တစ်ပွဲတည်း (၄)ဂိုးသွင်းပြီး အယ်လ်ဟီလယ်အသင်းကို အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ သရဲနီတိုက်စစ်မှူးဟောင်းကြီး

ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းမှာ ကစားနေတဲ့

နိုက်ဂျီးရီးယားဝါရင့်တိုက်စစ်မှူး အီဂါလိုဟာ Al-Duhail အသင်းကို
(၇-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ
တစ်ပွဲတည်း Super Hat trick အဖြစ် (၄)ဂိုးသွင်းယူပြီး သူ့အသင်းကို
ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ အီဂါလိုဟာ ပွဲအစ,စက္ကန့်(၉၀)
အတွင်းမှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၁၀)မိနစ်၊ (၄၈)မိနစ်နဲ့ မိနစ်(၆၀)တွေမှာ
ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းအတွက်

ကျန်တဲ့ဂိုးတွေကိုတော့ တိုက်စစ်မှူးမာရီဂါ(၂ဂိုး)၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက
အာဂျင်တီးနားဘက်ကို အနိုင်ဂိုးသွင်းခဲ့တဲ့ ဆော်ဒီတိုက်စစ်ကစားသမား
အယ်လ်ဒေါ်ဆာရီတို့က သွင်းယူခဲ့ကြပါတယ်။

အီဂါလိုဟာ ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်
ခဲ့ဖူးသလို ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း
၂၀၁၉-၂၀၊ ၂၀၂၀-၂၁ ရာသီတွေတုန်းက အငှားနဲ့ လာရောက်ကစားခဲ့ပြီး
(၂၃)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်း အီဂါလိုဟာ ဆော်ဒီလိဂ်က
အယ်လ်ရှာဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး,ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလအတွင်း

အယ်လ်ဟီလယ်အသင်းဆီ ရောက်ရှိခဲ့ပါတယ်။

အယ်လ်ဟီလယ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ အီဂါလိုက (၂၂)ပွဲကစား၊

(၁၇)ဂိုးသွင်းယူခဲ့သလို ဒီရာသီမှာလည်း (၁၅)ပွဲကစား၊ (၉)ဂိုးသွင်းပြီး ဆော်ဒီ
လိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးဆုအတွက် အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ
နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုနဲ့ အပြိုင်ဖြစ်နေပါတယ်။

[Zawgyi]

ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္ဟီလယ္အသင္းမွာ ကစားေနတဲ့
ႏိုက္ဂ်ီးရီးယားဝါရင့္တိုက္စစ္မႉး အီဂါလိုဟာ Al-Duhail အသင္းကို
(၇-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ အာရွခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲမွာ
တစ္ပြဲတည္း Super Hat trick အျဖစ္ (၄)ဂိုးသြင္းယူၿပီး သူ႔အသင္းကို

ဗိုလ္လုပြဲတက္ေရာက္ခြင့္ရရွိေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီဂါလိုဟာ ပြဲအစ,စကၠန႔္(၉၀)

အတြင္းမွာပဲ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး (၁၀)မိနစ္၊ (၄၈)မိနစ္နဲ႔ မိနစ္(၆၀)ေတြမွာ
ဂိုးေတြ ဆက္တိုက္သြင္းယူခဲ့ပါတယ္။ အယ္လ္ဟီလယ္အသင္းအတြက္
က်န္တဲ့ဂိုးေတြကိုေတာ့ တိုက္စစ္မႉးမာရီဂါ(၂ဂိုး)၊ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက
အာဂ်င္တီးနားဘက္ကို အႏိုင္ဂိုးသြင္းခဲ့တဲ့ ေဆာ္ဒီတိုက္စစ္ကစားသမား
အယ္လ္ေဒၚဆာရီတို႔က သြင္းယူခဲ့ၾကပါတယ္။

အီဂါလိုဟာ ဝက္ဖို႔ဒ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ က်င္လည္
ခဲ့ဖူးသလို ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလည္း

၂၀၁၉-၂၀၊ ၂၀၂၀-၂၁ ရာသီေတြတုန္းက အငွားနဲ႔ လာေရာက္ကစားခဲ့ၿပီး
(၂၃)ပြဲကစား၊ (၅)ဂိုးသြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း အီဂါလိုဟာ ေဆာ္ဒီလိဂ္က
အယ္လ္ရွာဘတ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး,ၿပီးခဲ့တဲ့ႏွစ္၊ ဇန္နဝါရီလအတြင္း
အယ္လ္ဟီလယ္အသင္းဆီ ေရာက္ရွိခဲ့ပါတယ္။

အယ္လ္ဟီလယ္ကစားသမားဘ၀ ပြဲဦးထြက္ရာသီမွာ အီဂါလိုက (၂၂)ပြဲကစား၊
(၁၇)ဂိုးသြင္းယူခဲ့သလို ဒီရာသီမွာလည္း (၁၅)ပြဲကစား၊ (၉)ဂိုးသြင္းၿပီး ေဆာ္ဒီ
လိဂ္ၿပိဳင္ပြဲမွာ သြင္းဂိုးအမ်ားဆုံးဆုအတြက္ အယ္လ္နာဆာအသင္းရဲ႕ ေပၚတူဂီ
နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။