တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားစစ်ခင်းပြီး စနောက်နေကြတဲ့ ဝိန်းရွန်းနီနဲ့ ရီယိုဖာဒီနန်

ဝိန်းရွန်းနီဟာ စနေနေ့က မန်ချက်စတာမှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့

တွေ့ဆုံပွဲအစီအစဉ်မှာ ရီယိုဖာဒီနန်အပါအဝင် မန်ချက်စတာကစားဖော်ဟောင်း

အတော်များများနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။

အဲ့သည့်အချိန်မှာ ရွန်းနီကလည်း ဘီယာသောက်ထားတာ အရှိန်ကောင်းနေပြီး

နှုတ်ရွှင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဆယ်နှစ်ကြာ

တွဲကစားခဲ့တဲ့ ဖာဒီနန်နှင့်ပတ်သက်ပြီးရွန်းနီက “ရီယိုဟာ ထိပ်တန်း

ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူကမာနကြီးတယ်ဗျ။

သူနဲ့ယူနိုက်တက်မှာကစားစဉ်တုန်းက အမြဲလိုလိုအငြင်းအခုန်ဖြစ်ခဲ့ရကြောင်းဆိုခဲ့ပြီး

ရီယိုဖာဒီနန်ကတခါတလေမှာ ခံစစ်နေရာက ကစားနေတယ်ဆိုတာကိုပါ

မေ့လျော့နေတတ်တယ်လို့ပြောခဲ့ပါတယ်။ ရီယိုဖာဒီနန်ကလည်း ရွန်းနီရဲ့

ပြောဆိုမှုအပေါ် သူစီစဉ်တင်ဆက်နေတဲ့ FIVE podcast အစီအစဉ်ကနေ

ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ ဖာဒီနန်က “ ကျွန်တော်တို့အုပ်စုတွေ

ပရိသတ်တွေနဲ့တွေ့ဆုံမှုလုပ်ခဲ့ကြတဲ့ပွဲမှာဗျာ အမှတ်တရ လက်မှတ်တွေထိုးကြတယ်။

အရင်ကအကြောင်းတွေကို ပရိသတ်တွေနဲ့ ပြန်ပြီးပြောဖြစ်ခဲ့ကြတာပေါ့။

အဲ့နေ့ကပျော်ဖို့အတော်ကိုကောင်းပါတယ်။ ဝိန်းလည်း ဘီယာလေးနည်းနည်း

သောက်ထားတော့နှုတ်မထိန်းနိုင်ဖြစ်တတ်တယ်။ ခင်ဗျားတို့လည်းသိပါတယ်။

အဲ့အချိန်မှာ သူလည်း ကင်မရာတွေ၊ မိုက်ခရိုက်ဖုန်းတွေကို မေ့သွားပုံရပါတယ်။

“သူက ကစားသမားဟောင်းတချို့အကြောင်း နည်းနည်းပြောတယ်၊

သူကကျွန်တော့်ကို မာနကြီးတဲ့အကြောင်းနဲ့ ကျွန်တော်တို့ ငြင်းခုံခဲ့ကြပုံ

အကြောင်းပြောပြီး သူက”မင်းအလုပ်ကို လုပ်ပါ” စသဖြင့် ပြောခဲ့ကြပါတယ်။

အဲ့ဒါက”အိုးလ်ထရက်ဖို့ဒ်မှာပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ်၊

ကျွန်တော်တို့ ကွင်းထဲမှာ ငြင်းခုံခဲ့ကြတဲ့အချိန်ကို သူက ရည်ညွှန်းပြီး ပြောသွားခဲ့တာပါ။

ကျွန်တော်နဲ့ သူက အမြဲတမ်း ငြင်းခုံနေကြတဲ့သူနှစ်ယောက်ပါ။

ဖီဖာဂိမ်းကစားရင်တောင် ကျွန်တော်တို့ကတစ်ယောက်နဲ့တစ်ယောက်

ငြင်းရင်းကစားကြတာဗျ” လို့ပြောကြားသွားပါတယ်။

ဝိန်းရွန်းနီနှင့်ရီယိုဖာဒီနန်တို့ဟာ၂၀၁၄ခုနှစ်မှ၂၀၁၄ခုနှစ်အထိ

ဆယ်နှစ်တိုင်တိုင်ယူနိုက်တက်တွင်အတူကစားခဲ့ကြပြီး

ပရီးမီးယားလိဂ်ဖလား၅ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်အတူတူဆွတ်ခူးနိုင်ခဲ့ပါတယ်။

zawgyi

တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ စကားစစ္ခင္းၿပီး စေနာက္ေနၾကတဲ့ ၀ိန္းရြန္းနီနဲ႔ ရီယုိဖာဒီနန္

