ဇီဒန်းစတိုင်ခေါင်းတိုက်ပြီး ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာ ပထမဆုံးအနီကတ်ယူသွားခဲ့တဲ့ နူနက်ဇ်

ဒါဝင်နူနက်ဇ်ဟာ သူ့ရဲ့အန်ဖီးလ်ကစားသမားဘ၀ ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ပဲလေ့စ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိပ်မက်ဆိုးတွေမက်သွားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂျိုအာကင်အန်ဒါဆင်ကို ခေါင်းနဲ့တိုက်တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်ပြောင်းရွှေ့သွားတဲ့ မာနေးနေရာမှာ အစားထိုးဖို့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဥရုဂွေးတိုက်စစ်မှူးကို လီဗာပူးလ်တို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲကာလမှာ နူနက်ဇ်ရဲ့ခြေစွမ်းက

အတက်အကျတွေနဲ့ရောထွေးနေပြီး တစ်ခါတရံ ရင်ခုန်စရာကောင်းတဲ့ အဆုံးသတ်တွေမြင်ရသလို တစ်ခါတရံမှာလည်း ကြောက်စရာလွဲချော်မှုတွေရှိခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ အရန်ခုံကထလာတဲ့နူနက်ဇ်ဟာ

လီဗာပူးလ်အတွက်ချေပဂိုးသွင်းပေးခဲ့သလို ဆာလက်ရဲ့ဂိုးအတွက်လည်း ဖန်တီးနိုင်ခဲ့တာကြောင့် ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ဇာဟာရဲ့တစ်ကိုယ်တော်သွင်းဂိုးကြောင့် ကြိုးကြာနီတွေ ပထမပိုင်းအပြီးမှာ ၁-၀ ဂိုးနဲ့ရှုံးနိမ့်နေခဲ့ပါတယ်။

နူနက်ဇ်ကတော့ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သလို ရတဲ့အခွင့်အရေး ၂ ကြိမ်ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဒုတိယပိုင်း ၅၇ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အန်ဒါဆင်က သူ့ကိုနောက်ကနေတွန်းလိုက်တာကို ချက်ချင်းပြန်လှည့်ပြီး ပဲလေ့စ်ခံစစ်မှူးမျက်နှာကို ခေါင်းနဲ့ဆောင့်ခဲ့လို့ပါ။ လီဗာပူးလ်ဟာ ပဲလေ့စ်ကစားသမား ၅ ယောက်လောက်ကိုကျော်ဖြတ်ပြီး တိုက်စစ်မှူးလူးဝစ္စဒိုင်ယက်ဇ်

အပြင်းကန်သွင်းပေးခဲ့တဲ့ဂိုးကြောင့် တစ်မှတ်ရခဲ့ပေမယ့် နူနက်ဇ်ကိုတော့ ၃ ပွဲ ဆုံးရှုံးရတော့မှာပါ။ အထူးသဖြင့် မန်ယူနဲ့အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်ကို စတင်လွဲချော်ရတော့မှာဖြစ်ပါတယ်။

(zawgyi)

ဒါဝင္ႏူနက္ဇ္ဟာ သူ႔ရဲ႕အန္ဖီးလ္ကစားသမားဘ၀ ပထမဆုံးပြဲထြက္ခြင့္ရတဲ့ ပဲေလ့စ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ အိပ္မက္ဆိုးေတြမက္သြားခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ ဂ်ိဳအာကင္အန္ဒါဆင္ကို ေခါင္းနဲ႔တိုက္တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။

ဘိုင္ယန္ျမဴးနစ္ေျပာင္းေ႐ႊ႕သြားတဲ့ မာေနးေနရာမွာ အစားထိုးဖို႔ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဥ႐ုေဂြးတိုက္စစ္မႉးကို လီဗာပူးလ္တို႔ေခၚယူခဲ့တာျဖစ္ပါတယ္။

ရာသီႀကိဳေျခစမ္းပြဲကာလမွာ ႏူနက္ဇ္ရဲ႕ေျခစြမ္းက အတက္အက်ေတြနဲ႔ေရာေထြးေနၿပီး တစ္ခါတရံ ရင္ခုန္စရာေကာင္းတဲ့ အဆုံးသတ္ေတြျမင္ရသလို တစ္ခါတရံမွာလည္း ေၾကာက္စရာလြဲေခ်ာ္မႈေတြရွိခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာေတာ့ အရန္ခုံကထလာတဲ့ႏူနက္ဇ္ဟာ လီဗာပူးလ္အတြက္ေခ်ပဂိုးသြင္းေပးခဲ့သလို ဆာလက္ရဲ႕ဂိုးအတြက္လည္း ဖန္တီးႏိုင္ခဲ့တာေၾကာင့္ ဒီပြဲမွာ ပြဲထြက္ခြင့္ရခဲ့တာပါ။

ဒါေပမဲ့ ဇာဟာရဲ႕တစ္ကိုယ္ေတာ္သြင္းဂိုးေၾကာင့္ ႀကိဳးၾကာနီေတြ ပထမပိုင္းအၿပီးမွာ ၁-၀ ဂိုးနဲ႔ရႈံးနိမ့္ေနခဲ့ပါတယ္။ ႏူနက္ဇ္ကေတာ့ ေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့သလို ရတဲ့အခြင့္အေရး ၂ ႀကိမ္ကိုလည္း

အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ ဒုတိယပိုင္း ၅၇ မိနစ္မွာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ အန္ဒါဆင္က သူ႔ကိုေနာက္ကေနတြန္းလိုက္တာကို ခ်က္ခ်င္းျပန္လွည့္ၿပီး ပဲေလ့စ္ခံစစ္မႉးမ်က္ႏွာကို ေခါင္းနဲ႔ေဆာင့္ခဲ့လို႔ပါ။

လီဗာပူးလ္ဟာ ပဲေလ့စ္ကစားသမား ၅ ေယာက္ေလာက္ကိုေက်ာ္ျဖတ္ၿပီး တိုက္စစ္မႉးလူးဝစၥဒိုင္ယက္ဇ္ အျပင္းကန္သြင္းေပးခဲ့တဲ့ဂိုးေၾကာင့္ တစ္မွတ္ရခဲ့ေပမယ့္ ႏူနက္ဇ္ကိုေတာ့ ၃ ပြဲ ဆုံးရႈံးရေတာ့မွာပါ။ အထူးသျဖင့္ မန္ယူနဲ႔အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္ကို စတင္လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။