲ။

ကာရင်တန်လေ့ကျင့်ကွင်းက ကန်တင်းမှာပဲ အားလုံး သာတူညီမျှစားသောက်ကြရမှာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းအတွက် လိုအပ်တဲ့ဓါတ်စာကိုတော့ စီစဉ်ပေးသွားမှာပါ။

ငွေသိပ်ပေါနေတာကြောင့် စားတော်ပွဲကို ရှယ်ပလန်နဲ့စားနေတဲ့သူတွေ ဂါပါပြီ။ နောက်ပြီး လေ့ကျင့်ကွင်းကို နောက်ကျမှလာသူတွေကို ပွဲကစားခွင့်ပိတ်တဲ့အထိ အရေးယူဖို့ရှိသလို

သီတင်းပတ်တိုင်း ကိုယ်အလေးချိန်နဲ့အရပ် တိုင်းရမှာဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ အဝတ်လဲခန်းလျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ စီစဉ်ထားပုံရပါတယ်။

ကစားသမားတွေဟာ သူတို့ရဲ့မကျေနပ်မှု၊ အဆင်မပြေမှုတွေကို အေးဂျင့်တွေဆီရင်ဖွင့်တာ၊ တစ်နေရာရာမှာပြောတာတွေ လုပ်ခွင့်မရှိတော့ပါဘူး။ ဒါတွေအားလုံးကို အဆင်ပြေအောင် နည်းပြသစ်က ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

(zawgyi)

တကယ္ေတာ့ တန္ဟတ္ရဲ႕ဘဝက ေက်ာ္ေတာ့ေလွသူႀကီး၊ ညားေတာ့ေလွထိုးသားျဖစ္မယ့္ကိန္း ဆိုက္ေနရတာပါ။ ေရာ္နယ္ဒိုရွိတဲ့ ကမာၻေက်ာ္ေဘာလုံးအသင္းကို ကိုင္တြယ္မယ္ဟဲ့လို႔ အားခဲလာသမွ် မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္ေတာ့ပါဘူး။

ဒါေပမဲ့ နယ္သာလန္သားဟာ သူ႔တာဝန္ေတြကိုေတာ့ ပေရာ္ဖက္ရွင္နယ္ပီသစြာ လုပ္ေနဆဲပါ။ အိုးလ္ထရက္ဖို႔ဒ္ရပ္ဝန္းမွာ ေနာက္ဆုံး ဂယက္ထေနတာကေတာ့ တန္ဟတ္ရဲ႕ ပညတ္ေတာ္ ၅ ပါးျဖစ္ပါတယ္။

ပထမဆုံးတားျမစ္ခ်က္က ပြဲစဥ္ေတြရွိေနတဲ့သီတင္းပတ္အတြင္း အရက္မေသာက္ရဆိုတာပါ။ မန္ယူဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရေပမယ့္ ယူ႐ိုပါလိဂ္ကစားရဦးမွာျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္တြင္းရႈံးထြက္ဖလားပြဲေတြပါတြက္ရင္ တစ္ပတ္ထဲမွာ ၂ ပြဲကစားရတာေတြ ေသခ်ာေပါက္ရွိလာမွာပါ။ ဒါေၾကာင့္ သရဲနီေတြဟာ တစ္ရာသီလုံးနီးပါး အရက္ေသစာေရွာင္ရမယ့္ကိန္း ဆိုက္ေနရပါၿပီ။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ပိုင္စားဖိုမႉးေတြထားခြင့္ ပိတ္လိုက္တာပါပဲ။ ကာရင္တန္ေလ့က်င့္ကြင္းက ကန္တင္းမွာပဲ အားလုံး သာတူညီမွ်စားေသာက္ၾကရမွာျဖစ္ပါတယ္။

ကစားသမားတစ္ေယာက္ခ်င္းအတြက္ လိုအပ္တဲ့ဓါတ္စာကိုေတာ့ စီစဥ္ေပးသြားမွာပါ။  ေငြသိပ္ေပါေနတာေၾကာင့္ စားေတာ္ပြဲကို ရွယ္ပလန္နဲ႔စားေနတဲ့သူေတြ ဂါပါၿပီ။ ေနာက္ၿပီး ေလ့က်င့္ကြင္းကို

ေနာက္က်မွလာသူေတြကို ပြဲကစားခြင့္ပိတ္တဲ့အထိ အေရးယူဖို႔ရွိသလို သီတင္းပတ္တိုင္း ကိုယ္အေလးခ်ိန္နဲ႔အရပ္ တိုင္းရမွာျဖစ္ပါတယ္။  ေနာက္ဆုံးအခ်က္ကေတာ့ အဝတ္လဲခန္းလွ်ိဳ႕ဝွက္ခ်က္ေတြ မေပါက္ၾကားေစဖို႔ စီစဥ္ထားပုံရပါတယ္။

ကစားသမားေတြဟာ သူတို႔ရဲ႕မေက်နပ္မႈ၊ အဆင္မေျပမႈေတြကို ေအးဂ်င့္ေတြဆီရင္ဖြင့္တာ၊ တစ္ေနရာရာမွာေျပာတာေတြ လုပ္ခြင့္မရွိေတာ့ပါဘူး။ ဒါေတြအားလုံးကို အဆင္ေျပေအာင္ နည္းျပသစ္က ေျဖရွင္းေပးသြားမွာျဖစ္ပါတယ္။