
အာဂျင်တီးနားတိုက်စစ်မှူးဒိုင်ဘာလာကတော့ ပေါ်တူဂီကို ခရီးနှင်နေပါပြီ။ အဲဒီမှာ မော်ရင်ညိုရဲ့ရိုးမားအသင်း ရှိနေပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းဟာ
ဆေးစစ်မယ်၊ ပြီးရင် ရောမသားတွေနဲ့ပူးပေါင်းတော့မှာပါ။ သတင်းတွေကတော့ တစ်နှစ် ယူရို ၆ သန်းနဲ့ ၃ နှစ်စာချုပ်မယ်လို့ ဖေါ်ပြနေကြပါတယ်။ တူရင်ကလပ်မှာ ၇ နှစ်တာကျင်လည်ခဲ့စဉ်
စကူဒက်တိုဖလား ၅ ကြိမ် ကိုပါအီတာလီယာဖလား ၄ ကြိမ်ရရှိခဲ့တဲ့ ဒိုင်ဘာလာကို လိုချင်တဲ့အသင်းတွေများခဲ့ပါတယ်။ အထူးသဖြင့် မနှစ်က စီးရီးအေမှာ ဒုတိယရခဲ့တဲ့
အင်တာမီလန်ပေါ့။ ဒါပေမဲ့ လူကာကူကိုပြန်ရသွားတဲ့ အင်တာဟာ အာဂျင်တိုင်းသားအပေါ် စိတ်ဝင်စားမှုလျော့သွားခဲ့ပြီး မန်ယူ၊ အာဆင်နယ်တို့နဲ့သတင်းထွက်ခဲ့ပါသေးတယ်။
အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ရော်နယ်ဒိုနေရာအစားဝင်လာမယ့်သူအဖြစ် သရဲနီတွေ စိတ်ကူးယဉ်ခဲ့ကြပါသေးတယ်။ ဒါတွေအားလုံးကို မော်ရင်ညိုက လက်တွေ့ကျကျကျော်ဖြတ်သွားခဲ့တာပါ။
စပါယ်ရှယ်ဝမ်းဟာ ဒိုင်ဘာလာဆီ ကိုယ်တိုင်ဖုန်းဆက်ခဲ့တယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ အာဂျင်တိုင်းသားပါဝင်ရမယ့် အခန်းကဏ္ဍကိုရှင်းပြခဲ့တယ်။
ကစားသမားအတွက်လည်း ယူအီးအက်ဖ်အေချန်ပီယံ ၅ ထပ်ကွမ်းကြီးရဲ့အရှိန်အဝါအောက်မှာ မလူးသာမလွန့်သာခဲ့ပါဘူး။ ပေါ်တူဂီသားနည်းပြကြီးဟာ
သိပ်မကြာခင်ကတင် သူ့လက်မောင်းပေါ်က တက်တူးကို ကမ္ဘာသိအောင်ပြခဲ့သေးတယ်လေ။ ဒါကြောင့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဆိုတဲ့ ဖလား ၃ လုံးပိုင်ရှင်
တစ်ဦးတည်းသောနည်းပြဆိုတဲ့ အထိမ်းအမှတ်တက်တူးကြီးပြပြီး ဒိုင်ဘာလာကိုဖျားယောင်းသွားတာလားလို့ ပရိသတ်တွေကနောက်ပြောင်နေကြတာ ဖြစ်ပါလိမ့်မယ်။
(zawgyi)
အာဂ်င္တီးနားတိုက္စစ္မႉးဒိုင္ဘာလာကေတာ့ ေပၚတူဂီကို ခရီးႏွင္ေနပါၿပီ။ အဲဒီမွာ ေမာ္ရင္ညိဳရဲ႕႐ိုးမားအသင္း ရွိေနပါတယ္။ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းဟာ ေဆးစစ္မယ္၊ ၿပီးရင္ ေရာမသားေတြနဲ႔ပူးေပါင္းေတာ့မွာပါ။
သတင္းေတြကေတာ့ တစ္ႏွစ္ ယူ႐ို ၆ သန္းနဲ႔ ၃ ႏွစ္စာခ်ဳပ္မယ္လို႔ ေဖၚျပေနၾကပါတယ္။ တူရင္ကလပ္မွာ ၇ ႏွစ္တာက်င္လည္ခဲ့စဥ္ စကူဒက္တိုဖလား ၅ ႀကိမ္ ကိုပါအီတာလီယာဖလား ၄ ႀကိမ္ရရွိခဲ့တဲ့
ဒိုင္ဘာလာကို လိုခ်င္တဲ့အသင္းေတြမ်ားခဲ့ပါတယ္။ အထူးသျဖင့္ မႏွစ္က စီးရီးေအမွာ ဒုတိယရခဲ့တဲ့ အင္တာမီလန္ေပါ့။ ဒါေပမဲ့ လူကာကူကိုျပန္ရသြားတဲ့ အင္တာဟာ အာဂ်င္တိုင္းသားအေပၚ
စိတ္ဝင္စားမႈေလ်ာ့သြားခဲ့ၿပီး မန္ယူ၊ အာဆင္နယ္တို႔နဲ႔သတင္းထြက္ခဲ့ပါေသးတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ေရာ္နယ္ဒိုေနရာအစားဝင္လာမယ့္သူအျဖစ္ သရဲနီေတြ စိတ္ကူးယဥ္ခဲ့ၾကပါေသးတယ္။
ဒါေတြအားလုံးကို ေမာ္ရင္ညိဳက လက္ေတြ႕က်က်ေက်ာ္ျဖတ္သြားခဲ့တာပါ။ စပါယ္ရွယ္ဝမ္းဟာ ဒိုင္ဘာလာဆီ ကိုယ္တိုင္ဖုန္းဆက္ခဲ့တယ္။ သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြနဲ႔ အာဂ်င္တိုင္းသားပါဝင္ရမယ့္
အခန္းက႑ကိုရွင္းျပခဲ့တယ္။ ကစားသမားအတြက္လည္း ယူအီးအက္ဖ္ေအခ်န္ပီယံ ၅ ထပ္ကြမ္းႀကီးရဲ႕အရွိန္အဝါေအာက္မွာ မလူးသာမလြန႔္သာခဲ့ပါဘူး။
ေပၚတူဂီသားနည္းျပႀကီးဟာ သိပ္မၾကာခင္ကတင္ သူ႔လက္ေမာင္းေပၚက တက္တူးကို ကမာၻသိေအာင္ျပခဲ့ေသးတယ္ေလ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္နဲ႔ ယူ႐ိုပါကြန္ဖရင့္လိဂ္ဆိုတဲ့
ဖလား ၃ လုံးပိုင္ရွင္ တစ္ဦးတည္းေသာနည္းျပဆိုတဲ့ အထိမ္းအမွတ္တက္တူးႀကီးျပၿပီး ဒိုင္ဘာလာကိုဖ်ားေယာင္းသြားတာလားလို႔ ပရိသတ္ေတြကေနာက္ေျပာင္ေနၾကတာ ျဖစ္ပါလိမ့္မယ္။