တစ်နေ့ကျရင် ပြန်လာခဲ့မယ်လို့ မျက်ရည်တွေကျပြီး ရီးရဲလ်ကို ကက်စ်မီရို နှုတ်ဆက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူကိုပြောင်းရွှေ့တော့မယ့် ကွင်းလယ်လူကက်စ်မီရိုအတွက် နှုတ်ဆက်ပွဲကို ဒီနေ့ကျင်းပပေးခဲ့ပါတယ်။ ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်နဲ့ နည်းပြအန်ဆယ်လော့တီတို့လည်း လေ့ကျင့်ကွင်းက

အခမ်းအနားကိုတက်ရောက်ခဲ့ကြပါတယ်။ ဘရာဇီးလ်သားဟာ ၂၀၁၃ ကတည်းက ကစားခဲ့တဲ့အသင်းကို တကယ်တမ်းခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းမှုကို မထိန်းနိုင်ခဲ့ရှာပါဘူး။ နှုတ်ဆက်စကားမပြောခင်မှာ

မျက်ရည်တွေသုတ်နေခဲ့သလို ဇနီးဖြစ်သူလည်း မျက်ရည်တွေဝဲနေခဲ့ပါတယ်။ စကားပြောဖို့ အတော်လေးအားယူခဲ့တဲ့နောက် ကက်စ်မီရိုက “ ဒီကို ကျွန်တော်တို့( ဇနီး )ရောက်လာတော့ ဘယ်သူမှတောင် မသိခဲ့ကြပါဘူး။

ရီးရဲလ်ဟာ ကျွန်တော့်ရဲ့နိုင်ငံသစ်ဖြစ်ခဲ့တာပါ။ ကျွန်တော် မှတ်မိနေပါသေးတယ်။ ရီးရဲလ်က ကျွန်တော့်ကို ပထမဆုံးအကြိမ်ဆက်သွယ်လာတော့ စိတ်လှုပ်ရှားခဲ့ရတာကိုလေ။ ကျွန်တော် ဘရာဇီးလ်ကနေ ထွက်လာခဲ့တယ်။

ရီးရဲလ်အတွက် ကစားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ ရီးရဲလ်နဲ့ ဆုဖလားတွေအများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အကြီးမားဆုံးချန်ပီယံဆုရှိခဲ့တယ်။

အဲဒါက လေ့ကျင့်ကွင်းကို နေ့တိုင်း ရထားစီးပြီးလာခဲ့ရတာပါပဲ။ ဒီအသင်းကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ အထူးသဖြင့် မိုဒရစ်နဲ့ခရူးစ်ပေါ့။ ဒီကို ကျွန်တော် တစ်နေ့ ပြန်လာမှာပါ။ ဥက္ကဌကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ” လို့

ကက်စ်မီရိုက ဖွင့်ဟသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကွင်းလယ်လူဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အပြင် အပိုဆိုကြေး ပေါင် ၁၀ သန်းနဲ့ မန်ယူကို ပြောင်းရွှေ့မှာပါ။

(zawgyi)

ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ယူကိုေျပာင္းေ႐ႊ႕ေတာ့မယ့္ ကြင္းလယ္လူကက္စ္မီ႐ိုအတြက္ ႏႈတ္ဆက္ပြဲကို ဒီေန႔က်င္းပေပးခဲ့ပါတယ္။ ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္နဲ႔ နည္းျပအန္ဆယ္ေလာ့တီတို႔လည္း

ေလ့က်င့္ကြင္းက အခမ္းအနားကိုတက္ေရာက္ခဲ့ၾကပါတယ္။ ဘရာဇီးလ္သားဟာ ၂၀၁၃ ကတည္းက ကစားခဲ့တဲ့အသင္းကို တကယ္တမ္းခြဲရေတာ့မယ္ဆိုေတာ့ ဝမ္းနည္းမႈကို မထိန္းႏိုင္ခဲ့ရွာပါဘူး။

ႏႈတ္ဆက္စကားမေျပာခင္မွာ မ်က္ရည္ေတြသုတ္ေနခဲ့သလို ဇနီးျဖစ္သူလည္း မ်က္ရည္ေတြဝဲေနခဲ့ပါတယ္။ စကားေျပာဖို႔ အေတာ္ေလးအားယူခဲ့တဲ့ေနာက္ ကက္စ္မီ႐ိုက “ ဒီကို ကြၽန္ေတာ္တို႔( ဇနီး )ေရာက္လာေတာ့

ဘယ္သူမွေတာင္ မသိခဲ့ၾကပါဘူး။ ရီးရဲလ္ဟာ ကြၽန္ေတာ့္ရဲ႕ႏိုင္ငံသစ္ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ မွတ္မိေနပါေသးတယ္။ ရီးရဲလ္က ကြၽန္ေတာ့္ကို ပထမဆုံးအႀကိမ္ဆက္သြယ္လာေတာ့ စိတ္လႈပ္ရွားခဲ့ရတာကိုေလ။

ကြၽန္ေတာ္ ဘရာဇီးလ္ကေန ထြက္လာခဲ့တယ္။ ရီးရဲလ္အတြက္ ကစားႏိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ေပါ့။ ကြၽန္ေတာ္ ေရာက္ရွိခဲ့ပါတယ္။ ရီးရဲလ္နဲ႔ ဆုဖလားေတြအမ်ားႀကီး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္

အႀကီးမားဆုံးခ်န္ပီယံဆုရွိခဲ့တယ္။ အဲဒါက ေလ့က်င့္ကြင္းကို ေန႔တိုင္း ရထားစီးၿပီးလာခဲ့ရတာပါပဲ။ ဒီအသင္းကို ကြၽန္ေတာ္ ဘယ္ေတာ့မွ မေမ့ပါဘူး။ အထူးသျဖင့္ မိုဒရစ္နဲ႔ခ႐ူးစ္ေပါ့။ ဒီကို ကြၽန္ေတာ္ တစ္ေန႔ ျပန္လာမွာပါ။

ဥကၠဌႀကီးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ” လို႔ ကက္စ္မီ႐ိုက ဖြင့္ဟသြားခဲ့ပါတယ္။ အသက္ ၃၀ အ႐ြယ္ကြင္းလယ္လူဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၆၀ အျပင္ အပိုဆိုေၾကး ေပါင္ ၁၀ သန္းနဲ႔ မန္ယူကို ေျပာင္းေ႐ႊ႕မွာပါ။