တစ်ကိုယ်ကောင်းသမားလို့ ရော်နယ်ဒိုကို အသင်းဖော်ဟောင်း ဆာဟာ စွပ်စွဲ

မန်ယူတိုက်စစ်မှူးဟောင်းဆာဟာက ရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူမျိုးနဲ့ အသင်းကနေထွက်ခွာဖို့ ကြိုးစားနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

ပေါ်တူဂီသားဟာ ဂျူဗင်တပ်ကနေ ပြန်ရောက်လာတဲ့နောက် တစ်နှစ်အကြာမှာတင် အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာဖို့ ကြိုးစားနေတာပါ။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ကစားချင်တာကြောင့်

အသင်းပြောင်းဖို့ဆန္ဒရှိနေပေမယ့် မန်ယူကလည်း စာချုပ်ထပ်တိုးဖို့သာ ခြေလှမ်းနေပါတယ်။ အခုဆိုရင် သူ့အတွက် တန်းဟတ်ရဲ့အရန်ခုံပညာပေးအစီအစဉ်တောင် စတော့မယ်လို့လည်း

သတင်းထွက်နေပါတယ်။ အသင်းဖော်ဟောင်းဆာဟာကတော့ ရော်နယ်ဒိုဟာ ကိုယ့်အကြောင်းပဲတွေးနေတဲ့သူလို့ ယုံကြည်နေတာပါ။ “ သူ့အိပ်မက်အတွက်

မန်ယူလိုအသင်းကိုတောင်းဆိုနေတာတွေက လက်တွေ့မဆန်ပါဘူး။ မနှစ်ကတော့ ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွေယူပြီး

မန်ယူ မှော်ဆန်ဆန်ပြန်လာတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ သူကလည်း ဆက်နေနိုင်ပါတယ်လို့ ပြောခဲ့တာပါ။ သူရောက်လာတာနဲ့ အားလုံးပြောင်းလဲသွားမယ်ဆိုတာကလည်း

သဘာဝမကျပါဘူး။ ဒါပေမဲ့ ဒါကို သူလုံး၀ မပြနိုင်သေးဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်ဟာ ရော်နယ်ဒိုမဟုတ်ပေမယ့် မန်ယူပရိသတ်တစ်ယောက်အနေနဲ့ပေါ့။ သူက သူ့အကြောင်းပဲတွေးနေတာပါ။

သူက ကြီးကျယ်ခမ်းနားတဲ့ကစားသမားဖြစ်နေတာကြောင့် ကျွန်တော် သူ့ကိုအကဲဖြတ်ပေးမှာတော့ မဟုတ်ပါဘူး။ သူ့လို အရမ်းကောင်းတဲ့သူမျိုး ဆက်နေမှာကိုသာမြတ်နိုးတာပါ ” လို့ ဆာဟာက Sky Bet ကို ပြောသွားခဲ့ပါတယ်။

(zawgyi)

မန္ယူတိုက္စစ္မႉးေဟာင္းဆာဟာက ေရာ္နယ္ဒိုဟာ တစ္ကိုယ္ေကာင္းဆန္တဲ့ အျပဳအမူမ်ိဳးနဲ႔ အသင္းကေနထြက္ခြာဖို႔ ႀကိဳးစားေနတယ္လို႔ ေဝဖန္လိုက္ပါတယ္။ ေပၚတူဂီသားဟာ

ဂ်ဴဗင္တပ္ကေန ျပန္ေရာက္လာတဲ့ေနာက္ တစ္ႏွစ္အၾကာမွာတင္ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာဖို႔ ႀကိဳးစားေနတာပါ။ ေရာ္နယ္ဒိုက ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အသင္းေျပာင္းဖို႔ဆႏၵရွိေနေပမယ့္

မန္ယူကလည္း စာခ်ဳပ္ထပ္တိုးဖို႔သာ ေျခလွမ္းေနပါတယ္။ အခုဆိုရင္ သူ႔အတြက္ တန္းဟတ္ရဲ႕အရန္ခုံပညာေပးအစီအစဥ္ေတာင္ စေတာ့မယ္လို႔လည္း သတင္းထြက္ေနပါတယ္။

အသင္းေဖာ္ေဟာင္းဆာဟာကေတာ့ ေရာ္နယ္ဒိုဟာ ကိုယ့္အေၾကာင္းပဲေတြးေနတဲ့သူလို႔ ယုံၾကည္ေနတာပါ။ “ သူ႔အိပ္မက္အတြက္ မန္ယူလိုအသင္းကိုေတာင္းဆိုေနတာေတြက

လက္ေတြ႕မဆန္ပါဘူး။ မႏွစ္ကေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္ခဲ့မိတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ဖလားေတြယူၿပီး မန္ယူ ေမွာ္ဆန္ဆန္ျပန္လာတာမ်ိဳးလည္း ျဖစ္ႏိုင္တာပါပဲ။

သူကလည္း ဆက္ေနႏိုင္ပါတယ္လို႔ ေျပာခဲ့တာပါ။ သူေရာက္လာတာနဲ႔ အားလုံးေျပာင္းလဲသြားမယ္ဆိုတာကလည္း သဘာဝမက်ပါဘူး။ ဒါေပမဲ့ ဒါကို သူလုံး၀ မျပႏိုင္ေသးဘူးလို႔

ကြၽန္ေတာ္ခံစားရပါတယ္။ ကြၽန္ေတာ္ဟာ ေရာ္နယ္ဒိုမဟုတ္ေပမယ့္ မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ေပါ့။ သူက သူ႔အေၾကာင္းပဲေတြးေနတာပါ။ သူက ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားျဖစ္ေနတာေၾကာင့္

ကြၽန္ေတာ္ သူ႔ကိုအကဲျဖတ္ေပးမွာေတာ့ မဟုတ္ပါဘူး။ သူ႔လို အရမ္းေကာင္းတဲ့သူမ်ိဳး ဆက္ေနမွာကိုသာျမတ္ႏိုးတာပါ ” လို႔ ဆာဟာက Sky Bet ကို ေျပာသြားခဲ့ပါတယ္။