
ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်ကောင်းတွေ မရခဲ့တာကြောင့်ပဲ
အသင်းရဲ့နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်
ဝါရင့် ဂျာမန် ဘောလုံးဂုရုကြီး ရန်းနစ်ခ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့်
ရန်းနစ်ခ်ရဲ့ လက်အောက်မှာလည်း ရလဒ်တွေ တိုးတက်လာခြင်း မရှိပါဘူး။
အခုတော့အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် နည်းပြကောင်း တစ်ဦးကို ရှာဖွေနေပါပြီ။
ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်း ဖြစ်တဲ့ အက်ဒ်ဝင်ဗန်ဒါဆားက
သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက် အသင်းအတွက် နောက်ကွယ်ကနေ
အပြည့်အဝ အကူအညီပေးနေတာ တွေ့ရပါတယ်။ တန်ဟက်ဂ် ဟာ
စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီဟု အကြံပြုထားပြီး ယူနိုက်တက်
အသင်းအနေဖြင့် တရားဝင်ကမ်းလှမ်းရန် ဗန်ဒါဆားက အကြံပြုထားပါတယ်။
ယူနိုက်တက်ဂိုးသမားဟောင်း ဗန်ဒါဆားက “ဒါက ကျွန်တော်တို့အသင်းရဲ့
လုပ်ဆောင်ချက်ကောင်းတယ်ဆိုတာကို ပြသလိုက်တာပါ။
ကစားသမားတွေလည်း အတူတူပါပဲ။ ကျွန်တော်တို့ ဖျော်ဖြေတဲ့အခါ
ပရိသတ်တွေက စိတ်ဝင်စားမှုရှိလာမှာပါ။ ကျွန်တော်တို့ရဲ့ ကစားသမား
ဒါမှမဟုတ် နည်းပြကို စိတ်ဝင်စားတယ် ဆိုရင်တော့ ကျွန်တော်တို့အားလုံး
ဂုဏ်ယူနေမှာပါ။ ဒါဆို ကိစ္စအားလုံးဟာ အဆင်သင့်ဖြစ်နေပြီဆိုတာ
သေချာအောင်လုပ်ရမယ်”ဟု ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်နဲ့
စာချုပ်သက်တမ်း ၁၅လကျော် ကျန်သေးတဲ့ တန်ဟက်ဂ်ကို ခေါ်ယူချင်ရင်
စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်း ဝန်းကျင် ပေးချေရနိုင်ပါတယ်။
zawgyi
တန္ဟက္ဂ္ ယူႏိုက္တက္ကို ေရာက္လာဖို႔ ေနာက္ကြယ္က အျပင္းအထန္ ကူညီေပးေနတဲ့ ဗန္ဒါဆား
ယူႏိုက္တက္ဟာ ယခုႏွစ္ ေဘာလုံးရာသီ အစမွာ ရလဒ္ေကာင္းေတြ မရခဲ့တာေၾကာင့္ပဲ
အသင္းရဲ႕နည္းျပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္
ဝါရင့္ ဂ်ာမန္ ေဘာလုံးဂု႐ုႀကီး ရန္းနစ္ခ္ကို ယာယီနည္းျပ အျဖစ္ ခန႔္အပ္ခဲ့ေပမယ့္
ရန္းနစ္ခ္ရဲ႕ လက္ေအာက္မွာလည္း ရလဒ္ေတြ တိုးတက္လာျခင္း မရွိပါဘူး။
အခုေတာ့အသင္းကို ေရရွည္ ကိုင္တြယ္ႏိုင္မယ့္ နည္းျပေကာင္း တစ္ဦးကို ရွာေဖြေနပါၿပီ။
ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ဂိုးသမားေဟာင္း ျဖစ္တဲ့ အက္ဒ္ဝင္ဗန္ဒါဆားက
သူ႔ရဲ႕အသင္းေဟာင္းျဖစ္တဲ့ ယူႏိုက္တက္ အသင္းအတြက္ ေနာက္ကြယ္ကေန
အျပည့္အဝ အကူအညီေပးေနတာ ေတြ႕ရပါတယ္။ တန္ဟက္ဂ္ ဟာ
စိန္ေခၚမႈအသစ္အတြက္ အဆင္သင့္ျဖစ္ေနၿပီဟု အႀကံျပဳထားၿပီး ယူႏိုက္တက္
အသင္းအေနျဖင့္ တရားဝင္ကမ္းလွမ္းရန္ ဗန္ဒါဆားက အႀကံျပဳထားပါတယ္။
ယူႏိုက္တက္ဂိုးသမားေဟာင္း ဗန္ဒါဆားက “ဒါက ကြၽန္ေတာ္တို႔အသင္းရဲ႕
လုပ္ေဆာင္ခ်က္ေကာင္းတယ္ဆိုတာကို ျပသလိုက္တာပါ။
ကစားသမားေတြလည္း အတူတူပါပဲ။ ကြၽန္ေတာ္တို႔ ေဖ်ာ္ေျဖတဲ့အခါ
ပရိသတ္ေတြက စိတ္ဝင္စားမႈရွိလာမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမား
ဒါမွမဟုတ္ နည္းျပကို စိတ္ဝင္စားတယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အားလုံး
ဂုဏ္ယူေနမွာပါ။ ဒါဆို ကိစၥအားလုံးဟာ အဆင္သင့္ျဖစ္ေနၿပီဆိုတာ
ေသခ်ာေအာင္လုပ္ရမယ္”ဟု ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေအဂ်က္နဲ႔
စာခ်ဳပ္သက္တမ္း ၁၅လေက်ာ္ က်န္ေသးတဲ့ တန္ဟက္ဂ္ကို ေခၚယူခ်င္ရင္
စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၅သန္း ဝန္းက်င္ ေပးေခ်ရႏိုင္ပါတယ္။
Leave a Reply