တစ်ပွဲတည်း (၄)ဂိုးသွင်းခဲ့ပေမယ့် Rating သတ်မှတ်ချက်မှာ (၁၀)မရလို့ စီရော်နယ်လ်ဒို ပရိသတ်တွေ ဒေါသပေါက်ကွဲ

အယ်လ်နာဆာအသင်း နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ

Al Wehda ကို အနိုင်ရတဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ တစ်ပွဲတည်း (၄)ဂိုး
သွင်းခဲ့ပေမယ့် Rating သတ်မှတ်ချက်မှာ (၁၀)အပြည့်မရလို့
သူ့ ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြပါတယ်။

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပထမပိုင်း
(၂၁)မိနစ်မှာ တောင်ပံတိုက်စစ်ကစားသမား ဂါရိဘ် ဖန်တီးပေးတာကနေ
အဖွင့်ဂိုးသွင်းခဲ့ပြီး အဲဒီဂိုးဟာ သူ့ရဲ့ ကလပ်အသင်းကစားသမားဘ၀
လိဂ်ပြိုင်ပွဲ သွင်းဂိုး(၅၀၀)မြောက်ဂိုးဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် မိနစ်(၄၀၊ ၅၃၊ ၆၁)မိနစ်တွေမှာ စီရော်နယ်လ်ဒိုက
ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး အသင်းအတွက် ဂိုးပြတ်နိုင်ပွဲရယူပေးခဲ့တဲ့

အပြင် စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကလပ်အသင်း
အတွက် တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ကစားသမား
ဘဝတစ်လျှောက် နိုင်ငံနဲ့ကလပ်အသင်းအတွက် (၆၁)ကြိမ်မြောက်
ဟက်ထရစ်လည်းဖြစ်ခဲ့ပါတယ်။

Al Wehda နဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ဂိုးပေါက်ကန်သွင်းချက်(၉)ကြိမ်၊
တိကျတဲ့ဘောလုံးပေးပို့မှု (၈၁%)၊ အခွင့်အရေးဖန်တီးနိုင်မှု (၂)ကြိမ်ရှိပြီး
(၄)ဂိုးသွင်းယူခဲ့ပေမယ့် နာမည်ကျော် Fotmob ဝက်ဘ်ဆိုက်က

စီရော်နယ်လ်ဒိုရဲ့ Rating ကို (၉.၇)သာ သတ်မှတ်ပေးခဲ့ပါတယ်။

အဲဒါကြောင့် စီရော်နယ်လ်ဒိုပရိသတ်တွေဟာ Twitter မှာ ဝေဖန်ခဲ့ကြပြီး

‘Rating ၁၀ ရဖို့ စီရော်နယ်လ်ဒိုရဲ့ နာမည်ကို မက်ဆီလို့ ပြောင်းလဲ
ရတော့မှာလား . .’၊ ‘Rating ၁၀ ရဖို့ စီရော်နယ်လ်ဒို ဘာတွေထပ်ပြီး
လုပ်ပြရဦးမှာလဲ . .တစ်ပွဲတည်း ဂိုး(၅၀၀)လောက် သွင်းမှရမှာလား . .’လို့
ပြစ်တင်ရေးသားခဲ့ပါတယ်။

[Zawgyi]

အယ္လ္နာဆာအသင္း နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ
Al Wehda ကို အႏိုင္ရတဲ့ ေဆာ္ဒီလိဂ္ပြဲစဥ္မွာ တစ္ပြဲတည္း (၄)ဂိုး
သြင္းခဲ့ေပမယ့္ Rating သတ္မွတ္ခ်က္မွာ (၁၀)အျပည့္မရလို႔

သူ႔ ပရိသတ္ေတြ မေက်မနပ္ျဖစ္ေနၾကပါတယ္။

အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ပထမပိုင္း

(၂၁)မိနစ္မွာ ေတာင္ပံတိုက္စစ္ကစားသမား ဂါရိဘ္ ဖန္တီးေပးတာကေန
အဖြင့္ဂိုးသြင္းခဲ့ၿပီး အဲဒီဂိုးဟာ သူ႔ရဲ႕ ကလပ္အသင္းကစားသမားဘ၀
လိဂ္ၿပိဳင္ပြဲ သြင္းဂိုး(၅၀၀)ေျမာက္ဂိုးျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ ပြဲခ်ိန္ မိနစ္(၄၀၊ ၅၃၊ ၆၁)မိနစ္ေတြမွာ စီေရာ္နယ္လ္ဒိုက
ဂိုးေတြဆက္တိုက္သြင္းယူခဲ့ၿပီး အသင္းအတြက္ ဂိုးျပတ္ႏိုင္ပြဲရယူေပးခဲ့တဲ့
အျပင္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ကလပ္အသင္း
အတြက္ တစ္ပြဲတည္း (၄)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္သလို သူ႔ရဲ႕ကစားသမား

ဘဝတစ္ေလွ်ာက္ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ (၆၁)ႀကိမ္ေျမာက္
ဟက္ထရစ္လည္းျဖစ္ခဲ့ပါတယ္။

Al Wehda နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ဂိုးေပါက္ကန္သြင္းခ်က္(၉)ႀကိမ္၊
တိက်တဲ့ေဘာလုံးေပးပို႔မႈ (၈၁%)၊ အခြင့္အေရးဖန္တီးႏိုင္မႈ (၂)ႀကိမ္ရွိၿပီး
(၄)ဂိုးသြင္းယူခဲ့ေပမယ့္ နာမည္ေက်ာ္ Fotmob ဝက္ဘ္ဆိုက္က
စီေရာ္နယ္လ္ဒိုရဲ႕ Rating ကို (၉.၇)သာ သတ္မွတ္ေပးခဲ့ပါတယ္။

အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုပရိသတ္ေတြဟာ Twitter မွာ ေဝဖန္ခဲ့ၾကၿပီး
‘Rating ၁၀ ရဖို႔ စီေရာ္နယ္လ္ဒိုရဲ႕ နာမည္ကို မက္ဆီလို႔ ေျပာင္းလဲ
ရေတာ့မွာလား . .’၊ ‘Rating ၁၀ ရဖို႔ စီေရာ္နယ္လ္ဒို ဘာေတြထပ္ၿပီး

လုပ္ျပရဦးမွာလဲ . .တစ္ပြဲတည္း ဂိုး(၅၀၀)ေလာက္ သြင္းမွရမွာလား . .’လို႔
ျပစ္တင္ေရးသားခဲ့ပါတယ္။