တစ်ပွဲသာကိုင်ရသေးပေမယ့် မန်ယူရဲ့မှတ်တမ်းကောင်းတစ်ခုကို ပျက်စီးစေခဲ့တဲ့ တန်းဟတ်

ဘရိုက်တန်နဲ့ပွဲဟာ မန်ယူနည်းပြသစ်တန်းဟတ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ပါ။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာဖြစ်ပေမယ့် သရဲနီတွေဟာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

ဂရေဟမ်ပေါ့တာရဲ့အသင်းဟာ ကွင်းလယ်လူ ပါစကယ်ဂရော့စ်ရဲ့သွင်းဂိုး ၂ ဂိုးကြောင့် ရာသီအဖွင့် ၃ မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ ဒါဟာ မန်ယူရဲ့အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ

ဘရိုက်တန် ပထမဆုံးအကြိမ် အနိုင်ရခဲ့တာပါ။ တနည်းအားဖြင့် တန်းဟတ်ဟာ စင်ရော်တွေကို အိမ်ကွင်းမှာရှုံးနိမ့်တဲ့ ပထမဆုံးမန်ယူနည်းပြအဖြစ် မှတ်တမ်းဆိုးဝင်သွားခဲ့ရပါတယ်။

ရာသီကြိုကာလခြေစွမ်းကြောင့် မန်ယူပရိသတ်တွေကတော့ ဘရိုက်တန်ကို သူတို့အသင်း လွယ်လွယ်အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ကွင်းထဲမှာတော့

သူတို့ထင်သလိုဖြစ်မလာခဲ့ပါဘူး။ မိနစ် ၃၀ မှာ ဝဲလ်ဘတ်ဖန်တီးပေးတာကို ဂရော့စ်ကပိတ်ပြီး ဘရိုက်တန် အဖွင့်ဂိုးရသွားသလို သိပ်မကြာခင်မှာပဲ မာ့ချ်ရဲ့ကန်ချက်ကို

ဒီဂီယာပုတ်အထုတ် ဂရော့စ်ကပဲ ပိတ်နိုင်ခဲ့တာကြောင့် ဒုတိယဂိုးရခဲ့ပါတယ်။ ရော်နယ်ဒို၊ ဂါနာချိုတို့ကိုထည့်ပြီး မန်ယူချေပဂိုးရဖို့ကြိုးစားပေမယ့် ဘရိုက်တန်ကွင်းလယ်လူ မက်အယ်လစ်စတာရဲ့ OG တစ်ဂိုးသာ

အဖတ်တင်ခဲ့တာပါ။ ဒါကြောင့် မန်ယူကို တစ်ပွဲသာတာဝန်ယူရသေးပေမယ့် တန်းဟတ်ဟာ ၁၉၇၃ နောက်ပိုင်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ပထမဆုံးအကြိမ်ရှုံးတဲ့နည်းပြအဖြစ် သမိုင်းတွင်သွားခဲ့ပါတော့တယ်။

(zawgyi)

ဘ႐ိုက္တန္နဲ႔ပြဲဟာ မန္ယူနည္းျပသစ္တန္းဟတ္အတြက္ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္ပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရတာျဖစ္ေပမယ့္ သရဲနီေတြဟာ ၁-၂ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ရပါတယ္။

ဂေရဟမ္ေပါ့တာရဲ႕အသင္းဟာ ကြင္းလယ္လူ ပါစကယ္ဂေရာ့စ္ရဲ႕သြင္းဂိုး ၂ ဂိုးေၾကာင့္ ရာသီအဖြင့္ ၃ မွတ္ကိုရယူႏိုင္ခဲ့ပါတယ္။ ဒါဟာ မန္ယူရဲ႕အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ ဘ႐ိုက္တန္

ပထမဆုံးအႀကိမ္ အႏိုင္ရခဲ့တာပါ။ တနည္းအားျဖင့္ တန္းဟတ္ဟာ စင္ေရာ္ေတြကို အိမ္ကြင္းမွာရႈံးနိမ့္တဲ့ ပထမဆုံးမန္ယူနည္းျပအျဖစ္ မွတ္တမ္းဆိုးဝင္သြားခဲ့ရပါတယ္။ ရာသီႀကိဳကာလေျခစြမ္းေၾကာင့္

မန္ယူပရိသတ္ေတြကေတာ့ ဘ႐ိုက္တန္ကို သူတို႔အသင္း လြယ္လြယ္အႏိုင္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမဲ့ ကြင္းထဲမွာေတာ့ သူတို႔ထင္သလိုျဖစ္မလာခဲ့ပါဘူး။ မိနစ္ ၃၀ မွာ

ဝဲလ္ဘတ္ဖန္တီးေပးတာကို ဂေရာ့စ္ကပိတ္ၿပီး ဘ႐ိုက္တန္ အဖြင့္ဂိုးရသြားသလို သိပ္မၾကာခင္မွာပဲ မာ့ခ်္ရဲ႕ကန္ခ်က္ကို ဒီဂီယာပုတ္အထုတ္ ဂေရာ့စ္ကပဲ ပိတ္ႏိုင္ခဲ့တာေၾကာင့္ ဒုတိယဂိုးရခဲ့ပါတယ္။

ေရာ္နယ္ဒို၊ ဂါနာခ်ိဳတို႔ကိုထည့္ၿပီး မန္ယူေခ်ပဂိုးရဖို႔ႀကိဳးစားေပမယ့္ ဘ႐ိုက္တန္ကြင္းလယ္လူ မက္အယ္လစ္စတာရဲ႕ OG တစ္ဂိုးသာ အဖတ္တင္ခဲ့တာပါ။

ဒါေၾကာင့္ မန္ယူကို တစ္ပြဲသာတာဝန္ယူရေသးေပမယ့္ တန္းဟတ္ဟာ ၁၉၇၃ ေနာက္ပိုင္း ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ ပထမဆုံးအႀကိမ္ရႈံးတဲ့နည္းျပအျဖစ္ သမိုင္းတြင္သြားခဲ့ပါေတာ့တယ္။