ဝိန္း႐ြန္းနီဟာ စေနေန႔က မန္ခ်က္စတာမွာ ျပဳလုပ္ခဲ့တဲ့ ပရိသတ္ေတြနဲ႔

ေတြ႕ဆုံပြဲအစီအစဥ္မွာ ရီယိုဖာဒီနန္အပါအဝင္ မန္ခ်က္စတာကစားေဖာ္ေဟာင္း

အေတာ္မ်ားမ်ားနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကိုေျပာၾကားခဲ့ပါတယ္။

အဲ့သည့္အခ်ိန္မွာ ႐ြန္းနီကလည္း ဘီယာေသာက္ထားတာ အရွိန္ေကာင္းေနၿပီး

ႏႈတ္႐ႊင္ေနတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ ယူႏိုက္တက္မွာ ဆယ္ႏွစ္ၾကာ

တြဲကစားခဲ့တဲ့ ဖာဒီနန္ႏွင့္ပတ္သက္ၿပီး႐ြန္းနီက “ရီယိုဟာ ထိပ္တန္း

ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ သူကမာနႀကီးတယ္ဗ်။

သူနဲ႔ယူႏိုက္တက္မွာကစားစဥ္တုန္းက အၿမဲလိုလိုအျငင္းအခုန္ျဖစ္ခဲ့ရေၾကာင္းဆိုခဲ့ၿပီး

ရီယိုဖာဒီနန္ကတခါတေလမွာ ခံစစ္ေနရာက ကစားေနတယ္ဆိုတာကိုပါ

ေမ့ေလ်ာ့ေနတတ္တယ္လို႔ေျပာခဲ့ပါတယ္။ ရီယိုဖာဒီနန္ကလည္း ႐ြန္းနီရဲ႕

ေျပာဆိုမႈအေပၚ သူစီစဥ္တင္ဆက္ေနတဲ့ FIVE podcast အစီအစဥ္ကေန

ျပန္လည္တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။ ဖာဒီနန္က “ ကြၽန္ေတာ္တို႔အုပ္စုေတြ

ပရိသတ္ေတြနဲ႔ေတြ႕ဆုံမႈလုပ္ခဲ့ၾကတဲ့ပြဲမွာဗ်ာ အမွတ္တရ လက္မွတ္ေတြထိုးၾကတယ္။

အရင္ကအေၾကာင္းေတြကို ပရိသတ္ေတြနဲ႔ ျပန္ၿပီးေျပာျဖစ္ခဲ့ၾကတာေပါ့။

အဲ့ေန႔ကေပ်ာ္ဖို႔အေတာ္ကိုေကာင္းပါတယ္။ ဝိန္းလည္း ဘီယာေလးနည္းနည္း

ေသာက္ထားေတာ့ႏႈတ္မထိန္းႏိုင္ျဖစ္တတ္တယ္။ ခင္ဗ်ားတို႔လည္းသိပါတယ္။

အဲ့အခ်ိန္မွာ သူလည္း ကင္မရာေတြ၊ မိုက္ခ႐ိုက္ဖုန္းေတြကို ေမ့သြားပုံရပါတယ္။

“သူက ကစားသမားေဟာင္းတခ်ိဳ႕အေၾကာင္း နည္းနည္းေျပာတယ္၊

သူကကြၽန္ေတာ့္ကို မာနႀကီးတဲ့အေၾကာင္းနဲ႔ ကြၽန္ေတာ္တို႔ ျငင္းခုံခဲ့ၾကပုံ

အေၾကာင္းေျပာၿပီး သူက”မင္းအလုပ္ကို လုပ္ပါ” စသျဖင့္ ေျပာခဲ့ၾကပါတယ္။

အဲ့ဒါက”အိုးလ္ထရက္ဖို႔ဒ္မွာပဲျဖစ္ျဖစ္၊ ေလ့က်င့္ေရးကြင္းမွာပဲျဖစ္ျဖစ္၊

ကြၽန္ေတာ္တို႔ ကြင္းထဲမွာ ျငင္းခုံခဲ့ၾကတဲ့အခ်ိန္ကို သူက ရည္ၫႊန္းၿပီး ေျပာသြားခဲ့တာပါ။

ကြၽန္ေတာ္နဲ႔ သူက အၿမဲတမ္း ျငင္းခုံေနၾကတဲ့သူႏွစ္ေယာက္ပါ။

ဖီဖာဂိမ္းကစားရင္ေတာင္ ကြၽန္ေတာ္တို႔ကတစ္ေယာက္နဲ႔တစ္ေယာက္

ျငင္းရင္းကစားၾကတာဗ်” လို႔ေျပာၾကားသြားပါတယ္။

ဝိန္း႐ြန္းနီႏွင့္ရီယိုဖာဒီနန္တို႔ဟာ၂၀၁၄ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိ

ဆယ္ႏွစ္တိုင္တိုင္ယူႏိုက္တက္တြင္အတူကစားခဲ့ၾကၿပီး

ပရီးမီးယားလိဂ္ဖလား၅ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္အတူတူဆြတ္ခူးႏိုင္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*